Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်

>>> Unicode <<<<

အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦး ဦးဆောင်၍ ပြည်ပငါးနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူး ငါးဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထူထောင်ထားသည့် Global Earth Agro & Aqua Public Co;Ltd မှ ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrade Food Industry Complex စီမံကိန်းသို့ မြန်မာနိုင်ငံ ကုန် သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်လေ့လာခဲ့ကြသည်။


အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝါးခယ်မ-ရွှေလောင်း လမ်းမကြီးဘေးတွင် တည်ရှိပြီး စုစုပေါင်း စီမံကိန်းမြေဧက ၃၆၀ဝ ထဲမှ ပထမအဆင့် မြေဧက ၉၀ဝ ပေါ်တွင် တည်ဆောက်လုပ်ကိုင်နေ ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီမှ ငါးအစာထုတ်လုပ်ခြင်း၊ ငါးမွေးမြူခြင်း၊ အေးခဲခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


Foodstuffs ရေထွက်ပစ္စည်းများ ၁၁၁၈ ခုကို ရှာရန်နှိပ်ပါ။


ယခုအခါ ခေတ်မီငါးအစာစက်ရုံ၊ အခြောက်ခံစက်ရုံများ၊ ခေတ်မီ ငါးသားပေါက်မွေးမြူရေးစခန်းများ၊ အသင့်စားသုံးရန် ထုပ်ပိုးမှုစက်ရုံများ အသားတိုး ငါးမွေးကန်များ၊ ငါးပြုပြင်ထုတ်လုပ်သည့် စက်ရုံနှင့် အေးခဲသိုလှောင်ရုံများ၊ ငါးရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၊ ငါးအစာနှင့် ကုန်ကြမ်းသိုလှောင်ရုံများ၊ ထွက်ရှိသည့် ငါးကုန်ချောများ၏ အရည်အသွေးကို စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ လုပ်သားများနေထိုင်ရာ အိမ်ရာများ ပါဝင်မည်ဖြစ်သည်။


ထို့ပြင် အခန်း (၁၀ဝ) ပါ ဟိုတယ်တစ်ခုနှင့် အပန်းဖြေနိုင်ရန် နေရာတစ်ခုကိုပါ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးမြင့်က လိုက်လံရှင်းလင်းပြသခဲ့သည်။ အစာထုတ်လုပ်ခြင်း ငါးသား ဖောက်ခြင်းမှအစ ထွက်ရှိလာသော ကုန်ပစ္စည်းအပေါ် Zero Waste စွန့်ပစ်ပစ္စည်းမရှိသည်အထိ လုပ်ငန်းစဉ်များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စတင်မွေးမြူသည်မှ ကုန်ချောကို ထုတ်လုပ်သည်အထိ တစ်နေရာတည်းတွင် စုစည်းလုပ်ဆောင်ထားသည့် စီမံကိန်းဖြစ်ကာ လက်ရှိတွင် အလုပ်အကိုင် ၂၀ဝ၀ ကျော်ဖန်တီးပေးနေပြီး စီမံကိန်းပြီးစီးသွားမည့် နောက်ငါးနှစ်အတွင်း အလုပ်အကိုင် ၇၀ဝ၀ ကျော် ဖန်တီးပေးနိုင်ကာ ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော်ရှိမည်ဖြစ်သဖြင့် အရှေ့တောင်အာရှတွင် အကြီးမားဆုံးငါးမွေးမြူရေး စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။


တစ်နေ့ ကုန်ထုတ်လုပ်မှု တန်ချိန် ၁၆၀ဝ ရှိမည့် အဆင့်မြင့်ငါးစာစက်ရုံကိုလည်း တည်ဆောက်လျက်ရှိပြီး ကုန်ကြမ်းတစ်ချိန် ငါးသောင်း၊ ကုန်ချောတန်ချိန် လေးထောင်ခန့် သိုလှောင်နိုင်မည့် အဆောက်အအုံများလည်း ပါဝင်မည်ဖြစ်ကာ စက်ရုံအတွက် လိုအပ်သော ပဲပုပ်ဖတ်၊ ပဲဖတ်၊ ဖွဲနု၊ ဂျုံဖွဲ အစရှိသည့် ကုန်ကြမ်းများ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းမှ ဝယ်ယူအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


