Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

မြန်မာ့ကော်ဖီ ဈေးနှုန်းမြင့်မားနေ

>>>>>Unicode<<<<<

မြန်မာ့ကော်ဖီ ဈေးနှုန်းမြင့်မားနေ

မြန်မာ့ကော်ဖီဈေးနှုန်းမှာ  အထွက်နှုန်းနည်းပါးမှုနှင့်   ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားမှုကြောင့်  ကမ္ဘာ့ကော်ဖီဈေးကွက် ဈေးနှုန်းမြင့်မားနေကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင် ၏ ပြောဆိုချက်အရ သိရပါတယ်။

Coffee Manufacturers & Dealers ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်များ (၁၀၂) ကိုရှာရန်နှိပ်ပါ။

လတ်တလောမှာတော့ ကမ္ဘာ့ကော်ဖီ   Commercial  1kg လျှင်  အမေရိကန် ဒေါ်လာ ၂ ဒေါ်လာခန့် ရှိပြီး  Premiun   1kg လျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာခန့်ရှိကာ မြန်မာ့ကော်ဖီ 1kg လျှင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာအထိ ရှိနေကြောင်း သိရပါတယ်။

၎င်းပြင် ကမ္ဘာ့ဈေးကွက်တွင်  ကော်ဖီဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ယခုနှစ်အတွင်း  ထိုင်းနိုင်ငံမှ ထွက်ရှိတဲ့  ကော်ဖီများမှာ ဈေးနှုန်းနည်းပါးတဲ့အတွက်ကြောင့် ဈေးကွက်ရရှိနိုင်ကြောင်း သိရပါတယ်။

Read More >>>>>   အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်

ထို့ပြင် ကော်ဖီဟာ တစ်နှစ်ခြားအထွက်နှုန်း   နည်းပါးလေ့ရှိတဲ့အပြင်   ယခုနှစ် ကော်ဖီသီးပွင့်တဲ့ ရာသီချိန်အတွင်း  ရာသီဥတု အခြေအနေများကြောင့် အထွက်နှုန်း ပိုမိုနည်းပါးခဲ့ကြောင်း သိရပါတယ်။

မြန်မာ့ကော်ဖီဟာ ကမ္ဘာ့ဈေးကွက်တွင် အထူးတန်းဝင် ကော်ဖီဖြစ်သော်လည်း အထွက်နှုန်းနည်းပါးကာ ထုတ်လုပ်မှုကုန် ကျစရိတ်မြင့်မားနေတဲ့အတွက် ဈေးနှုန်းမြင့်မားနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

#MFID









>>>>>Zawgyi<<<<<

Read times Last modified on Thursday, 05 March 2020 17:19
Rate this item
(0 votes)