Food & Livestock
အိန္ဒိယမှာ သောင်တင်နေတဲ့ ပဲတန်ချိန် ၁၄၀ ကျော်
မြန်မာနိုင်ငံ စိုက်ပျိုးရေးဌာနကထုတ်ပေးတဲ့ Phytosanitary Certificate ကို လုပ်ငန်းရှင်ကအတုအပပြုလုပ်ပြီး အိန္ဒိယကို ပဲတင်ပို့ခဲ့တဲ့အတွက် ပဲတန်ချိန် ၁၄၀ ကျော်လောက် တစ်ဘက်နိုင်ငံမှာ သောင်တင်နေတယ်ဆိုတဲ့ သတင်းပါ။
အစိုးရဌာနကထုတ်ပေးတဲ့လိုင်စင်တွေ Certificate တွေကိုဘာကြောင့်အတုပြုလုပ်ကြတာလဲ?
Ease of Doing Business လုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်ရင်း Trading Across Border က ကုန်သွယ်ရေး DG ကအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် ပါဝင်ဆောင်ရွက်ခဲ့ရတယ်။
Case Study မှာ ပို့ကုန်က အိန္ဒိယ ကို HS07 အုပ်စုဖြစ်တဲ့ဟင်းသီးဟင်းရွက် ပဲ တင်ပို့မှု….
သွင်းကုန်က တရုတ်က ကားအပိုပစ္စည်းတင်သွင်းမှု လုပ်ငန်းစဉ်ပေါ်မှာအခြေခံပြီး အချိန်ငွေကြေးကုန်ကျစရိတ်တွက်ချက်ရတာဖြစ်ပါတယ်။ အဲ့အချိန်က စိုက်ပျိုးရေး Phyto ထောက်ခံချက်တစ်စောင် ၇ ရက်လောက်ကြာသလို ….
ဆိပ်ကမ်းမှာ Red channel ကဘယ်တော့မှမထွက်တဲ့ ကားအပိုပစ္စည်းတွေကြောင့်ဘဲ အာဆီယံမှာ Time and Cost အများဆုံးနဲ့စံချိန်ယူခဲ့ကြရတယ််။
၂၀၁၉ ထဲမှာ Case Study ထဲမှာပါတဲ့ အဲလိုကြာချိန်ငွေကြေးတွေကိုလျော့ချဖို့ Trading Across Border အနေနဲ့စတင်လုပ်ဆောင်ခဲ့ရာမှာ ပို့ကုန်က အိန္ဒိယကို HS07 အုပ်စုဖြစ်တဲ့ဟင်းသီးဟင်းရွက် ၊ပဲ တင်ပို့မှုတွေကို အဓိကဖြေလျော့မှု (၂)ခုဆောင်ရွက်ပေးခဲ့တယ်..
ပထမတစ်ချက်က ယခင် ၇ရက်လောက်ကြာတဲ့ Phytosanitary Certificate ကိုစိုက်ပျိုးရေးက(၃) ရက်အတွင်းထုတ်ပေးဖို့သဘောတူခဲ့တယ်။
ဒုတိယတစ်ချက်က အဲ Phytosanitary Certificate ကိုအကောက်ခွန်က ဆိပ်ကမ်းရှင်းလင်းရေးမှာစစ်ဆေးရာကနေ စစ်ဆေးမှုကို ပုံမှာပါတဲ့အတိုင်း ရုံးတွင်းညွှန်ကြားလွှာအမှတ် (၂၃/၂၀၁၈) နဲ့ ဖြေလျော့ပေး လိုက်ပါ တယ်။
အဲအတွက်လုပ်ငန်းရှင်က Phytosanitary Certificate လျောက်ထားမှုနဲ့ဆိပ်ကမ်းရှင်းလင်းရေးကို တစ်ပြိုင်နက်တည်းလုပ်နိုင်ခဲ့တဲ့အတွက် (၃) ရက်အတွင်း တင်ပို့မှုအတွက်လိုအပ်တဲ့လုပ်ငန်းစဉ်အားလုံး ကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