စီမံကိန်းဇုန်ကြီးအတွင်း ငါးသားဖောက်စခန်းများကိုလည်း တည်ဆောက်လျက်ရှိပြီး နာရီပိုင်းအတွင်း ကန်မှငါးကို စက်ရုံသို့ ရောက်ရှိထုပ်ပိုးနိုင်သည့်အဆင့်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်ရုံအတွက် ရေကို ဧရာဝတီမြစ်နှင့် ရွှေလောင်းမြစ်တို့မှ ရယူအသုံးပြုမည်ဖြစ်ပြီး ရေသန့်စင်စနစ်များကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ လုပ်ဆောင်ထားကြောင်း သိရသည်။ ယင်းစီမံကိန်းတွင် ငါးတန်ကို တစ်နှစ်ပတ်လုံး မျိုးဖောက်သွားပြီး မွေးမြူရေးလုပ်ငန်းစဉ်အလိုက် အဆင့်မြင့် မွေးမြူနိုင်ရန် ငါးမွေးကန်၊ ရေဆိုးထုတ်မြောင်းနှင့် အလိုအလျောက် အစာကျွေးစနစ်တို့ကို ထည့်သွင်းလုပ်ဆောင်နေကြောင်း သိရှိရသည်။


Read More >>>    ဆီးပျားရည်များ တရုတ်နိုင်ငံမှ အဝယ်မရှိတဲ့အတွက် စုပုံနေ


တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ဈေးကွက်ရရှိသော နိုင်ငံတကာမှ စားသုံးနေတဲ့ ငါးတန် ငါးအမျိုးအစားကို အဓိကထား မွေးမြူထားသောကြောင့် ဈေးကွက်မှာလည်း သေချာမှုရှိပြီး အရည်အသွေးအရလည်း စိတ်အချရဆုံးနှင့် အကောင်းဆုံးဖြစ်မည့် သန့်ရှင်းလတ်ဆတ်ပြီး စိတ်ချယုံကြည်ရသည့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ (Fresh, Clean,Safe and Healthy Food) ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrated Food Industry Complex စီမံကိန်းသည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းကို GLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITED မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အမှတ် ၁၄၁/၂၀၁၉ ဖြင့် ဆောင်ရွက်လျက်ရှိပြီး အများပိုင်ကုမ္ပဏီအဖြစ် အကောင်အထည်ဖော်ကာ ၂၀၂၁ ပြည့်နှစ်ထဲတွင် အားလုံးပြီးစီးလည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


အထက်ပါ စီမံကိန်းပြီးစီးပါက ဒေသတွင်း လုပ်သားဦးရေ သောင်းနဲ့ချီ အလုပ်အကိုင်အခွင့် အလမ်းများရရှိမည်ဖြစ်ပြီး ယင်းစီမံကိန်းမှာ နိုင်ငံတကာအဆင့်မီသည့် ငါးမွေးမြူထုတ်လုပ်မှုနေ့စဉ် တန်ချိန် ၅၀ဝ မှ ၁၀ဝ၀ အတွင်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ထွက်ရှိမည့် ကုန်ချော ၉၀ ရာခိုင်နှုန်းကို နိုင်ငံတကာသို့တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


Source: Ministry Of Commerce
Myanmar Food Industry Directory

 

>>> Zawgyi<<<<

အေရွ႕ေတာင္အာရွတြင္ အႀကီးမားဆုံး ငါးေမြးျမဴေရး စီမံကိန္းတစ္ခု အေကာင္အထည္ေဖာ္မည္

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ ၫႊန္ၾကားေရးမႉး ဦးသန္းျမင့္ဦး ဦးေဆာင္၍ ျပည္ပငါးႏိုင္ငံသို႔ သြားေရာက္ တာဝန္ထမ္းေဆာင္မည့္ စီးပြားေရးသံမႉး ငါးဦးႏွင့္အဖြဲ႕သည္ ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က ထူေထာင္ထားသည့္ Global Earth Agro & Aqua Public Co;Ltd မွ ဦးစီးေဆာင္႐ြက္ေနေသာ Ayeyarwady Integrade Food Industry Complex စီမံကိန္းသို႔ ျမန္မာႏိုင္ငံ ကုန္ သြယ္မႈလုပ္ငန္းမ်ား ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ရန္အတြက္ သြားေရာက္ေလ့လာခဲ့ၾကသည္။

 

အဆိုပါစီမံကိန္းသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္ ဝါးခယ္မ-ေ႐ႊေလာင္း လမ္းမႀကီးေဘးတြင္ တည္ရွိၿပီး စုစုေပါင္း စီမံကိန္းေျမဧက ၃၆၀ဝ ထဲမွ ပထမအဆင့္ ေျမဧက ၉၀ဝ ေပၚတြင္ တည္ေဆာက္လုပ္ကိုင္ေန ျခင္းျဖစ္သည္။ အဆိုပါကုမၸဏီမွ ငါးအစာထုတ္လုပ္ျခင္း၊ ငါးေမြးျမဴျခင္း၊ ေအးခဲျခင္း၊ ျပဳျပင္ထုတ္လုပ္ျခင္း၊ ဓာတ္ခြဲစမ္းသပ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္သည္။

