Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်စည်တွေမှာ မြန်မာဘာသာ ဖော်ပြဖို့ နောက်ဆက်တွဲ အခက်အခဲတွေ ရှိလာနိုင်သလား

ကုန်စည်တွေမှာ မြန်မာဘာသာ၊ ဒါမှမဟုတ် မြန်မာနဲ့ အခြားဘာသာတွဲပြီး ဖော်ပြရမယ်ဆိုတဲ့ ထုတ်ပြန်ချက် အရ လက်လီရောင်းချသူ

လုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ ရှိလာနိုင်လို့ ကန့်သတ်ချက်အချို့ကို ပြန်လည်စဉ်းစားပေးစေချင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

 

အမိန့်ညွှန်ကြားချက်အရ ခြောက်လအတွင်း အကောင်အထည်မဖော်နိုင်ရင် အရေးယူတာတွေရှိလာနိုင်တဲ့အတွက် ပေးထားတဲ့ အချိန် လုံလောက်မှု မရှိဘူးလို့ City Mart Holding ကုမ္ပဏီရဲ့ စီအီးအို ဒေါ်ဝင်းဝင်းတင့်က ဆိုပါတယ်။

 

လုံလောက်တဲ့ ဆွေးနွေးမှု ပညာပေးမှုတွေ မရရှိခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ညွှန်ကြားချက် ဖြစ်နေပေမယ့် အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်ဝင်းဝင်းတင့်က ဝေဖန်ထောက်ပြခဲ့ပါတယ်။

 

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်တွေမှာ မြန်မာ ဘာသာ ဒါမှမဟုတ် မြန်မာဘာသာနဲ့ အခြားဘာသာနဲ့ တွဲပြီး ဖော်ပြရမယ်လို့ အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်တာပါ။

 

အဲ့ဒီထုတ်ပြန်ချက်အရ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ကုန်စည်တွေကို ထုတ်လုပ်တာ၊ ကုန်သွယ်တာတွေ လုပ်တဲ့အခါမှာ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်အသိပေးချက် အပါအဝင် ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကုန်စည်တွေမှာ မြန်မာဘာသာနဲ့ ထုတ်လုပ် ရောင်းချရတော့မှာ ဖြစ်ပါတယ်။

 

လက်ရှိ ထုတ်ပြန်လိုက်တဲ့ အမိန့်ညွှန်ကြားချက်အရ အစားအသောက်၊ ဆေးဝါးတွေနဲ့ ဓာတုပစ္စည်းတွေနဲပ အလှကုန် ပစ္စည်းတွေမှာ မြန်မာဘာသာနဲ့ ဖော်ပြဖို့ လိုအပ်ပေမယ့် အိမ်သုံးပစ္စည်းတွေနဲ့ တချို့ပစ္စည်းတွေမှာ မြန်မာဘာသာ အသေးစိတ်ထည့်သွင်းဖော်ပြဖို့က အခက်အခဲ ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တွေကလည်း ဝေဖန် ပြောကြားနေကြပါတယ်။


အခုလို ထုတ်ပြန်ချက်ကြောင့် အခက်အခဲ ဖြစ်လာနိုင်တဲ့ အခြေအနေအချို့ကို မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တင်ပြဆွေးနွေးသွားဖို့ ရှိတယ်လို့ အသင်းရဲ့ ဒုတိယ ဥက္ကဌ (၁) ဦးမျိုးမင်းအောင်က ဆိုပါတယ်။

 

အမိန့်ညွှန်ကြားချက်အရ အမျိုးအစား ခေါင်းစဉ် ကိုးမျိုး ဖြစ်တဲ့ အစားအသောက်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ကလေးအသုံးအဆောင် ပစ္စည်းတွေ၊ ဆက်သွယ်ရေးသုံး ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ဖြည့်စွတ်စာတွေ၊ ဓာတုပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေ စတဲ့ ခေါင်းစဉ် ကိုးမျိုးအောက်က ဖော်ပြပါ ပစ္စည်းတွေမှာ မြန်မာဘာသာကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

 

ခြောက်လအတွင်းမှာ ဆောင်ရွက်ရမှာ ဖြစ်ပြီး ခြောက်လပြည့်မြောက်တဲ့နေ့မှာ လိုက်နာမှု မရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉ နဲ့ အရေးယူမှာ ဖြစ်တယ်လို့လဲ ဖော်ပြ ပါရှိပါတယ်။


Source : 7 days new

Read times
Rate this item
(1 Vote)