Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
လယ်ယာကဏ္ဍအပြင် ကဏ္ဍနှစ်ခုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ခွင့်ပြု
Unicode
လယ်ယာကဏ္ဍအပြင် ကဏ္ဍနှစ်ခုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ခွင့်ပြု
လယ်ယာကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှာ ဒေါ်လာသန်း (၂၀၀) ကျော်နဲ့ ကျပ် (၂၅) ဘီလျံကျော် ရင်းနှီးမြှုုပ်နှံမယ့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင် (MIC) က
ထပ်မံခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်ရဲ့ (၁၄/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ် (၃၀) ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းနဲ့ အဖွဲ့ဝင် (၉) ဦး တက်ရောက်ခဲ့ပါတယ်။
Pulses & Beans Processing Mills ပဲနှင့်ပဲဆံအမျိုးမျိုးထုတ်လုပ်သည့်စက်ရုံပေါင်း ၂၁၃ ခုရှာရန်နှိပ်ပါ။
အဆိုပါအစည်းအဝေးမှာ လယ်ယာကဏ္ဍမှ လုပ်ငန်း (၁) ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၂) ခုနဲ့ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်း(၃) ခု စုစုပေါင်းလုပ်ငန်း (၆) ခု ခွင့်ပြုခဲ့ပါတယ်။
ရင်းနှီးမြှုုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် အဆိုပါ လုပ်ငန်းများရဲ့ ရင်းနှီးမြှုုပ်နှံမှုပမာဏမှာ ဒေါ်လာ (၂၁၄.၂၂၃) သန်းနဲ့ ကျပ် (၂၅၇၃၃) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၇၄) နေရာကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံပေါင်း (၅၀) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂) ခုမှာ ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၇၉) ခု ရင်းနှီးမြှုုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၁၂၄၉.၁၉၃) ဖြင့် ရင်းနှီးမြှုုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားပါတယ်။
Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (4.9.2019)
နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုုပ်နှံထားရှိမှုမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှုရဲ့ (၂၇.၅၉%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍမှာ  စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှုရဲ့ (၂၆.၀၇%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှုရဲ့ (၁၃.၉၄%) ဖြင့်လည်းကောင်း ရင်းနှီးမြှုုပ်နှံထားပါတယ်။
Source: DICA
လယ်ယာကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှာ ဒေါ်လာသန်း (၂၀၀) ကျော်နဲ့ ကျပ် (၂၅) ဘီလျံကျော် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က
ထပ်မံခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၁၄/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ် (၃၀) ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းနဲ့ အဖွဲ့ဝင် (၉) ဦး တက်ရောက်ခဲ့ပါတယ်။
Pulses & Beans Processing Mills ပဲနှင့်ပဲဆံအမျိုးမျိုးထုတ်လုပ်သည့်စက်ရုံပေါင်း ၂၁၃ ခုရှာရန်နှိပ်ပါ။
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် အဆိုပါ လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ (၂၁၄.၂၂၃) သန်းနဲ့ ကျပ် (၂၅၇၃၃) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၇၄) နေရာကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (4.9.2019)
နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၅၉%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍမှာ  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၆.၀၇%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၁၃.၉၄%) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါတယ်။
Source: DICA
Read times Last modified on Monday, 24 February 2020 17:44
Rate this item
(1 Vote)