Phytosanitary Certificate ဟာတဘက်နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်တဲ့အတွက် ပြည်တွင်းဌာန ကစစ်ဆေးခြင်း ကိုဖြေလျော့ပေးခဲ့တာဖြစ်ပါတယ်။ အဓိက ကတော့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေဖို့ အစိုးရဌာနတွေဘက်က Risk ယူပြီးဖြေလျော့ပေးခဲ့ကြတာဖြစ်ပါတယ်။
တစ်ဘက်မှာတော့လုပ်ငန်းရှင်အချို့ က ဒါကိုအခွင့်ကောင်းယူပြီး Phytosanitary Certificate အတုတွေပြုလုပ်ပြီး တဘက်နိုင်ငံကိုပို့လာကြတဲ့အတွက် မျက်နှာပျက်စရာတွေဖြစ်လာကြပါတယ်။
၂၀၀၄ ခုနှစ်ကစလို့ ကုန်သွယ်ရေးမှာ ပို့ကုန်သွင်းကုန်လိုင်စင်ကို Application စနစ်နဲ့စထုတ်ပေးတယ်.. ကြားကာလတွေမှာ လိုင်စင်ပါမစ်အတုတွေနည်းမျိုးစုံနဲ့ကြုံတွေခဲ့ဖူးပါတယ်..
၂၀၁၇ မှာ ကုန်သွယ်ရေးကထုတ်ပေးတဲ့ လိုင်စင်ပါမစ် ကို အကောက်ခွန် MACCS စနစ်နဲ့ ကညန မှတ်ပုံတင်စနစ်တို့ကို Electronic Data နဲ့စတင်ပေးပို့နိုင်ခဲ့တယ်.
အဲ့အချိန်မှာ ကားပါမစ်အတုတွေ/ ပြင်ဆင်ဖျက် လုပ်တာတွေ အများကြီးဖမ်းမိနိုင်ခဲ့တယ်။
လုပ်ငန်းရှင်ကိုယ်စားလှယ်အချို့က အရင်အတိုင်းထင်ပြီး စာရွက်ပေါ်မှာ ကားပါမစ်အတု လုပ်/မော်ဒယ်နံပါတ်တွေပြင် လုပ်သမျှ ကုန်သွယ်ရေးရဲ့ မူလလိုင်စင်ပါမစ်အချက်အလက်တွေကို ဆက်စပ်ဌာနတွေဆီ Electronic Data Integration လုပ်ထားနိုင်တဲ့အတွက် အတုအပပြု လုပ်စားတဲ့ခေတ် ပျောက်သွားခဲ့တယ်။ အချို့လည်း အချုပ်ထဲရောက် ထောင်ကျနဲ့ အတုလုပ်တဲ့အတွက်ဘ၀ပျက်ခဲ့ကြရတယ်။ဒါက အစိုးရလုပ်ငန်းတွေကို Electronic စနစ်ပြောင်းလဲနိုင်ခြင်းနဲ့ ဌာနအချင်းချင်း Data Integration လုပ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
တစ်ဘက်မှာလည်းဘဌာနတွေအနေနဲ့ မူဝါဒဖြေလျော့မှုတွေနဲ့ လိုက်လျောညီထွေတဲ့ System ပြောင်းလဲနိုင်ဖို့လိုအပ် ပါတယ်.. မဟုတ်ရင်တော့အခုလိုကိစ္စမျိုး တွေကြုံနေရမှာဖြစ်ပါတယ်။ ဥပမာ စိုက်ပျိုးရေးထောက်ခံချက် လျောက်တဲ့အချိန်မှာ လုပ်ငန်းတွေဘက်က အခက်အခဲအချို့ လည်းရှိနေပါတယ်…
