Food & Livestock
ဘေဂျင်းမြို့တော်ရှိ စူပါမားကက်များ ဆော်လမွန်ငါး ရောင်းခြင်း အရေးပေါ်ရပ်ဆိုင်း
ဘေဂျင်းမြို့တော်ရှိ Carrefour နှင့် Wumart အပါအဝင် အဓိကစူပါမားကက်များက
ဆော်လမွန်ငါးများရောင်းချခြင်းကို အရေးပေါ် ရပ်ဆိုင်းလိုက်သည်။
အကြောင်းမှာ ဘေဂျင်းရှိ လက်ကားဈေးကြီး Xinfadi စျေးရှိ ဆော်လမွန်ငါး လက်ကားရောင်းသူများ အသုံးပြုသော စင်းနီတုံးများပေါ်တွင် Coronavirus စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
ဗိုင်းရပ်စ် ပညာရှင်များက Coronavirus သည် ငါးမှတစ်ဆင့် လူသို့ ကူးစက်နိုင်ခြင်း မရှိကြောင်း ပြောဆိုသော်လည်း ကြောက်ရွံ့ စိုးရိမ်မှုများ ပပျောက်မသွားချေ။
မြို့တော်တွင် ဆော်လမွန် ရောင်းချခြင်း မရှိသည့်အပြင် ပင်လယ်စာဆိုင်များစွာကိုလည်း ပိတ်ထားကြသည်။ လူအများတို့သည် ဆော်လမွန်၊ အသားနှင့်အခြားပင်လယ်စာများကို ဝယ်ရန်မဝံ့မရဲဖြစ်နေသည်။
Chaoyang ခရိုင်ရှိ Alibaba ၏ Hema Fresh စူပါမားကတ်ဌာနခွဲ၏ ပင်လယ်စာကဏ္ဍတွင် ဝယ်သူအရေအတွက်နည်းပါးနေပြီး ဆော်လမွန်ငါး ရောင်းဝယ်ခြင်း မရှိတော့ချေ။
Chaoyang ရှိ Shilipu ဧရိယာအနီးရှိအခြား Hema Fresh ရှိအလုပ်သမားတစ် ဦး က Global Time ကိုပြောကြားရာတွင် သူတို့၏ဆော်လမွန်သည် Xinfadi စျေးကွက်မှ ရယူခြင်းမဟုတ်ကြောင်းနှင့် ဝယ်ယူလိုပါက သူတို့၏အွန်လိုင်း app မှတစ်ဆင့် ငါးများကို မှာယူနိုင်ဆဲဖြစ်သည်။
၁၃ရက်နေ့ အစောပိုင်းက ဘေဂျင်းရှိ Walmart တွင်ဆော်လမွန်ငါးများကိုလည်း ရရှိနိုင်ခဲ့သော်လည်း စားသောက်ကုန်နှင့် ဆေးဝါးစီမံခန့်ခွဲမှုမှဝန်ထမ်းများသည် စူပါမားကက်သို့ရောက်ရှိလာပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် အခြားအချက်အလက်များကို မှတ်တမ်းရယူသည်။
စျေးဝယ်သူများက စူပါမားကက်လုပ်သားများအား ဆော်လမွန်နှင့် အသားများ၏ ရယူရာ မူလနေရာနှင့် ဘေးကင်းမှုအကြောင်း မေးမြန်းကြသည်။
ဆော်လမွန်ငါးများ၏ စိတ်ချရမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသဖြင့် ဘေဂျင်းတွင် နေထိုင်သူများတွင် မကြာသေးမီကမှ ဆော်လမွန် စားခဲ့သူများသည် ရောဂါကူးစက်ခံရမည်ဟု ပူပန်ကြသည်။
ပေကျင်းဒေသခံ Fan Jingli က“ ကျွန်မ ဆူရှီစားသောက်ဆိုင်မှာ ဆော်လမွန်ငါး စားခဲ့တယ်။ အဲဒါကြောင့် coronavirus ကူးခံရခြင်း ဟုတ်မဟုတ် သိရဖို့ nucleic acid ဆေးစစ်ခံဖို့ စဉ်းစားနေတယ်" ဟု ပြောသည်။
ပေကျင်းရှိ ဆူရှီစားသောက်ဆိုင် အတော်များများက သူတို့၏ စီးပွားရေးလုပ်ငန်းများသည် ထိခိုက်နစ်နာမှုရှိကြပြီး ၎င်းတို့၏ menus များမှာ ဆော်လမွန်ကို ဖယ်ရှားပေးထားသည်။
