Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ငရုတ် အဝယ်များလာသဖြင့် စိုက်ပျိုးသူ များလာ

Unicode ျဖင့္ ဖတ္ရန္

ပြည်ပမှ ငရုတ် အဝယ်များလာသဖြင့် စိုက်ပျိုးသူ များလာ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာ၌ ပြည်ပမှ ငရုတ်ဝယ်ယူမှု များခြင်းကြောင့် ယခုနှစ်မိုးရာသီတွင် ငရုတ်သီးနှံ စိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်အတွင်း ပြီးခဲ့သည့် သြဂုတ်လ၌ ငရုတ်သီးခြောက် တစ်ပိဿာလျှင်ငွေကျပ် ၅၅ဝဝ နှင့် ငွေကျပ် ၆ဝဝဝ ကြား ရရှိခဲ့ပြီး လက်ရှိငရုတ်ပေါ်ချိန်တွင် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံစသည့် ပြည်ပနိုင်ငံတို့မှ ဝယ်ယူခြင်းကြောင့် ငရုတ်သီးစိမ်း   တစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝ အထိရရှိသည်။

 

''ငရုတ်စျေးကွက်က မနှစ်က ထက်စာရင် အဆင်ပြေတယ်။ ဒီနှစ်မှာဆိုရင်တော့ ငရုတ်စိုက်တောင်သူတွေ တော်တော်လေးကို တိုးလာပါတယ်။ စျေးကွက်ရဲ့အတိုင်းအတာကလည်း ခုရနေတဲ့ တစ်ပိဿာကို ငွေကျပ် ၁၃ဝဝ နဲ့  ၁၄ဝဝ အတိုင်း ပုံမှန်ရရင်တော့   ကျွန်တော်တို့ တောင်သူတွေ အဆင်ပြေတာပေါ့'' ဟု မကျည်းဘုတ်ကျေးရွာရှိ ငရုတ်စိုက် တောင်သူတစ်ဦးကပြောသည်။

 

ယခုနှစ်တွင် ငရုတ်စိုက်တောင်သူများ အနေဖြင့် ငရုတ်သီးစျေးကောင်း ရရှိခြင်းနှင့် ဝယ်လက်များပြားလာခြင်းတို့ကြောင့် စိုက်ပျိုးသူ များပြားလာသော်လည်း မျိုးစေ့ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးချိန် နောက်ကျခဲ့သည်။

 

Read More >>>>>  ထိုင္းႏုိင္ငံက လာမည့္ႏွစ္တြင္ ျမန္မာ့ေျပာင္းမ်ားကို ဝယ္ယူရန္ ကမ္းလွမ္းထား

 

ငရုတ်သီးနှံကို စတင်စိုက်ပျိုးချိန်မှ တစ်လခွဲခန့်အကြာတွင် ဆွတ်ခူးနိုင်ပြီး အသီးသီးချိန်အထိ ကုန်ကျစရိတ်မှာ ကိုယ်ပိုင်ယာမြေ ဆိုလျှင် ငွေကျပ် ၁၅ သိန်း၊ မြေငှားစိုက်ပျိုးလျှင် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ ငရုတ်သီးနှံသည် ၁၅ ရက်တစ်ကြိမ် ဆွတ်ခူးရပြီး ခြောက်လအထိ ဆွတ်ခူး၍ရကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၄ဝဝ နှင့် ၅ဝဝ ကြား ပုံမှန်ရရှိကြောင်း သိရသည်။

 

Source: Myawady

 

 

ျပည္ပမွ င႐ုတ္အဝယ္မ်ားလာသျဖင့္ စိုက္ပ်ဳိးသူမ်ားလာ

 

စစ္ကိုင္းတုိင္းေဒသႀကီး စစ္ကိုင္းခ႐ိုင္ ေျမာင္ၿမိဳ႕နယ္ မက်ည္းဘုတ္ေက်းရြာ၌ ျပည္ပမွ င႐ုတ္ဝယ္ယူမႈ မ်ားျခင္းေၾကာင့္ ယခုႏွစ္မုိးရာသီတြင္ င႐ုတ္သီးႏွံ စိုက္ပ်ဳိးသူ မ်ားျပားလာေၾကာင္း သိရသည္။

