Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲတောင့် သန့်စင်လုပ်ငန်းမှ မိသားစု ပုံမှန်ဝင်ငွေ ရရှိနေ

Unicode

 

မြေပဲတောင့် သန့်စင်လုပ်ငန်းမှ မိသားစု ပုံမှန်ဝင်ငွေ ရရှိနေ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မင်းတည်းကုန်း၌  မြေပဲသန့်စင်သည့် လုပ်ငန်းကို  တစ်နှစ်ပတ်လုံး လုပ်ကိုင်လျက်ရှိရာ မိသားစုပုံမှန် ဝင်ငွေရရှိလျက်ရှိခြင်းကြောင့် စားဝတ်နေရေး အဆင်ပြေနေကြောင်း သိရသည်။

 

လက်ရှိတွင် ရှမ်းပြည်နယ်မှ တင်ပို့သော အရည်အသွေးမြင့် မြေပဲများကို မြေပဲပွဲရုံမှ ဝယ်ယူ၍  ရေဆေးခြင်း၊ သန့်စင်ခြင်းများ ပြုလုပ်ကာ တရုတ်ပြည်သို့ပြန်လည် တင်ပို့ကြသည်။ မြေပဲကုန်ကြမ်း အနေဖြင့် တစ်နေ့လျှင် တင်း ၁၀၀ ကျော်ကို စက်ဖြင့်ရေဆေးကာ နေလှန်းရသည်။  ၎င်းလုပ်ငန်းအတွက် နေ့စဉ်လုပ်သား ၃၀ ခန့် အသုံးပြုရသည်။

 

အမျိုးသားတစ်ဦးလျှင် နေ့စားလုပ်အားခ ငွေကျပ် ၇၀၀၀ ၊ အမျိုးသမီး တစ်ဦးလျှင် နေ့စားလုပ်အားခငွေကျပ် ၅၀၀၀ ရရှိသည်။

 

မြေပဲသန့်စင်သည့်ု လုပ်ငန်းတွင် စက်ဖြင့် ရေဆေးပြီးပါက    အခြောက်လှန်းကာ နှစ်ကြိမ်၊ သုံးကြိမ်အထိရွေး၍ အကောင်းဆုံး အရည်အသွေး ရရှိစေရန်ပြုလုပ်ကြသည်။

 

Read More >>>>>    ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

အရည်အသွေးမြင့် မြေပဲကုန်ကြမ်းများကို နောင်ချို၊ တောင်ကြီး၊ ရပ်စောက်နှင့် အခြားဒေသများမှ ဝယ်ယူသည်။  လက်ရှိကာလ မြေပဲကုန်ကြမ်း တစ်ပြည်လျှင်   ငွေကျပ်  ၁၆၀၀  ဖြင့် ဝယ်ယူကာ ပြန်လည်သန့်စင်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြသည်။

 

ပြင်ဦးလွင်မြို့နယ် အတွင်းရှိ မင်းတည်းကုန်း၊ ဝါးနက်၊ မြန်ပြည်သာကျေးရွာတို့မှ လုပ်သားများအနေဖြင့် မြေပဲသန့်စင်လုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြရာ ပုံမှန်ဝင်ငွေ ရရှိသည့်အတွက် စားဝတ်နေရေး အဆင်ပြေနေကြောင်း မြေပဲသန့်စင် လုပ်ကိုင်သူများထံမှ သိရသည်။

 

Source: Myawaddy

 

 

 

ေျမပဲေတာင့္ သန္႔စင္လုပ္ငန္းမွ မိသားစု ပံုမွန္၀င္ေငြ ရရွိေန

 

မႏၱေလးတုိင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ မင္းတည္းကုန္း၌  ေျမပဲသန္႔စင္သည့္ လုပ္ငန္းကို  တစ္ႏွစ္ပတ္လံုး လုပ္ကိုင္လ်က္ရွိရာ မိသားစုပံုမွန္ ၀င္ေငြရရွိလ်က္ရွိျခင္းေၾကာင့္ စား၀တ္ေနေရး အဆင္ေျပေနေၾကာင္း သိရသည္။

 

လက္ရွိတြင္ ရွမ္းျပည္နယ္မွ တင္ပို႔ေသာ အရည္အေသြးျမင့္ ေျမပဲမ်ားကို ေျမပဲပြဲ႐ံုမွ ၀ယ္ယူ၍  ေရေဆးျခင္း၊ သန္႔စင္ျခင္းမ်ား ျပဳလုပ္ကာ တ႐ုတ္ျပည္သို႔ျပန္လည္ တင္ပို႔ၾကသည္။ ေျမပဲကုန္ၾကမ္း အေနျဖင့္ တစ္ေန႔လွ်င္ တင္း ၁၀၀ ေက်ာ္ကုိ စက္ျဖင့္ေရေဆးကာ ေနလွန္းရသည္။  ၎လုပ္ငန္းအတြက္ ေန႔စဥ္လုပ္သား ၃၀ ခန္႔ အသံုးျပဳရသည္။

 

အမ်ဳိးသားတစ္ဦးလွ်င္ ေန႔စားလုပ္အားခ ေငြက်ပ္ ၇၀၀၀ ၊ အမ်ဳိးသမီး တစ္ဦးလွ်င္ ေန႔စားလုပ္အားခေငြက်ပ္ ၅၀၀၀ ရရွိသည္။

 

ေျမပဲသန္႔စင္သည့္ု လုပ္ငန္းတြင္ စက္ျဖင့္ ေရေဆးၿပီးပါက    အေျခာက္လွန္းကာ ႏွစ္ႀကိမ္၊ သံုးႀကိမ္အထိေရြး၍ အေကာင္းဆံုး အရည္အေသြး ရရွိေစရန္ျပဳလုပ္ၾကသည္။

 

Read More >>>>>    ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

အရည္အေသြးျမင့္ ေျမပဲကုန္ၾကမ္းမ်ားကို ေနာင္ခ်ဳိ၊ ေတာင္ႀကီး၊ ရပ္ေစာက္ႏွင့္ အျခားေဒသမ်ားမွ ၀ယ္ယူသည္။  လက္ရွိကာလ ေျမပဲကုန္ၾကမ္း တစ္ျပည္လွ်င္   ေငြက်ပ္  ၁၆၀၀  ျဖင့္ ၀ယ္ယူကာ ျပန္လည္သန္႔စင္ျခင္း လုပ္ငန္းကို လုပ္ကိုင္ၾကသည္။

 

ျပင္ဦးလြင္ၿမိဳ႕နယ္ အတြင္းရွိ မင္းတည္းကုန္း၊ ၀ါးနက္၊ ျမန္ျပည္သာေက်းရြာတို႔မွ လုပ္သားမ်ားအေနျဖင့္ ေျမပဲသန္႔စင္လုပ္ငန္းကို တစ္ႏွစ္ပတ္လံုး လုပ္ကိုင္ၾကရာ ပံုမွန္၀င္ေငြ ရရွိသည့္အတြက္ စား၀တ္ေနေရး အဆင္ေျပေနေၾကာင္း ေျမပဲသန္႔စင္ လုပ္ကိုင္သူမ်ားထံမွ သိရသည္။

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 16:51
Rate this item
(0 votes)