Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံ၏ ပဲမူဝါဒသစ်အပေါ် မြန်မာကုန်သည်များ စောင့်ကြည့်နေ

Unicode ဖြင့်ဖတ်ရန်


အိန္ဒိယနိုင်ငံ၏ ပဲမူဝါဒသစ်အပေါ် မြန်မာကုန်သည်များ စောင့်ကြည့်နေ


အိန္ဒိယနိုင်ငံက  အောက်တိုဘာ  ၃၁ရက်အထိ ပဲတင်သွင်းခွင့်ပြု ထားခြင်းကြောင့် ထိုကာလကျော်လွန်ပါက   မြန်မာ့ပဲမျိုးစုံ ဆက်လက်တင်ပို့ခွင့်  ရှိ၊ မရှိ စျေးကွက်အခြေအနေ   စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ  ပဲမျိုးစုံနှင့်  နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး  ဦးမင်းကိုဦး၏ ပြောဆိုချက်အရ သိရသည်။


''အဓိကက ပဲလိုအပ်ချက်ရှိဖို့ပါ။ ပဲကို တခြားနိုင်ငံတွေကလည်း အဝယ်ရှိနေဦးမှာပါ။အိန္ဒိယနိုင်ငံကလည်း ထပ်ပြီးတော့ လိုအပ်ချက်ရှိလာရင်  တခြားနည်းတွေနဲ့ ဝယ်တာရှိမှာပါ။ အောက်တိုဘာ ၃၁ ရက်ဆိုတာက  ရက်သတ်မှတ်ချက် တစ်ခုပါပဲ'' ဟု ဦးမင်းကိုဦး ကပြောသည်။


အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲမျိုးစုံ တင်သွင်းခွင့်ကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား ခွင့်ပြုထားသည့်အတွက်   လက်ရှိ ပဲစျေးကွက်အတွင်း စျေးနှုန်းများ မြင့်တက်လျက်ရှိသည်။

 

Tea Leaves Warehouses  လက်ဖက်ရွက်ကုန်လှောင်ရုံပေါင်း ၄၃ ခုကိုရှာရန်နှိပ်ပါ။


သို့သော် အိန္ဒိယနိုင်ငံ၏ ပဲမူဝါဒသစ် အပြောင်းအလဲသည် မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးသဖြင့် လာမည့် မိုးစပါးအပြီး စိုက်ပျိုးမည့်မတ်ပဲကို လျှော့ချစိုက်သင့်၊ မစိုက်သင့်  သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။


ယခုတစ်ပတ်အတွင်း    ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင် စျေးနှုန်းများအရ မတ်ပဲအဟောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ရဝ မှ ၄၉ဝ၊ မတ်ပဲအခွံချွတ် (အလုံးခြမ်း) တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၆၇၅ ဒေါ်လာ မှ ရဝဝ ကြား၊ မတ်ပဲအခွံပါ(အခြမ်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉ဝ မှ ၆၁ဝ ကြား၊  ပဲတီစိမ်း(အညာ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝဝ မှ ၈ဝဝ ကြား၊   ပဲတီစိမ်း(ပခုက္ကူ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ မှ ၈၃ဝ ကြား၊ ရွှေဝါ(အကြီး)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅ဝ မှ ၁ဝဝဝ ကြား၊ ရွှေဝါအခွံချွတ်(အလုံးကြီးအခြမ်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ မှ ၁ဝ၃ဝ ကြားရှိသည်။

 

Read More >>>>>  ပြောင်းဈေးနှုန်းကျဆင်းသဖြင့် ပြောင်းပွဲရုံလုပ်ငန်းများ အရောင်းအဝယ်အေး


ပဲစင်းငုံနီအသစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂ဝ မှ ၆၆ဝ ကြား၊ အဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁ဝ မှ ၆၃ဝ ကြား၊ ပဲစင်းငုံနီအဟောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆ဝ မှ ၅၈ဝ ကြား၊ အဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ရဝ မှ ၅၉ဝ ကြား   စျေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။

 

Source: Myawady

 

 


 

အိန္ဒိယနိုင်ငံက  အောက်တိုဘာ  ၃၁ရက်အထိ ပဲတင်သွင်းခွင့်ပြု ထားခြင်းကြောင့် ထိုကာလကျော်လွန်ပါက   မြန်မာ့ပဲမျိုးစုံ ဆက်လက်တင်ပို့ခွင့်  ရှိ၊ မရှိ ဈေးကွက်အခြေအနေ   စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ  ပဲမျိုးစုံနှင့်  နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး  ဦးမင်းကိုဦး၏ ပြောဆိုချက်အရ သိရသည်။



 


အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲမျိုးစုံ တင်သွင်းခွင့်ကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား ခွင့်ပြုထားသည့်အတွက်   လက်ရှိ ပဲဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

 

Tea Leaves Warehouses  လက်ဖက်ရွက်ကုန်လှောင်ရုံပေါင်း ၄၃ ခုကိုရှာရန်နှိပ်ပါ။

 



 


ယခုတစ်ပတ်အတွင်း    ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးနှုန်းများအရ မတ်ပဲအဟောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇ဝ မှ ၄၉ဝ၊ မတ်ပဲအခွံချွတ် (အလုံးခြမ်း) တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၆၇၅ ဒေါ်လာ မှ ၇ဝဝ ကြား၊ မတ်ပဲအခွံပါ(အခြမ်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉ဝ မှ ၆၁ဝ ကြား၊  ပဲတီစိမ်း(အညာ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝဝ မှ ၈ဝဝ ကြား၊   ပဲတီစိမ်း(ပခုက္ကူ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ မှ ၈၃ဝ ကြား၊ ရွှေဝါ(အကြီး)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅ဝ မှ ၁ဝဝဝ ကြား၊ ရွှေဝါအခွံချွတ်(အလုံးကြီးအခြမ်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ မှ ၁ဝ၃ဝ ကြားရှိသည်။

 

Read More >>>>>  ပြောင်းဈေးနှုန်းကျဆင်းသဖြင့် ပြောင်းပွဲရုံလုပ်ငန်းများ အရောင်းအဝယ်အေး

 


ပဲစင်းငုံနီအသစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂ဝ မှ ၆၆ဝ ကြား၊ အဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁ဝ မှ ၆၃ဝ ကြား၊ ပဲစင်းငုံနီအဟောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆ဝ မှ ၅၈ဝ ကြား၊ အဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇ဝ မှ ၅၉ဝ ကြား   ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။

 

Source: Myawady

 

 

Read times Last modified on Monday, 17 February 2020 14:59
Rate this item
(0 votes)