Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ရန်ကုန်မြို့ရဲ့ အကြီးဆုံး ညဈေးကြီး ပြုလုပ်တော့မယ့် ..... မင်းဓမ္မလမ်း " Night Market "
ရန်ကုန်မြို့ရဲ့ အကြီးဆုံး ညဈေးကြီး ပြုလုပ်တော့မယ့် .....  မင်းဓမ္မလမ်း " Night Market "
ကြုံနေကျ ညဈေးတွေနဲ့ လုံးဝမတူဘူး။  သေချာတာက... Night Out ထွက်စရာ တစ်နေရာ တိုးပြီပေါ့။
ဈေးနေရာကတော့ တော်တော်ကြီးကျယ်ပြီး ခမ်းနားပါတယ်။
-  ပေ ၃၀ အမြင့်ရှိတဲ့ မုဒ်ဦးကြီး ကနေ ဝင်ရမယ်။
-  ဆိုင်ခန်းပေါင်းက ၄၀၀ ကျော်
mindama 1
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။
-  ပွဲကွင်း အလယ် မှာ လူငယ်တွေ အကြိုက်တွေ့မယ့် Merry - Go - Round ပုံစံ တူ Bar !!!
-  ပေ ၇၀၀ ကျော်တောင် ရှည်တဲ့ မြန်မာ့ ရိုးရာ ဝါးလျှောက်လမ်း
-  Stage စင်တွေ Neon Lighting တွေ ကစားကွင်းတွေ နဲ့ တကယ်ကို ပြီးပြည့်စုံတဲ့ Night Life ကို ဖန်တီးပေးထားပါတယ်။
mindama 2
ဒီဈေးဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ...
-  Tourist Attraction ဖြစ်ဖို့ နဲ့
-  မြို့ပြ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာဖို့လို့ သိရပါတယ်။
mindama 3
ကြားသိရလောက်ဆိုရင် လာရောက်ဖွင့်လှစ်မယ့် ဆိုင်ခန်းတွေက ...
?️ နိုင်ငံတကာက နာမည်ကြီး စားသောက်ဆိုင်တွေ
?️ ပြည်တွင်းထုတ်ကုန်တွေ / ရိုးရာလက်မှု ပစ္စည်း ဆိုင်တွေ
?️ အဝတ်အထည် / လူသုံးကုန်တွေ ... အစရှိသဖြင့်
အတော်လေးကို တစ်နေရာထဲမှာ စုံလင်နေအောင် အသေအချာ စုစည်းထားပေးထားမှာဖြစ်ပါတယ်။
mindama 4
Read More >>>>>  တရုတ်နှစ်သစ်ကူး အစားအသောက်ပွဲတော်
mindama 5
နေရာကတော့ တကယ့် အချက်အချာကျတဲ့ မင်းဓမ္မရဲ့ ဒုတိယ ဗဟိုစီးပွားရေးဇုန်နေရာကြီးမှာ ( မင်းဓမ္မလမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်ပါ ) လုပ်သွားမှာ ပြုလုပ်သွားမှာပါ။
ဘော်ဘော်တွေနဲ့ မိသားစုတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သွားရ လာရ လည်ရ ပတ်ရ ကြိုက်တတ်သူတွေအတွက်တော့ နေရာအသစ်အဆန်း တစ်ခု တိုးပြီပေါ့။
mindama 7
ဆိုင်ခန်းနေရာ Rental Information တွေကလည်း သိရသလောက်ဆိုရင် နေရာနဲ့ Zone တွေ ပေါ်မူတည်ပြီး ....
-  တစ်လစာ ငှားရမ်းခက (၂) သိန်းကျပ်ကနေ (၇၅၀၀၀၀) ကျပ် ဖြင့် အမြဲတမ်း ဆိုင်ခန်းကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
-  ၃လ တော့ အနည်းဆုံး စာချုပ်ချုပ်ရမှာပါ။ (ဖွင့်ပြီးပြီးချင်း ၁၅ ရက်ကိုတော့ ငှားရမ်းခ အခမဲ့ လက်ဆောင် ပါပေးထားပါမယ်။)
ဆိုင်ခန်းတွေကို
- January 15 ရက်နေ့ မတိုင်ခင် စာချုပ်ချုပ်ရင်တော့ ငှားရမ်းခကို  (၅၀၀၀၀)တောင် လျှော့ပေးမယ်လို့ သိရတယ်။
-  မြန်မာ့ ရိုးရာ လက်မှုပစ္စည်းနဲ့ မြန်မာ့ ထွက်ကုန်တွေကိုရောင်းချမယ်ဆိုရင်တော့ အထူးလျှော့ဈေးတွေ ရှိပါတယ်။
ဆိုင်ခန်းကိစ္စများ မေးမြန်းလိုတယ် ဆိုရင်တော့ ...
☎️ ကိုရဲမင်းဖြိုး (09781044021)
☎️ ကိုဝင်းမျိုးသိန်း ( 09969349286) တို့ကို ဆက်သွယ်နိုင်ပါတယ်။
#MFID
Read More >>>>>  တရုတ်နှစ်သစ်ကူး အစားအသောက်ပွဲတော်
ဆိုင်ခန်းတွေကို
#MFID
Read times Last modified on Thursday, 30 January 2020 14:54
Rate this item
(0 votes)