Food & Livestock



ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက် သက်တမ်း ၂ လ ထပ်တိုး

ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက် သက်တမ်း ၂ လ ထပ်တိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကမ္ဘာ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားရန် ယမန်နှစ်တွင် ယူကရိန်းဆိပ်ကမ်းများမှ ဂျုံ အပါအဝင် ကောက်ပဲသီးနှံများ ပင်လယ်နက်ကို ဖြတ်သန်းပြီး ပင်လယ်ရေကြောင်းဖြင့် သယ်ယူခွင့် ပေးရန်အတွက် တူရကီက ကြားဝင်ဆောင်ရွက်ပေးပြီး  ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက် ရရှိအောင် လုပ်ဆောင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၂၃ မေလ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။

နောက်ထပ် သက်တမ်း ၂ လ တိုးရန် သဘောတူညီချက် ရရှိကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က မေလ ၁၇ ရက်တွင် ကြေညာခဲ့သည်။ သို့ဖြစ်ရာ ဇူလိုင်လ ၁၈ ရက်အထိ သက်တမ်း ဆက်ရှိမည် ဖြစ်သည်။

.

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံရှိ ပင်လယ်နက် ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများ တင်ပို့မှု ရပ်ထားခဲ့ရသည်။ 

.

ယူကရိန်းနိုင်ငံရှိ ပင်လယ်နက်ဆိပ်ကမ်းသုံးခုမှ ကောက်ပဲသီးနှံ တင်ပို့မှုများ ပြန်လည်စတင်ရန်အတွက် တူရကီ၊ ကုလသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အစ္စတန်ဘူလ်မြို့မှာ  သဘောတူညီချက်ကို ကနဦးလက်မှတ်ရေးထိုးခဲ့သည်။

.

၎င်းသုံးနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ပူးတွဲညှိနှိုင်းရေးစင်တာကို ကုလသမဂ္ဂက အစ္စတန်ဘူလ်တွင် ထူထောင်ခဲ့ပြီး သင်္ဘောများဖြင့် တင်ပို့မှုများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။

.

ပြီးခဲ့သည့် မတ်လတွင် ရုရှားနိုင်ငံက ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက်ကို သက်တမ်း ၂ လ တိုးပေးခဲ့ပြီး ယခု နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်ခြင်း ဖြစ်ပါသည်။

Source Khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 21 May 2023 11:32
Rate this item
(0 votes)