Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်ဈေးနှုန်း ဇန်နဝါရီတွင် မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ ဖော်ပြ

ပြည်တွင်းစားသောက် ကုန်ဈေးနှုန်းသည် ၂၀၁၈ ဇန်န ဝါရီတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းဖြင့်

အလျင်အမြန်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ဧပြီ၌ ထုတ်ပြန် သည့် ‘အရှေ့အာရှနှင့် ပစိဖိတ် ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အစီရင်ခံစာ’ ၌ ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာသုံးသပ်ချက်တွင် ထိုသို့ဖော်ပြထားပြီး ပြည်တွင်း စားသောက်ကုန်ဈေးနှုန်းသည် ၂၀၁၇ ဒီဇင်ဘာ၌ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်နေရာမှ ၂၀၁၈ ဇန်နဝါရီတွင် အထက်ပါ ရာခိုင်နှုန်းအတိုင်း အလျင်အမြန် မြင့်တက်လာကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

 

ထို့အပြင် ပြည်တွင်းစက်သုံး ဆီဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့် တက်ခြင်းကြောင့် စားသောက် ကုန်မဟုတ်သည့် လူသုံးကုန်များ သည် ၂၀၁၈ ဇန်နဝါရီတွင် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

 

သို့သော် ပြည်တွင်း ငွေလဲ နှုန်းတည်ငြိမ်လာခြင်းကြောင့် ပို့ ကုန်လုပ်ငန်းအပေါ် သက်ရောက် မှုကောင်းသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ဆီဈေးနှင့် စားသောက် ကုန် မြင့်တက်ခြင်းနှင့် ဗဟိုဘဏ်၏ ဘဏ္ဍာရေးလိုငွေပြမှုကြောင့် ၂၀၁၇-၁၈ ဒုတိယနှစ်ဝက်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ အ နည်းဆုံးခကြေးငွေသတ်မှတ်ရန် ပြင်ဆင်ခြင်းက ကုန်ကျစရိတ် ပိုမိုများလာစေသည်ဟု ဆိုထား သည်။

 

‘‘ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ် တတ်ပါတယ်။ ၂၀၁၀ လောက် မှာ ဗီယက်နမ်မှာလည်း ဖြစ်ဖူးပါ တယ်။ ဒါပေမဲ့ သူတို့က ဝင်ငွေ ကောင်းတဲ့သူတွေများတော့ ထိခိုက်မှုနည်းခဲ့ပါတယ်။ မြန်မာမှာတော့ ဆင်းရဲသားတွေများတော့ ခံရတာပါ’’ ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ ဒေါက်တာသီတာကြူက ကုန်ဈေးနှုန်း အလျင်အမြန်မြင့်တက်ခြင်းနှင့် ပတ်သက်၍ ပြောသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက် နှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၈-၁၉ ၌ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။ ၂၀၁၉-၂၀ တွင် ၇ ရာခိုင်နှုန်းရှိ မည်ဟု ဆိုသည်။

 

 လာမည့် ဘဏ္ဍာနှစ်တွင် ကျေးလက်နေ ပြည်သူများအ တွက် စိုက်ပျိုးကဏ္ဍနှင့် မြို့ပြနေပြည်သူများအတွက် ဝန်ဆောင်မှုကဏ္ဍကို အလျင်အမြန်တိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ စီးပွားရေးကောင်းမွန်လာပြီး မညီ  မျှမှုများကို လျှော့ချနိုင်မည်ဟု အကြံပြုထားသည်။

 

နိုင်ငံအတွင်း အဓိကစိန်ခေါ် မှုများသည် ရခိုင်ပဋိပက္ခ၊ ဘဏ် လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး မိတ်ဖက်နိုင်ငံများမှ ဝယ်လိုအား မတည်ငြိမ်ခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:17
Rate this item
(1 Vote)