စိုက်ပျိုးရေး ထောက်ခံချက်စစ်ဆေးဖို့ဌာနကိုသွင်းရတဲ့ငွေပမာဏ ထောင်ဂဏန်းသွင်းဖို့ကို လှိုင်သာယာမှာ စလစ်ယူ၊ ဘုရင်နောင်စီးပွားရေးဘဏ်သွားသွင်း၊ ကားလမ်း ယာဉ်ကြောပိတ်တာကြောင့်တစ်ရက်ကုန်တဲ့ အထိ ဖြစ်တာမျိုးလည်း ရှိနေပါတယ်။ ဒါတွေဟာလည်း သက်ဆိုင်တဲ့ဌာနတွေဘက်က Reform လုပ်ကြဖို့လိုပါတယ်…
နည်းပညာတိုးတက်တဲ့ခေတ်မှာ ပိုက်ဆံကိုတောင် အတုပြုလုပ်နိုင်တဲ့အချိန် သာမန် Certificate တစ်ခုကို အတုပြုလုပ်ဖို့က အရမ်းလွယ်ကူပါတယ်။
အခုဆိုရင် ကုန်သွယ်ရေး က ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် ရဲ့ ၈၀% ကို အွန်လိုင်းကနေထုတ်ပေးဆောင်ရွက်နေသလို ဆက်စပ်ဌာနတွေနဲ့လည်း Data Encyption စနစ်နဲ့ Data Integration လုပ်ပေးနေနိုင်ပြီဖြစ်ပါတယ်။
အကောက်ခွန့်သက်သာခွင့် (CO) Form D ဆိုရင် အွန်လိုင်းစနစ်နဲ့ထုတ်ပေးနေရုံမကဘဲ အာဆီယံနိုင်ငံတွေအထိ Data Integration လုပ်လာနိုင်တဲ့အတွက် Certificate/Documents ဆိုတာ အချက်အလက်သိရုံစာရွက်တစ်ရွက်အဆင့်သာရှိပါတော့တယ်.. ငွေကြေးပေးချေမှုအတွက်လည်း MPU eCommerce Pay /MCB eCommerce Pay စတာတွေကို လုပ်ငန်းရှင်စိတ်ကြိုက်ရွေးချယ်ပေးနေနိုင်ပြီဖြစ်ပါတယ်..ဒီလို နည်းပညာအပြောင်းလဲလုပ်ဖို့ဆိုတာလည်း စိန်ခေါ်မှုများစွာနဲ့ဌာနတွေဘက်ကလည်း ရင်ဆိုင်ပြီး လုပ်ကိုင်ခဲ့ ကြရတာပါ။
ဒီနှစ်မှာ အိန္နိယက ပဲလိုအပ်ချက်များပြီး မြန်မာပြည်ကပဲကို အများဆုံးဝယ်ယူမဲ့အချိန်မှာအခုလိုမျိုးဖြစ်တာဟာ အစိုးရအတွက်ရော လုပ်ငန်းရှင်တွေအတွက်ရော အများကြီးနစ်နာပါတယ်။အဲ့ဒီအတွက် အစိုးရဌာနတွေ အနေနဲ့လည်း ပေါ်လစီဖြေလျော့မှုတွေနဲ့လိုက်လျောညီထွေတဲ့ စနစ်ပြောင်းလဲတွေပါ တစ်ပါတည်း ပြောင်းလဲဆောင်ရွက်သင့်ပါကြောင်းနဲ့ ရေရှည်မှာ ICT နည်းပညာကသာ ဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်
Commercial News
zawgyi
အိႏၵိယမွာ ေသာင္တင္ေနတဲ့ ပဲတန္ခ်ိန္ ၁၄၀ ေက်ာ္
ျမန္မာႏိုင္ငံ စိုက္ပ်ိဳးေရးဌာနကထုတ္ေပးတဲ့ Phytosanitary Certificate ကို လုပ္ငန္းရွင္ကအတုအပျပဳလုပ္ၿပီး အိႏၵိယကို ပဲတင္ပို႔ခဲ့တဲ့အတြက္ ပဲတန္ခ်ိန္ ၁၄၀ ေက်ာ္ေလာက္ တစ္ဘက္ႏိုင္ငံမွာ ေသာင္တင္ေနတယ္ဆိုတဲ့ သတင္းပါ။
အစိုးရဌာနကထုတ္ေပးတဲ့လိုင္စင္ေတြ Certificate ေတြကိုဘာေၾကာင့္အတုျပဳလုပ္ၾကတာလဲ?