 

စစ္ကိုင္းတုိင္းေဒသႀကီး မံုရြာခ႐ိုင္ႏွင့္ ေရႊဘုိခ႐ိုင္အတြင္း ၿပီးခဲ့သည့္ ၾသဂုတ္လ၌ င႐ုတ္သီးေျခာက္ တစ္ပိႆာလွ်င္ေငြက်ပ္ ၅၅ဝဝ ႏွင့္ ေငြက်ပ္ ၆ဝဝဝ ၾကား ရရွိခဲ့ၿပီး လက္ရွိင႐ုတ္ေပၚခ်ိန္တြင္ တ႐ုတ္ႏုိင္ငံ၊ ဗီယက္နမ္ႏုိင္ငံ၊ မေလးရွားႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံစသည့္ ျပည္ပႏုိင္ငံတုိ႔မွ ဝယ္ယူျခင္းေၾကာင့္ င႐ုတ္သီးစိမ္း   တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၄ဝဝ အထိရရွိသည္။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

''င႐ုတ္ေစ်းကြက္က မႏွစ္က ထက္စာရင္ အဆင္ေျပတယ္။ ဒီႏွစ္မွာဆုိရင္ေတာ့ င႐ုတ္စိုက္ေတာင္သူေတြ ေတာ္ေတာ္ေလးကို တုိးလာပါတယ္။ ေစ်းကြက္ရဲ႕အတုိင္းအတာကလည္း ခုရေနတဲ့ တစ္ပိႆာကို ေငြက်ပ္ ၁၃ဝဝ နဲ႔  ၁၄ဝဝ အတုိင္း ပံုမွန္ရရင္ေတာ့   ကြၽန္ေတာ္တုိ႔ ေတာင္သူေတြ အဆင္ေျပတာေပါ့'' ဟု မက်ည္းဘုတ္ေက်းရြာရွိ င႐ုတ္စိုက္ ေတာင္သူတစ္ဦးကေျပာသည္။

 

ယခုႏွစ္တြင္ င႐ုတ္စိုက္ေတာင္သူမ်ား အေနျဖင့္ င႐ုတ္သီးေစ်းေကာင္း ရရွိျခင္းႏွင့္ ဝယ္လက္မ်ားျပားလာျခင္းတုိ႔ေၾကာင့္ စိုက္ပ်ဳိးသူ မ်ားျပားလာေသာ္လည္း မ်ဳိးေစ့ အခက္အခဲျဖစ္ေပၚခဲ့ၿပီး စိုက္ပ်ဳိးခ်ိန္ ေနာက္က်ခဲ့သည္။

 

Read More >>>>>  ထိုင္းႏုိင္ငံက လာမည့္ႏွစ္တြင္ ျမန္မာ့ေျပာင္းမ်ားကို ဝယ္ယူရန္ ကမ္းလွမ္းထား

 

င႐ုတ္သီးႏွံကို စတင္စိုက္ပ်ဳိးခ်ိန္မွ တစ္လခြဲခန္႔အၾကာတြင္ ဆြတ္ခူးႏုိင္ၿပီး အသီးသီးခ်ိန္အထိ ကုန္က်စရိတ္မွာ ကုိယ္ပိုင္ယာေျမ ဆုိလွ်င္ ေငြက်ပ္ ၁၅ သိန္း၊ ေျမငွားစိုက္ပ်ဳိးလွ်င္ ေငြက်ပ္ ၂၅ သိန္းခန္႔ ကုန္က်ေၾကာင္း၊ င႐ုတ္သီးႏွံသည္ ၁၅ ရက္တစ္ႀကိမ္ ဆြတ္ခူးရၿပီး ေျခာက္လအထိ ဆြတ္ခူး၍ရေၾကာင္း၊ အထြက္ႏႈန္းမွာ တစ္ဧကလွ်င္ ပိႆာ ၄ဝဝ ႏွင့္ ၅ဝဝ ၾကား ပံုမွန္ရရွိေၾကာင္း သိရသည္။

 

Source: Myawady

 

 

Read times Last modified on Thursday, 13 February 2020 08:26
Rate this item
(0 votes)