Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ စပါးများ ဝယ်ယူရေးအတွက် ငွေကျပ် ၁၃ ဘီလီယံ သုံးစွဲမည်

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ စပါးများ ဝယ်ယူရေးအတွက် ငွေကျပ် ၁၃ ဘီလီယံ သုံးစွဲမည် google.com

*** Unicode ***

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ စပါးများ ဝယ်ယူရေးအတွက် ငွေကျပ် ၁၃ ဘီလီယံ သုံးစွဲမည်

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စပါးများ ဝယ်ယူရေးအတွက် ငွေကျပ် ၁၃ ဘီလီယံ သုံးစွဲရန် တိုင်းဒေသကြီးမှ တင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ပါတယ်။

 

အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံတော်အစိုးရက ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ကုမ္ပဏီများမှ အခြေခံစပါးစျေးနှုန်းအဖြစ် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိသော ၄၆ ပေါင် ကိုက်စပါးတင်း ၁၀၀ လျှင် ငါးသိန်းနှုန်းဖြင့် ဝယ်ယူပေးရန် ထုတ်ပြန်ခဲ့ပါတယ်။

 

Read More >>>>>     ဖရဲသီးရေခဲချောင်းလုပ်စားရအောင်

 

စပါးစျေးသည် အခြေခံစျေးနှုန်းထက်ကျမည်ဆိုပါက အစိုးရအစီအစဉ်ဖြင့် ဝယ်ယူနိုင်ရန် ရန်ပုံငွေကျပ် ၁၅ ဘီလီယံ ထုတ်ထားပြီဖြစ်ကြောင်း သိရပါတယ်။

 

ထို့ကြောင့် စပါးဝယ်ယူပေးရန် လိုအပ်မှုရှိမရှိကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအချို ့တွင် ဝယ်ယူပေးရန် လိုအပ်သည်ဟု တင်ပြခဲ့ကြောင်း သိရပါတယ်။

 

"ဒီသုံးခုထဲမှာ ရန်ကုန်တိုင်းမှာတော့ ဝယ်ဖို့မလိုလောက်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီတော့ အခုနှစ်ခုကျန်တာပေါ့ ဧရာဝတီတိုင်းရယ် ပဲခူးတိုင်းရယ်၊ ပဲခူးတိုင်းကတော့ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ သူတို့စပါးဝယ်ယူဖို့အတွက် ရှစ်ဘီလျံခွဲပေးဖို့ ပြောပါတယ်။ ဧရာဝတီတိုင်းကတော့ အခုထိ မဆက်လာသေးဘူး၊ အကြမ်းဖျင်းသူတို့ တွက်တာတော့ ငါးဘီလီယံလောက်လိုတယ်ပြောပါတယ်။ အဲဒီတော့ ရှစ်၊ ငါးဘီလီယံဆိုတော့ ၁၃ ဘီလီယံလောက်ဆိုတော့ ကျွန်တော်တို့ထုတ်ထားတာနဲ့ လုံလောက်မှုရှိပါတယ်။ အဲဒီတော့ တကယ်ဖြစ်လာရင် ဝယ်ဖို့ကတော့ အဆင်သင့်ပါပဲ။ ဝယ်တာကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရနဲ့ အစီအမံနဲ့ ဝယ်ပါ့မယ်။ ကျွန်တော်တို့ ပိုက်ဆံကိုပေးပါ့မယ် " ဟု ဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။

 

အဆိုပါ ငွေများထုတ်ပေးရန်အတွက် စည်းမျဉ်းစည်းကမ်းများ ဆွေးနွေးမည်ဖြစ်ပြီး ပြန်ဆပ်ရမည့် အချိန်ကာလကို သတ်မှတ်မည်ဖြစ်ကြောင်း သိရပါတယ်။

 


Source: Pyimyanmar

 

 

 

ပဲခူးတိုင္းႏွင့္ ဧရာ၀တီတိုင္းမွ စပါးမ်ား ဝယ္ယူေရးအတြက္ ေငြက်ပ္ ၁၃ ဘီလီယံ သံုးစြဲမည္

 

ပဲခူးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႕မွ စပါးမ်ား ဝယ္ယူေရးအတြက္ ေငြက်ပ္ ၁၃ ဘီလီယံ သံုးစြဲရန္ တိုင္းေဒသႀကီးမွ တင္ျပထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားခဲ့ပါတယ္။