Ease of Doing Business လုပ္ငန္းစဥ္ေတြမွာပါဝင္ေဆာင္႐ြက္ရင္း Trading Across Border က ကုန္သြယ္ေရး DG ကအဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့အတြက္ ပါဝင္ေဆာင္႐ြက္ခဲ့ရတယ္။
Case Study မွာ ပို႔ကုန္က အိႏၵိယ ကို HS07 အုပ္စုျဖစ္တဲ့ဟင္းသီးဟင္း႐ြက္ ပဲ တင္ပို႔မႈ….
သြင္းကုန္က တ႐ုတ္က ကားအပိုပစၥည္းတင္သြင္းမႈ လုပ္ငန္းစဥ္ေပၚမွာအေျခခံၿပီး အခ်ိန္ေငြေၾကးကုန္က်စရိတ္တြက္ခ်က္ရတာျဖစ္ပါတယ္။ အဲ့အခ်ိန္က စိုက္ပ်ိဳးေရး Phyto ေထာက္ခံခ်က္တစ္ေစာင္ ၇ ရက္ေလာက္ၾကာသလို ….
ဆိပ္ကမ္းမွာ Red channel ကဘယ္ေတာ့မွမထြက္တဲ့ ကားအပိုပစၥည္းေတြေၾကာင့္ဘဲ အာဆီယံမွာ Time and Cost အမ်ားဆုံးနဲ႔စံခ်ိန္ယူခဲ့ၾကရတယ္္။
၂၀၁၉ ထဲမွာ Case Study ထဲမွာပါတဲ့ အဲလိုၾကာခ်ိန္ေငြေၾကးေတြကိုေလ်ာ့ခ်ဖို႔ Trading Across Border အေနနဲ႔စတင္လုပ္ေဆာင္ခဲ့ရာမွာ ပို႔ကုန္က အိႏၵိယကို HS07 အုပ္စုျဖစ္တဲ့ဟင္းသီးဟင္း႐ြက္ ၊ပဲ တင္ပို႔မႈေတြကို အဓိကေျဖေလ်ာ့မႈ (၂)ခုေဆာင္႐ြက္ေပးခဲ့တယ္..
ပထမတစ္ခ်က္က ယခင္ ၇ရက္ေလာက္ၾကာတဲ့ Phytosanitary Certificate ကိုစိုက္ပ်ိဳးေရးက(၃) ရက္အတြင္းထုတ္ေပးဖို႔သေဘာတူခဲ့တယ္။
ဒုတိယတစ္ခ်က္က အဲ Phytosanitary Certificate ကိုအေကာက္ခြန္က ဆိပ္ကမ္းရွင္းလင္းေရးမွာစစ္ေဆးရာကေန စစ္ေဆးမႈကို ပုံမွာပါတဲ့အတိုင္း ႐ုံးတြင္းၫႊန္ၾကားလႊာအမွတ္ (၂၃/၂၀၁၈) နဲ႔ ေျဖေလ်ာ့ေပး လိုက္ပါ တယ္။
ပုံ
အဲအတြက္လုပ္ငန္းရွင္က Phytosanitary Certificate ေလ်ာက္ထားမႈနဲ႔ဆိပ္ကမ္းရွင္းလင္းေရးကို တစ္ၿပိဳင္နက္တည္းလုပ္ႏိုင္ခဲ့တဲ့အတြက္ (၃) ရက္အတြင္း တင္ပို႔မႈအတြက္လိုအပ္တဲ့လုပ္ငန္းစဥ္အားလုံး ကိုေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။