ပေကျင်းရှိ Haidian ခရိုင်ရှိ Chaoshifa စျေးတွင် ဆော်လမွန် ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဆိုင်ခြွများတွင် ၈၀ ရာခိုင်နှုန်းသည် နော်ဝေးမှ တင်သွင်းသော ဆော်လမွန်ငါးများကို ရောင်းခဲ့ကြသည်။ Chaoshifa Market သည် Haidian ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီ းမြို့တော်တွင် ဆိုင်ခွဲ ၅၂ ခုရှိသည်။
တရုတ်သည်နှစ်စဉ် အေးခဲထားသည့် ဆော်လမွန်တန်ချိန် ၈၀,၀၀၀ ခန့်ကို ပြည်ပမှ တင်သွင်းသည်။ ချီလီ၊ နော်ဝေး၊ ဖာရိုးကျွန်းများ၊ သြစတြေးလျနှင့်ကနေဒါတို့သည် ဆော်လမွန်တင်သွင်းမှု၏ အဓိကအရင်းအမြစ်များဖြစ်ပြီး ဆော်လမွန်တင်သွင်းမှုပမာဏသည် တစ်နှစ်ပြီးတစ်နှစ်တိုးပွားလာကြောင်း Jiemian.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၁၂ ရက်နေ့ တွင် coronavirus ကို Xinfadi စျေး၌ ပြည်ပမှ တင်သွင်းသော ဆော်လမွန်ငါးရောင်းသူမှအသုံးပြုသော စင်းနီတုံးများပေါ်တွင် တွေ့ရှိခဲ့သည်။ စင်းနီတုံးများသည် coronavirus နှင့် မည်သို့ထိတွေ့ခဲ့သည်ကို ယခုထိ မသိရသေးပါ။
ဂွမ်ဒေါင်းပြည်နယ်ရှိ အဏ္ဏဝါရောဂါနှင့်ထိန်းချုပ်မှုကို စောင့်ကြည့်လေ့လာသည့်အဖွဲ့၏ သိပ္ပံပညာရှင် Lin Li က လတ်ဆတ်သော ဆော်လမွန်ငါးမျိုးသည် သမုဒ္ဒရာအတွင်း နေထိုင်သောကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းသည် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အေးခဲထားသော ဆော်လမွန်ငါးများတွင်လည်း coronavirus ရှိမနေနိုင်ချေ။ coronavirus သည် ရှင်သန်နေသော ဆဲလ်များတွင်သာ တည်ရှိနိုင်သည်ဟု ဆိုသည်။
သယ်ယူပို့ဆောင်ရေး သို့မဟုတ် ထုပ်ပိုးစဉ်အတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသောရေကြောင့် ဆော်လမွန်လှီးခုတ်သည့် စင်းနီတုံးများတွင် coronavirus တွေ့ရခြင်း ဖြစ်နိုင်သည်ဟု ၎င်းးကပြောသည်။
coronavirus သည် အသက်ရှူလမ်းကြောင်းကို ဆိုးကျိုးသက်ရောက်သည်။ လေထဲ အသက်ရှူသည့် ငါးအချို့မှအပ ငါးများတွင် အဆုတ်မပါဘဲ ပါးဟက်များရှိသည့်အတွက် ဗိုင်းရပ်စ်ပိုး မကူးစက်နိုင်ပါ။
ဆော်လမွန်နှင့် အခြားပင်လယ်စာများသည် coronavirus ၏ အိမ်ရှင် မဖြစ်နိုင်သဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း မရှိပါ။ ငါးမှလူသို့ ကူးစက်နိုင်သောဗိုင်းရပ်စ်ရောဂါများ မျှဝေနိုင်ခြင်း မရှိကြောင်း ဗိုင်းရပ်စ်ရောဂါဗေဒပညာရှင်က yicai.com သတင်းဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
