Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

 Myanmar Runpu

 

နားလည်မှုစာချွှန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူတန်ချိန် (၂၅၀,၀၀၀) နှင့် ပေါင်းဆန်တန်ချိန် (၅၀,၀၀၀) အား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

 

နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စားနပ်ရိက္ခာ ဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

 

တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် (၂၀၀,၀၀၀) အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

 

၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှု စာချွန်လွှာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နောက်ထပ်(၅)နှစ် သက်တမ်းတိုးမြှင့်မည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နှစ်ဖက်ဝန်ကြီးများမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရင်းမြစ် စီးပွားကူးသန်း

MyanmarFoodIndustryGuide

Read times Last modified on Tuesday, 27 September 2022 10:34
Rate this item
(0 votes)