Phytosanitary Certificate ဟာတဘက္ႏိုင္ငံရဲ႕ လိုအပ္ခ်က္ျဖစ္တဲ့အတြက္ ျပည္တြင္းဌာန ကစစ္ေဆးျခင္း ကိုေျဖေလ်ာ့ေပးခဲ့တာျဖစ္ပါတယ္။ အဓိက ကေတာ့ ကုန္သြယ္မႈလ်င္ျမန္ေခ်ာေမြ႕ေစဖို႔ အစိုးရဌာနေတြဘက္က Risk ယူၿပီးေျဖေလ်ာ့ေပးခဲ့ၾကတာျဖစ္ပါတယ္။
တဘက္မွာေတာ့လုပ္ငန္းရွင္အခ်ိဳ႕ က ဒါကိုအခြင့္ေကာင္းယူၿပီး Phytosanitary Certificate အတုေတြျပဳလုပ္ၿပီး တဘက္ႏိုင္ငံကိုပို႔လာၾကတဲ့အတြက္ မ်က္ႏွာပ်က္စရာေတြျဖစ္လာၾကပါတယ္။
၂၀၀၄ ခုႏွစ္ကစလို႔ ကုန္သြယ္ေရးမွာ ပို႔ကုန္သြင္းကုန္လိုင္စင္ကို Application စနစ္နဲ႔စထုတ္ေပးတယ္.. ၾကားကာလေတြမွာ လိုင္စင္ပါမစ္အတုေတြနည္းမ်ိဳးစုံနဲ႔ႀကဳံေတြခဲ့ဖူးပါတယ္..
၂၀၁၇ မွာ ကုန္သြယ္ေရးကထုတ္ေပးတဲ့ လိုင္စင္ပါမစ္ ကို အေကာက္ခြန္ MACCS စနစ္နဲ႔ ကညန မွတ္ပုံတင္စနစ္တို႔ကို Electronic Data နဲ႔စတင္ေပးပို႔ႏိုင္ခဲ့တယ္.
အဲ့အခ်ိန္မွာ ကားပါမစ္အတုေတြ/ ျပင္ဆင္ဖ်က္ လုပ္တာေတြ အမ်ားႀကီးဖမ္းမိႏိုင္ခဲ့တယ္။
လုပ္ငန္းရွင္ကိုယ္စားလွယ္အခ်ိဳ႕က အရင္အတိုင္းထင္ၿပီး စာ႐ြက္ေပၚမွာ ကားပါမစ္အတု လုပ္/ေမာ္ဒယ္နံပါတ္ေတြျပင္ လုပ္သမွ် ကုန္သြယ္ေရးရဲ႕ မူလလိုင္စင္ပါမစ္အခ်က္အလက္ေတြကို ဆက္စပ္ဌာနေတြဆီ Electronic Data Integration လုပ္ထားႏိုင္တဲ့အတြက္ အတုအပျပဳ လုပ္စားတဲ့ေခတ္ ေပ်ာက္သြားခဲ့တယ္။ အခ်ိဳ႕လည္း အခ်ဳပ္ထဲေရာက္ ေထာင္က်နဲ႔ အတုလုပ္တဲ့အတြက္ဘ၀ပ်က္ခဲ့ၾကရတယ္။ဒါက အစိုးရလုပ္ငန္းေတြကို Electronic စနစ္ေျပာင္းလဲႏိုင္ျခင္းနဲ႔ ဌာနအခ်င္းခ်င္း Data Integration လုပ္ႏိုင္ခဲ့တဲ့အတြက္ ျဖစ္ပါတယ္။
တစ္ဘက္မွာလည္းဘဌာနေတြအေနနဲ႔ မူဝါဒေျဖေလ်ာ့မႈေတြနဲ႔ လိုက္ေလ်ာညီေထြတဲ့ System ေျပာင္းလဲႏိုင္ဖို႔လိုအပ္ ပါတယ္.. မဟုတ္ရင္ေတာ့အခုလိုကိစၥမ်ိဳး ေတြႀကဳံေနရမွာျဖစ္ပါတယ္။ ဥပမာ စိုက္ပ်ိဳးေရးေထာက္ခံခ်က္ ေလ်ာက္တဲ့အခ်ိန္မွာ လုပ္ငန္းေတြဘက္က အခက္အခဲအခ်ိဳ႕ လည္းရွိေနပါတယ္…