သို့သော် ဆော်လမွန် ခုတ်ထစ်လှီးဖြတ်သည့် စင်းနီတုံးတွင် ပိုးရှိနေရသည့် အကြောင်းရင်းကို မသိရသေးသည့်အတွက် ကျွမ်းကျင်သူများက လူများအား ဆော်လမွန်ငါးကို မစားရန် အကြံပြုထားသည်။
ေဘဂ်င္းၿမိဳ႕ေတာ္ရွိ Carrefour ႏွင့္ Wumart အပါအဝင္ အဓိကစူပါမားကက္မ်ားက
ေဆာ္လမြန္ငါးမ်ားေရာင္းခ်ျခင္းကို အေရးေပၚ ရပ္ဆိုင္းလိုက္သည္။
အေၾကာင္းမွာ ေဘဂ်င္းရွိ လက္ကားေဈးႀကီး Xinfadi ေစ်းရွိ ေဆာ္လမြန္ငါး လက္ကားေရာင္းသူမ်ား အသုံးျပဳေသာ စင္းနီတုံးမ်ားေပၚတြင္ Coronavirus စစ္ေဆးေတြ႕ရွိခဲ့ေသာေၾကာင့္ ျဖစ္သည္။
ဗိုင္းရပ္စ္ ပညာရွင္မ်ားက Coronavirus သည္ ငါးမွတစ္ဆင့္ လူသို႔ ကူးစက္ႏိုင္ျခင္း မရွိေၾကာင္း ေျပာဆိုေသာ္လည္း ေၾကာက္႐ြံ႕ စိုးရိမ္မႈမ်ား ပေပ်ာက္မသြားေခ်။
ၿမိဳ႕ေတာ္တြင္ ေဆာ္လမြန္ ေရာင္းခ်ျခင္း မရွိသည့္အျပင္ ပင္လယ္စာဆိုင္မ်ားစြာကိုလည္း ပိတ္ထားၾကသည္။ လူအမ်ားတို႔သည္ ေဆာ္လမြန္၊ အသားႏွင့္အျခားပင္လယ္စာမ်ားကို ဝယ္ရန္မဝံ့မရဲျဖစ္ေနသည္။
Chaoyang ခ႐ိုင္ရွိ Alibaba ၏ Hema Fresh စူပါမားကတ္ဌာနခြဲ၏ ပင္လယ္စာက႑တြင္ ဝယ္သူအေရအတြက္နည္းပါးေနၿပီး ေဆာ္လမြန္ငါး ေရာင္းဝယ္ျခင္း မရွိေတာ့ေခ်။
Chaoyang ရွိ Shilipu ဧရိယာအနီးရွိအျခား Hema Fresh ရွိအလုပ္သမားတစ္ ဦး က Global Time ကိုေျပာၾကားရာတြင္ သူတို႔၏ေဆာ္လမြန္သည္ Xinfadi ေစ်းကြက္မွ ရယူျခင္းမဟုတ္ေၾကာင္းႏွင့္ ဝယ္ယူလိုပါက သူတို႔၏အြန္လိုင္း app မွတစ္ဆင့္ ငါးမ်ားကို မွာယူႏိုင္ဆဲျဖစ္သည္။
၁၃ရက္ေန႔ အေစာပိုင္းက ေဘဂ်င္းရွိ Walmart တြင္ေဆာ္လမြန္ငါးမ်ားကိုလည္း ရရွိႏိုင္ခဲ့ေသာ္လည္း စားေသာက္ကုန္ႏွင့္ ေဆးဝါးစီမံခန႔္ခြဲမႈမွဝန္ထမ္းမ်ားသည္ စူပါမားကက္သို႔ေရာက္ရွိလာၿပီး ထုတ္လုပ္သည့္ ရက္စြဲႏွင့္ အျခားအခ်က္အလက္မ်ားကို မွတ္တမ္းရယူသည္။
ေစ်းဝယ္သူမ်ားက စူပါမားကက္လုပ္သားမ်ားအား ေဆာ္လမြန္ႏွင့္ အသားမ်ား၏ ရယူရာ မူလေနရာႏွင့္ ေဘးကင္းမႈအေၾကာင္း ေမးျမန္းၾကသည္။
ေဆာ္လမြန္ငါးမ်ား၏ စိတ္ခ်ရမႈႏွင့္ ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာသျဖင့္ ေဘဂ်င္းတြင္ ေနထိုင္သူမ်ားတြင္ မၾကာေသးမီကမွ ေဆာ္လမြန္ စားခဲ့သူမ်ားသည္ ေရာဂါကူးစက္ခံရမည္ဟု ပူပန္ၾကသည္။
ေပက်င္းေဒသခံ Fan Jingli က“ ကြၽန္မ ဆူရွီစားေသာက္ဆိုင္မွာ ေဆာ္လမြန္ငါး စားခဲ့တယ္။ အဲဒါေၾကာင့္ coronavirus ကူးခံရျခင္း ဟုတ္မဟုတ္ သိရဖို႔ nucleic acid ေဆးစစ္ခံဖို႔ စဥ္းစားေနတယ္" ဟု ေျပာသည္။
ေပက်င္းရွိ ဆူရွီစားေသာက္ဆိုင္ အေတာ္မ်ားမ်ားက သူတို႔၏ စီးပြားေရးလုပ္ငန္းမ်ားသည္ ထိခိုက္နစ္နာမႈရွိၾကၿပီး ၎တို႔၏ menus မ်ားမွာ ေဆာ္လမြန္ကို ဖယ္ရွားေပးထားသည္။