 

Foodstuffs ေရထြက္ပစၥည္းမ်ား ၁၁၁၈ ခုကို ရွာရန္ႏွိပ္ပါ။

 

ယခုအခါ ေခတ္မီငါးအစာစက္႐ုံ၊ အေျခာက္ခံစက္႐ုံမ်ား၊ ေခတ္မီ ငါးသားေပါက္ေမြးျမဴေရးစခန္းမ်ား၊ အသင့္စားသုံးရန္ ထုပ္ပိုးမႈစက္႐ုံမ်ား အသားတိုး ငါးေမြးကန္မ်ား၊ ငါးျပဳျပင္ထုတ္လုပ္သည့္ စက္႐ုံႏွင့္ ေအးခဲသိုေလွာင္႐ုံမ်ား၊ ငါးေရာဂါ ရွာေဖြေရးဓာတ္ခြဲခန္း၊ ငါးအစာႏွင့္ ကုန္ၾကမ္းသိုေလွာင္႐ုံမ်ား၊ ထြက္ရွိသည့္ ငါးကုန္ေခ်ာမ်ား၏ အရည္အေသြးကို စစ္ေဆးသည့္ ဓာတ္ခြဲခန္းမ်ား၊ လုပ္သားမ်ားေနထိုင္ရာ အိမ္ရာမ်ား ပါဝင္မည္ျဖစ္သည္။

 

ထို႔ျပင္ အခန္း (၁၀ဝ) ပါ ဟိုတယ္တစ္ခုႏွင့္ အပန္းေျဖႏိုင္ရန္ ေနရာတစ္ခုကိုပါ ထည့္သြင္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဥကၠ႒ ဝဏၰေက်ာ္ထင္ ဦးေဌးျမင့္က လိုက္လံရွင္းလင္းျပသခဲ့သည္။ အစာထုတ္လုပ္ျခင္း ငါးသား ေဖာက္ျခင္းမွအစ ထြက္ရွိလာေသာ ကုန္ပစၥည္းအေပၚ Zero Waste စြန႔္ပစ္ပစၥည္းမရွိသည္အထိ လုပ္ငန္းစဥ္မ်ားလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

ငါးလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ၿပီး ႏိုင္ငံတကာေဈးကြက္သို႔ ထိုးေဖာက္ဝင္ေရာက္ႏိုင္ရန္ စတင္ေမြးျမဴသည္မွ ကုန္ေခ်ာကို ထုတ္လုပ္သည္အထိ တစ္ေနရာတည္းတြင္ စုစည္းလုပ္ေဆာင္ထားသည့္ စီမံကိန္းျဖစ္ကာ လက္ရွိတြင္ အလုပ္အကိုင္ ၂၀ဝ၀ ေက်ာ္ဖန္တီးေပးေနၿပီး စီမံကိန္းၿပီးစီးသြားမည့္ ေနာက္ငါးႏွစ္အတြင္း အလုပ္အကိုင္ ၇၀ဝ၀ ေက်ာ္ ဖန္တီးေပးႏိုင္ကာ ထုတ္လုပ္မႈတန္ဖိုး အေမရိကန္ေဒၚလာ သန္း ၂၀ဝ ေက်ာ္ရွိမည္ျဖစ္သျဖင့္ အေရွ႕ေတာင္အာရွတြင္ အႀကီးမားဆုံးငါးေမြးျမဴေရး စီမံကိန္းတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

 

တစ္ေန႔ ကုန္ထုတ္လုပ္မႈ တန္ခ်ိန္ ၁၆၀ဝ ရွိမည့္ အဆင့္ျမင့္ငါးစာစက္႐ုံကိုလည္း တည္ေဆာက္လ်က္ရွိၿပီး ကုန္ၾကမ္းတစ္ခ်ိန္ ငါးေသာင္း၊ ကုန္ေခ်ာတန္ခ်ိန္ ေလးေထာင္ခန႔္ သိုေလွာင္ႏိုင္မည့္ အေဆာက္အအုံမ်ားလည္း ပါဝင္မည္ျဖစ္ကာ စက္႐ုံအတြက္ လိုအပ္ေသာ ပဲပုပ္ဖတ္၊ ပဲဖတ္၊ ဖြဲႏု၊ ဂ်ဳံဖြဲ အစရွိသည့္ ကုန္ၾကမ္းမ်ား၏ ၈၀ ရာခိုင္ႏႈန္းကို ျပည္တြင္းမွ ဝယ္ယူအသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

