Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်စပါးကုန်သွယ်မှု မူဝါဒ ယခုနှစ်အတွင်း ပေါ်ထွက်ရန် အသင်းချုပ် ဆောင်ရွက်မည်

ပြည်ပတင်ပို့မှု၊ ပြည် တွင်း စားသုံးမှုတို့ကို ချိန်ဆနိုင် မည့် ဆန်စပါးကုန်သွယ်မှု မူဝါဒ ပေါ်ထွက်လာရေးကို ၂၀၁၇-၁၈ ယခုဘဏ္ဍာနှစ်တွင်

ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆန်တန်ချိန် ၁၂ သန်းကျော် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသည် ၈၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ ပြည်ပသို့ ၂၀ ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်သဖြင့် ပြည်ပ၀ယ်လို အားများလာပါက ပြည်တွင်းဆန် ဈေးနှုန်းများစွာ မြင့်တက်မှု မရှိ စေရန် ထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှုကို တိကျသည့်မူဝါဒ ရေးဆွဲထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူအချို့က ပြောသည်။

 

ဆန်စပါးကုန်သွယ်မှု မူဝါဒတွင် ပြည်တွင်းလယ်လီလက်ကား ရောင်းဝယ်မှု၊ ကုန်စည်ဒိုင်များ၏ အခန်းကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရရေး၊ ဆန်စပါးအထွက်နှုန်းတိုးမြှင့်ရေး၊ ကုန်သွယ်မှုတိုးမြှင့်လာရေး၊ ပြည်ပသို့ တင်ပို့မှုတို့ကို ထည့်သွင်းရေးဆွဲမည်ဟု သိရသည်။

 

‘‘မူဝါဒခိုင်ခိုင်မာမာရှိမှ ဆန်စပါး ကုန်သွယ်မှုက ပြည်တွင်းရော ပြည်ပမှာပါ ပိုမိုဖွံ့ဖြိုးလာနိုင်မယ်’’ဟု ဦးရဲမင်းအောင်ကပြောသည်။

 

ဆန်စပါးကုန်သွယ်မှု မူဝါဒကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က စီး ပွားကူးသန်းဝန်ကြီးဌာနနှင့် စတင်ရေးဆွဲရန် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်အ စိုးရလက်ထက်က စတင်ပြီးနောက် ယခုအစိုးရလက်ထက်တွင်လည်း ဆက်လက်ရေးဆွဲရန် အစိုးရကို အသင်းချုပ်က တိုက်တွန်းမည်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောကြားသည်။

 

‘‘မူဝါဒရှိမယ်ဆိုရင် လုပ်ရကိုင်ရတာပိုပြီး အဆင်ပြေတာပေါ့’’ ဟု ပြည်ပသို့ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးနေလင်းဇင်က ပြောသည်။

 

ယခုဘဏ္ဍာနှစ်တွင် အစိုးရ ချင်းသဘောတူညီမှုဖြင့် ပြည်ပသို့ ဆန်ရောင်းချမည့် အစီအစဉ်များ ကြောင့် မိုးစပါးပေါ်ချိန်တွင် စပါး ဈေးကောင်းရနိုင်မည့် အခြေအ နေရှိကြောင်း ပြည်ပသို့ဆန်တင် ပို့နေသည့် လုပ်ငန်းရှင်များက ခန့် မှန်းနေသည်။

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:57
Rate this item
(0 votes)