 

ေအာက္တိုဘာလ ၁၅ ရက္တြင္ ႏိုင္ငံေတာ္အစိုးရက ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္ကုန္သည္မ်ားႏွင့္ ကုမၸဏီမ်ားမွ အေျခခံစပါးေစ်းႏႈန္းအျဖစ္ အစိုဓာတ္ ၁၄ ရာခိုင္ႏႈန္းရွိေသာ ၄၆ ေပါင္ ကိုက္စပါးတင္း ၁၀၀ လွ်င္ ငါးသိန္းႏႈန္းျဖင့္ ဝယ္ယူေပးရန္ ထုတ္ျပန္ခဲ့ပါတယ္။

 

စပါးေစ်းသည္ အေျခခံေစ်းႏႈန္းထက္က်မည္ဆိုပါက အစိုးရအစီအစဥ္ျဖင့္ ဝယ္ယူႏိုင္ရန္ ရန္ပံုေငြက်ပ္ ၁၅ ဘီလီယံ ထုတ္ထားၿပီျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>     ဖရဲသီးေရခဲေခ်ာင္းလုပ္စားရေအာင္

 

ထို႕ေၾကာင့္ စပါးဝယ္ယူေပးရန္ လိုအပ္မႈရွိမရွိကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ဝန္ႀကီးမ်ားႏွင့္ ေတြ႔ဆံုရာတြင္ ဧရာ၀တီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တုိင္းေဒသႀကီးရွိ ေနရာအခ်ဳိ ႔တြင္ ဝယ္ယူေပးရန္ လိုအပ္သည္ဟု တင္ျပခဲ့ေၾကာင္း သိရပါတယ္။

 

"ဒီသံုးခုထဲမွာ ရန္ကုန္တိုင္းမွာေတာ့ ဝယ္ဖုိ႕မလိုေလာက္ဘူးလို႕ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ အဲဒီေတာ့ အခုႏွစ္ခုက်န္တာေပါ့ ဧရာ၀တီတိုင္းရယ္ ပဲခူးတိုင္းရယ္၊ ပဲခူးတိုင္းကေတာ့ ၿပီးခဲ့တဲ့ အပတ္အတြင္းမွာ သူတုိ႕စပါးဝယ္ယူဖို႕အတြက္ ရွစ္ဘီလ်ံခြဲေပးဖို႕ ေျပာပါတယ္။ ဧရာ၀တီတိုင္းကေတာ့ အခုထိ မဆက္လာေသးဘူး၊ အၾကမ္းဖ်င္းသူတုိ႕ တြက္တာေတာ့ ငါးဘီလီယံေလာက္လိုတယ္ေျပာပါတယ္။ အဲဒီေတာ့ ရွစ္၊ ငါးဘီလီယံဆိုေတာ့ ၁၃ ဘီလီယံေလာက္ဆိုေတာ့ ကြ်န္ေတာ္တို႕ထုတ္ထားတာနဲ႕ လံုေလာက္မႈရွိပါတယ္။ အဲဒီေတာ့ တကယ္ျဖစ္လာရင္ ဝယ္ဖုိ႕ကေတာ့ အဆင္သင့္ပါပဲ။ ဝယ္တာကေတာ့ ျပည္နယ္နဲ႕တိုင္းေဒသႀကီး အစိုးရနဲ႕ အစီအမံနဲ႕ ဝယ္ပါ့မယ္။ ကြ်န္ေတာ္တုိ႕ ပိုက္ဆံကိုေပးပါ့မယ္ " ဟု ဒုတိယဝန္ႀကီးကေျပာၾကားခဲ့ပါတယ္။

 

အဆိုပါ ေငြမ်ားထုတ္ေပးရန္အတြက္ စည္းမ်ဥ္းစည္းကမ္းမ်ား ေဆြးေႏြးမည္ျဖစ္ၿပီး ျပန္ဆပ္ရမည့္ အခ်ိန္ကာလကို သတ္မွတ္မည္ျဖစ္ေၾကာင္း သိရပါတယ္။

 


Source: Pyimyanmar

 

 

 

Read times Last modified on Monday, 10 February 2020 15:53
Rate this item
(0 votes)