Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံထွက်ချိန်နောက်ကျသဖြင့် ပြည်တွင်း သကြားဈေးမြင့်တက်

ပြည်တွင်းတွင် စိုက်ပျိုးထားသော ကြံစိုက်ခင်းများ မိုးများသည့်အတွက်ကြောင့်

ကြံထွက်ရှိချိန်နောက်ကျပြီး ပြည်တွင်း သကြားဈေးနှုန်း မြင့်တက်လာကြောင်း သိရပါတယ်။

မိုးများသောကြောင့် ကြံရာသီချိန်က နောက်ဆုတ်သွားပါတယ်။ ပုံမှန်ဆိုရင် အခုရက်တွေမှာ သကြားစက်တွေလည်းလည်၊ သကြားလည်းထွက်ပြီး ဒီဇင်ဘာလဆိုရင် သကြားထွက်ကြောင်း သိရပါတယ်။

ပြည်တွင်း ငွေကြေးလဲလှယ်မှုဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် သကြားဈေးမြင့်တက်ရ ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာသကြားကုန်သည်များက သကြားအား ပြည်ပမှတင်သွင်းပြီး တရုတ်ကို ပြန်လည်တင်ပို့မှုများ ပြုလုပ်ကြောင်းလည်း သိရပါတယ်။

ပြည်ပမှ သကြားတင်သွင်းရာတွင်လည်း ဒေါ်လာဖြင့် ပေးချေရပြီး ပြည်တွင်းငွေဈေးတွင် ဒေါ်လာဈေး မြင့်တက်သွားသည့်အတွက် သကြားဈေးပါ လိုက်တက်သွားကြောင်း သိရပါတယ်။

မြန်မာ့သကြားဈေးကွက်တွင် သကြားဈေးနှုန်းသည် နိုဝင်ဘာလအလယ်ပိုင်းအတွင်းက ပေါင်းသကြား တစ်ပိဿာလျှင် ကျပ် ၁၄၀၀ ခန့်ရှိပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ခန့်အထိ ရောက်သွားကြောင်း သကြားကုန်စည်ဒိုင်မှ သိရပါတယ်။

Top 10 Sugar Cane Producing Countries

Rank Area Production (Int $1000) Production (MT)
1 Brazil 23,454,723 721,077,287
2 India 10,623,396 361,037,000
3 China, mainland 3,448,771 123,460,500
4 Thailand 3,168,770 98,400,000
5 Pakistan 1,727,002 58,397,000
6 Mexico 1,672,929 50,946,483
7 Colombia 1,236,257 33,363,560
8 Philippines 927,129 32,000,000
9 Indonesia 864,979 28,700,000
10 United States of America

861,971

29,235,877

Source: Farmer Journal, mapsofworld

Read times Last modified on Thursday, 06 September 2018 16:17
Rate this item
(2 votes)