ေပက်င္းရွိ Haidian ခ႐ိုင္ရွိ Chaoshifa ေစ်းတြင္ ေဆာ္လမြန္ ေရာင္းခ်ျခင္းကို ရပ္ဆိုင္းခဲ့သည္။ ဆိုင္ႁခြမ်ားတြင္ ၈၀ ရာခိုင္ႏႈန္းသည္ ေနာ္ေဝးမွ တင္သြင္းေသာ ေဆာ္လမြန္ငါးမ်ားကို ေရာင္းခဲ့ၾကသည္။ Chaoshifa Market သည္ Haidian ရွိ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ၿပီ းၿမိဳ႕ေတာ္တြင္ ဆိုင္ခြဲ ၅၂ ခုရွိသည္။
တ႐ုတ္သည္ႏွစ္စဥ္ ေအးခဲထားသည့္ ေဆာ္လမြန္တန္ခ်ိန္ ၈၀,၀၀၀ ခန႔္ကို ျပည္ပမွ တင္သြင္းသည္။ ခ်ီလီ၊ ေနာ္ေဝး၊ ဖာ႐ိုးကြၽန္းမ်ား၊ ၾသစေၾတးလ်ႏွင့္ကေနဒါတို႔သည္ ေဆာ္လမြန္တင္သြင္းမႈ၏ အဓိကအရင္းအျမစ္မ်ားျဖစ္ၿပီး ေဆာ္လမြန္တင္သြင္းမႈပမာဏသည္ တစ္ႏွစ္ၿပီးတစ္ႏွစ္တိုးပြားလာေၾကာင္း Jiemian.com သတင္းဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။
၁၂ ရက္ေန႔ တြင္ coronavirus ကို Xinfadi ေစ်း၌ ျပည္ပမွ တင္သြင္းေသာ ေဆာ္လမြန္ငါးေရာင္းသူမွအသုံးျပဳေသာ စင္းနီတုံးမ်ားေပၚတြင္ ေတြ႕ရွိခဲ့သည္။ စင္းနီတုံးမ်ားသည္ coronavirus ႏွင့္ မည္သို႔ထိေတြ႕ခဲ့သည္ကို ယခုထိ မသိရေသးပါ။
ဂြမ္ေဒါင္းျပည္နယ္ရွိ အဏၰဝါေရာဂါႏွင့္ထိန္းခ်ဳပ္မႈကို ေစာင့္ၾကည့္ေလ့လာသည့္အဖြဲ႕၏ သိပၸံပညာရွင္ Lin Li က လတ္ဆတ္ေသာ ေဆာ္လမြန္ငါးမ်ိဳးသည္ သမုဒၵရာအတြင္း ေနထိုင္ေသာေၾကာင့္ ဗိုင္းရပ္စ္ပိုးကူးစက္ျခင္းသည္ မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ ေအးခဲထားေသာ ေဆာ္လမြန္ငါးမ်ားတြင္လည္း coronavirus ရွိမေနႏိုင္ေခ်။ coronavirus သည္ ရွင္သန္ေနေသာ ဆဲလ္မ်ားတြင္သာ တည္ရွိႏိုင္သည္ဟု ဆိုသည္။
သယ္ယူပို႔ေဆာင္ေရး သို႔မဟုတ္ ထုပ္ပိုးစဥ္အတြင္း ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေသာေရေၾကာင့္ ေဆာ္လမြန္လွီးခုတ္သည့္ စင္းနီတုံးမ်ားတြင္ coronavirus ေတြ႕ရျခင္း ျဖစ္ႏိုင္သည္ဟု ၎းကေျပာသည္။
coronavirus သည္ အသက္ရႉလမ္းေၾကာင္းကို ဆိုးက်ိဳးသက္ေရာက္သည္။ ေလထဲ အသက္ရႉသည့္ ငါးအခ်ိဳ႕မွအပ ငါးမ်ားတြင္ အဆုတ္မပါဘဲ ပါးဟက္မ်ားရွိသည့္အတြက္ ဗိုင္းရပ္စ္ပိုး မကူးစက္ႏိုင္ပါ။
ေဆာ္လမြန္ႏွင့္ အျခားပင္လယ္စာမ်ားသည္ coronavirus ၏ အိမ္ရွင္ မျဖစ္ႏိုင္သျဖင့္ ဗိုင္းရပ္စ္ပိုးကူးစက္ခံရျခင္း မရွိပါ။ ငါးမွလူသို႔ ကူးစက္ႏိုင္ေသာဗိုင္းရပ္စ္ေရာဂါမ်ား မွ်ေဝႏိုင္ျခင္း မရွိေၾကာင္း ဗိုင္းရပ္စ္ေရာဂါေဗဒပညာရွင္က yicai.com သတင္းဝက္ဘ္ဆိုက္တြင္ ေျပာၾကားခဲ့သည္။
သို႔ေသာ္ ေဆာ္လမြန္ ခုတ္ထစ္လွီးျဖတ္သည့္ စင္းနီတုံးတြင္ ပိုးရွိေနရသည့္ အေၾကာင္းရင္းကို မသိရေသးသည့္အတြက္ ကြၽမ္းက်င္သူမ်ားက လူမ်ားအား ေဆာ္လမြန္ငါးကို မစားရန္ အႀကံျပဳထားသည္။