စီမံကိန္းဇုန္ႀကီးအတြင္း ငါးသားေဖာက္စခန္းမ်ားကိုလည္း တည္ေဆာက္လ်က္ရွိၿပီး နာရီပိုင္းအတြင္း ကန္မွငါးကို စက္႐ုံသို႔ ေရာက္ရွိထုပ္ပိုးႏိုင္သည့္အဆင့္အထိ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ စက္႐ုံအတြက္ ေရကို ဧရာဝတီျမစ္ႏွင့္ ေ႐ႊေလာင္းျမစ္တို႔မွ ရယူအသုံးျပဳမည္ျဖစ္ၿပီး ေရသန႔္စင္စနစ္မ်ားကို သတ္မွတ္ထားေသာ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ စနစ္တက် လုပ္ေဆာင္ထားေၾကာင္း သိရသည္။ ယင္းစီမံကိန္းတြင္ ငါးတန္ကို တစ္ႏွစ္ပတ္လုံး မ်ိဳးေဖာက္သြားၿပီး ေမြးျမဴေရးလုပ္ငန္းစဥ္အလိုက္ အဆင့္ျမင့္ ေမြးျမဴႏိုင္ရန္ ငါးေမြးကန္၊ ေရဆိုးထုတ္ေျမာင္းႏွင့္ အလိုအေလ်ာက္ အစာေကြၽးစနစ္တို႔ကို ထည့္သြင္းလုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။


Read More >>>    ဆီးပ်ားရည္မ်ား တ႐ုတ္ႏိုင္ငံမွ အ၀ယ္မရွိတဲ့အတြက္ စုပုံေန

 

တစ္ကမာၻလုံး အတိုင္းအတာအေနျဖင့္ ေဈးကြက္ရရွိေသာ ႏိုင္ငံတကာမွ စားသုံးေနတဲ့ ငါးတန္ ငါးအမ်ိဳးအစားကို အဓိကထား ေမြးျမဴထားေသာေၾကာင့္ ေဈးကြက္မွာလည္း ေသခ်ာမႈရွိၿပီး အရည္အေသြးအရလည္း စိတ္အခ်ရဆုံးႏွင့္ အေကာင္းဆုံးျဖစ္မည့္ သန႔္ရွင္းလတ္ဆတ္ၿပီး စိတ္ခ်ယုံၾကည္ရသည့္ က်န္းမာေရးႏွင့္ညီၫြတ္ေသာ စားေသာက္ကုန္မ်ား (Fresh, Clean,Safe and Healthy Food) ထြက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

 

ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က ဦးစီးေဆာင္႐ြက္ေနေသာ Ayeyarwady Integrated Food Industry Complex စီမံကိန္းသည္ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားအတြက္ မ်ားစြာအေထာက္အကူျပဳမည္ျဖစ္ေၾကာင္း သိရသည္။ ထိုစီမံကိန္းကို GLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITED မွ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္အမွတ္ ၁၄၁/၂၀၁၉ ျဖင့္ ေဆာင္႐ြက္လ်က္ရွိၿပီး အမ်ားပိုင္ကုမၸဏီအျဖစ္ အေကာင္အထည္ေဖာ္ကာ ၂၀၂၁ ျပည့္ႏွစ္ထဲတြင္ အားလုံးၿပီးစီးလည္ပတ္ႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

 

အထက္ပါ စီမံကိန္းၿပီးစီးပါက ေဒသတြင္း လုပ္သားဦးေရ ေသာင္းနဲ႔ခ်ီ အလုပ္အကိုင္အခြင့္ အလမ္းမ်ားရရွိမည္ျဖစ္ၿပီး ယင္းစီမံကိန္းမွာ ႏိုင္ငံတကာအဆင့္မီသည့္ ငါးေမြးျမဴထုတ္လုပ္မႈေန႔စဥ္ တန္ခ်ိန္ ၅၀ဝ မွ ၁၀ဝ၀ အတြင္း ထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ထြက္ရွိမည့္ ကုန္ေခ်ာ ၉၀ ရာခိုင္ႏႈန္းကို ႏိုင္ငံတကာသို႔တင္ပို႔ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Source: Ministry Of Commerce
Myanmar Food Industry Directory

Read times Last modified on Thursday, 05 March 2020 10:23
Rate this item
(0 votes)