စိုက္ပ်ိဳးေရး ေထာက္ခံခ်က္စစ္ေဆးဖို႔ဌာနကိုသြင္းရတဲ့ေငြပမာဏ ေထာင္ဂဏန္းသြင္းဖို႔ကို လႈိင္သာယာမွာ စလစ္ယူ၊ ဘုရင္ေနာင္စီးပြားေရးဘဏ္သြားသြင္း၊ ကားလမ္း ယာဥ္ေၾကာပိတ္တာေၾကာင့္တစ္ရက္ကုန္တဲ့ အထိ ျဖစ္တာမ်ိဳးလည္း ရွိေနပါတယ္။ ဒါေတြဟာလည္း သက္ဆိုင္တဲ့ဌာနေတြဘက္က Reform လုပ္ၾကဖို႔လိုပါတယ္…
နည္းပညာတိုးတက္တဲ့ေခတ္မွာ ပိုက္ဆံကိုေတာင္ အတုျပဳလုပ္ႏိုင္တဲ့အခ်ိန္ သာမန္ Certificate တစ္ခုကို အတုျပဳလုပ္ဖို႔က အရမ္းလြယ္ကူပါတယ္။
အခုဆိုရင္ ကုန္သြယ္ေရး က ပို႔ကုန္သြင္းကုန္လိုင္စင္ပါမစ္ ရဲ႕ ၈၀% ကို အြန္လိုင္းကေနထုတ္ေပးေဆာင္႐ြက္ေနသလို ဆက္စပ္ဌာနေတြနဲ႔လည္း Data Encyption စနစ္နဲ႔ Data Integration လုပ္ေပးေနႏိုင္ၿပီျဖစ္ပါတယ္။
အေကာက္ခြန္႔သက္သာခြင့္ (CO) Form D ဆိုရင္ အြန္လိုင္းစနစ္နဲ႔ထုတ္ေပးေန႐ုံမကဘဲ အာဆီယံႏိုင္ငံေတြအထိ Data Integration လုပ္လာႏိုင္တဲ့အတြက္ Certificate/Documents ဆိုတာ အခ်က္အလက္သိ႐ုံစာ႐ြက္တစ္႐ြက္အဆင့္သာရွိပါေတာ့တယ္.. ေငြေၾကးေပးေခ်မႈအတြက္လည္း MPU eCommerce Pay /MCB eCommerce Pay စတာေတြကို လုပ္ငန္းရွင္စိတ္ႀကိဳက္ေ႐ြးခ်ယ္ေပးေနႏိုင္ၿပီျဖစ္ပါတယ္..ဒီလို နည္းပညာအေျပာင္းလဲလုပ္ဖို႔ဆိုတာလည္း စိန္ေခၚမႈမ်ားစြာနဲ႔ဌာနေတြဘက္ကလည္း ရင္ဆိုင္ၿပီး လုပ္ကိုင္ခဲ့ ၾကရတာပါ။
ဒီႏွစ္မွာ အိႏၷိယက ပဲလိုအပ္ခ်က္မ်ားၿပီး ျမန္မာျပည္ကပဲကို အမ်ားဆုံးဝယ္ယူမဲ့အခ်ိန္မွာအခုလိုမ်ိဳးျဖစ္တာဟာ အစိုးရအတြက္ေရာ လုပ္ငန္းရွင္ေတြအတြက္ေရာ အမ်ားႀကီးနစ္နာပါတယ္။အဲ့ဒီအတြက္ အစိုးရဌာနေတြ အေနနဲ႔လည္း ေပၚလစီေျဖေလ်ာ့မႈေတြနဲ႔လိုက္ေလ်ာညီေထြတဲ့ စနစ္ေျပာင္းလဲေတြပါ တစ္ပါတည္း ေျပာင္းလဲေဆာင္႐ြက္သင့္ပါေၾကာင္းနဲ႔ ေရရွည္မွာ ICT နည္းပညာကသာ ဒီအခက္အခဲေတြကို ေျဖရွင္းေပးႏိုင္မွာျဖစ္ပါတယ္
Commercial News



