Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပျစ်သီးဈေး မကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်နည်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ရွာတန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော

စပျစ်သီးများမှာ ယခုအခါဈေးကောင်းမရ၍ အမြတ်ရရှိမှု လျော့နည်းပါးကြောင်း စပျစ်စိုက်တောင်သူများထံမှ သိရပါတယ်။

 

ရွာတန်းတိုက်နယ် အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးကြသော စပျစ်မျိုးများမှာ ပန်းရောင်မျိုး၊ ဘလက်ကွင်းမျိုး၊ သီးချွန်းမျိုး၊ ဘစ်ဘလက်မျိုးနှင့် နံပါတ် ၃ အညိုမျိုးတို့ဖြစ်ပြီး အများအားဖြင့် နံပါတ် ၃ အညိုမျိုးကို အစိုက်များကြကြောင်း သိရပါတယ်။

 

''ပြာသိုလအတွင်းက ရာသီဥတုဖောက်ပြန်လို့ ဆေး၊ မြေသြဇာထပ်ထည့် ပေးရတယ်။ ဒါကြောင့် ဆေးဖိုး၊ မြေသြဇာဖိုး အရင်နှစ်က ထက်ပိုကုန်တယ်။ စပျစ်သီးဈေးကတော့ ပုံမှန်သတ်မှတ်လို့ မရဘူးပေါ့။ ဒီနှစ်စပျစ်စိုက် တောင်သူတွေ စပျစ်သီးဈေး မကောင်းတော့ ဝင်ငွေမှန်းသလောက် မရဘူးပေါ့။ ရှုံးတော့မရှုံးဘူး။ အမြတ်နည်းတာပေါ့''ဟု ရွာတန်းတိုက်နယ် ဥသျှစ်ပင်ကျေးရွာမှ စပျစ်စိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

စပျစ်စိုက်တောင်သူများမှာ စပျစ်ဈေးကွက်အမီ အသီးရရှိရန် စပျစ်ပင်ကို ကိုင်းဖြတ်ပေးရကာ ကိုင်းဖြတ်ပြီး လေးလကျော်ကြာသော် အသီးရရှိကြောင်း သိရပါတယ်။

 

လက်ရှိ စပျစ်သီးဈေးမှာ ပန်းရောင် စပျစ်မျိုး တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ ဝန်းကျင်၊ ဘစ်ဘလက်နှင့် ဘလက်ကွင်း မျိုး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ ဝန်းကျင်၊ သီးချွန်းမျိုး တစ်ပိဿာလျှင် ၁၈ဝဝ ဝန်းကျင်၊ နံပါတ် ၃ အညိုတစ်ပိဿာလျှင် ၁၅ဝဝ ဝန်းကျင်သာ ဈေးရရှိကြောင်း သိရပါတယ်။

Read 2056 times Last modified on Tuesday, 18 September 2018 14:34
Rate this item
(1 Vote)