Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သား ပြည်ပတင်ပိူ့မှု မလေးရှား ပိတ်ပင် စင်ကာပူ ကြက်သားအခက်ကြုံ

ကြက်သား ပြည်ပတင်ပိူ့မှု မလေးရှား ပိတ်ပင်

စင်ကာပူ ကြက်သားအခက်ကြုံ

 

မလေးရှား အစိုးရက ကြက်သား ပြည်ပတင်ပို့မှုကို ပိတ်ပင်လိုက်ပြီးသည့်နောက်တွင် အကြီးမားဆုံး ကြက်မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကြက်သားမပြတ်လပ်စေရေး ဆွေးနွေးခဲ့သည်။ 

 

စိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းများ ဝန်ကြီးက မ‌ေလးရှားမှ ထိပ်သီး မွေးမြူရေး လုပ်ငန်းရှင် ၁၂ ဦးကို အစည်းအဝေး ခေါ်ယူခဲ့ရာ  Leong Hup Poultry Farm Sdn, HLRB Broiler Farm Sdn, PWF Corporation Bhd, and the Federation of Livestock Farmers’ Association of Malaysia  တို့ ပါဝင်သည်။

 

မလေးရှားနိုင်ငံက ပြည်ပသို့ ကြက်သားတင်ပို့မှုများကို ၂၀၂၂ ဇွန်လ ၁ ရက်မှစ၍ ပိတ်ပင်မည် ဖြစ်သည်။

မလေးရှားနိုင်ငံသည် တစ်လလျှင် ကြက်ကောင်ရေ ၃.၆ သန်းကို ပြည်ပသို့ တင်ပို့သည်။

မလေးရှားနိုင်ငံက ကြက်သားတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အကျပ်အတည်း ဖြစ်ပေါ်စေနိုင်သည်။

 

စင်ကာပူ ကြက်သားတင်သွင်းမှု

စင်ကာပူနိုင်ငံမှ ၂၀၂၁ ခုနှစ်တွင် တင်သွင်းသည့် ကြက်သားများတွင် ၃၄% သည် မလေးရှားမှ တင်သွင်းနေခြင်း ဖြစ်သည်။ ကြက်အရှင်များနှင့် အအေးပေးကြက်သားတို့ကို တင်သွင်းသည်။

ဘရာဇီး (၄၉%) နှင့် အမေရိကန် (၁၂%) တို့ထံမှလည်း အဓိကအားဖြင့် တင်သွင်းသည်။

 

282860995_5181105821927635_452321050808920807_n.jpg

 

 

မလေးရှားကြက်သားကိုထိုင်း၊ ဘရူနိုင်း၊ ဂျပန်နှင့် ဟောင်ကောင်တို့သည်လည်း  တင်သွင်းကြသည်။ 

စင်ကာပူ စားနပ်ရိက္ခာဌာန  Singapore Food Agency က မလေးရှားကြက်သား ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် အအေးပေးကြက်သား ပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်ရာ အေးခဲကြက်သားကို စားသုံးကြရန် တိုက်တွန်းသည်။ ကြက်သားအစား အခြားအသား စားရန်လည်း အကြံပြုသည်။

 

 ကြက်သားတင်သွင်းသူတို့အနေဖြင့် အေးခဲကြက်သားကို အမေရိကန်နှင့် ဘရာဇီးတို့မှ မှာယူရသည်ဖြစ်ရာ မှာကြားပြီးနောက် နှစ်လဝန်းကျင် ကြာမြင့်ပြီးမှ အေးခဲအသား ကွန်တိန်နာများ ဆိုက်ရောက်ကြောင်း၊ သို့ဖြစ်ရာ လတ်တလော လိုအပ်ချက်ကို အေးခဲကြက်သားများဖြင့် အစားထိုးရန် အခက်အခဲရှိကြောင်း ပြောကြားကြပါသည်။ ထို့ပြင် ကြက်အရှင်နှင့် အအေးပေးကြက်သား တင်သွင်းခြင်းကြောင့် လတ်ဆတ်သည့် ကြက်သား ဖြစ်သဖြင့် ဝယ်ယူကြသည့် စားသုံးသူများ ရှိနေကြောင်းလည်း ၎င်းတို့က ပြောကြားကြသည်။

Read times Last modified on Wednesday, 25 May 2022 08:55
Rate this item
(0 votes)