Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ကျွဲ နွားတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရရှိထား

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ကျွဲ၊နွား တရားဝင်တင်ပို့မှုမှ  နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ခန့် ရရှိထားကြောင်း  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်   ဒေါက်တာခင်ဇော်ထံမှ သိရသည်။

 

တရုတ်နိုင်ငံသို့ ကျွဲ ၊ နွားများ တရားဝင် တင်ပို့မှု တစ်နှစ်တာ စမ်းသပ်ကာလဖြစ်သည့် ယခုနှစ် ဇန်နဝါရီလမှ  စက်တင်ဘာလအထိ ကျွဲ၊နွား အကောင်ရေ စုစုပေါင်း ၁၅၃၆၄၃ ကောင်ကို SOP  နှင့်အညီ ထောက်ခံချက် ထုတ်ပေးကာ တင်ပို့နေခြင်း ဖြစ်သည်။

 

''တရုတ်နိုင်ငံကို ကျွဲ၊နွားတွေ တရားဝင် တင်ပို့တာကို စမ်းသပ်ဆောင်ရွက်ခဲ့တာ တစ် နှစ်နီးပါးရှိပါပြီ။စမ်းသပ်တစ်နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာသန်း ၁၅ဝ  လောက်ရှာဖွေပေးနိုင်ခဲ့ပါတယ်။ကျေး လက်နေပြည်သူတွေရဲ့ လူမှုစီးပွားရေးကို အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြုစေ ပါတယ်။ကျွဲ၊နွားတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ဆွေးနွေးနေပါ တယ်'' ဟု ဒေါက်တာခင်ဇော် ကပြောသည်။

 

ပြည်ပသို့ ကျွဲ၊ နွားများ တရားမဝင်တင်ပို့မှုများ  ပပျောက်စေရေး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂ဝ၁၇ ခုနှစ်က ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှု တရားဝင် စမ်းသပ်ကာလအဖြစ် တစ်နှစ်ခန့် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကုမ္ပဏီ တစ်ခုအနေ ဖြင့် ကျွဲ၊  နွားများ အသက်ငါးနှစ်ရှိပါက တစ်ကြိမ်လျှင် အကောင်ရေ ၁ဝဝ အထိ တင်ပို့ ရောင်းချခွင့်ပြုထားသည်။

 

''ကျွဲ၊ နွားတွေကို တရားဝင်တင်ပို့ခွင့်သာ ရမယ်ဆိုရင် တောင်သူတွေက ဒီထက်ပိုပြီး မွေးမှာပဲ။ အခုကျတော့ ကျွဲ၊ နွားတွေကို ခိုင်းဖို့လောက်ပဲ  မွေးကြတာတွေ့ရတယ်။ အခုမှ စမ်းသပ်ပြီး တင်ပို့လို့ရတာ။တင်ပို့ ခွင့်သာရမယ်ဆိုရင်  ဒီထက်ပိုပြီး  ဝင်ငွေ ပိုရမယ်။ တောင်သူတွေလည်း အကျိုးရှိမယ်။ အရင်က တရားဝင်တင်ပို့ခွင့် မရတော့ ရောင်းသူလည်း ဈေးနှိမ်ခံရတယ်။ ခိုးဝင် လမ်းကြောင်းကနေ သွားတာဖြစ်တဲ့အတွက်  နိုင်ငံတော်အတွက်  အခွန်ငွေတွေ ဆုံးရှုံး စေတယ်။ ကျွဲ၊နွားက  တရားဝင်တင်ပို့ခွင့် ရရှိသင့်ပါတယ်'' ဟု နွားရောင်းချသူ တစ်ဦး ကပြောသည်။ 

 

Source: Myawady

Read times
Rate this item
(0 votes)