Food & Livestock
BreadTalk တစ်ရှူးလိပ် ကိတ်မုန့်သစ်
Covid-19 အပေါ် စိတ်ပျက်ဖွယ်ကောင်းသောအခြေအနေတွင် BreadTalk သည်
စင်ကာပူမှ ဖောက်သည်များ၏ မျက်နှာကိုပြုံးနိုင်သည့်နည်းလမ်းတစ်ခု တွေ့ရှိခဲ့သည်။
စင်ကာပူမှာ ဖွင့်လှစ်သည့် BreadTalk မုန့်ဆိုင်များ၌ အရေအတွက် ကန့်သတ်ထုတ်ဝေထားသော “အိမ်သုံးစက္ကူလိပ်” ကိတ်မုန့်ကို စတင်ရောင်းချလိုက်ပြီး နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်။
ပျားရည်ရေမြှုပ်ကိတ်နှင့် buttercream အလွှာများ ပါဝင်ပြီး အိမ်သုံးစက္ကူလိပ်တစ်ခုကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် ကိတ်တစ်လုံးကို စင်ကာပူဒေါ်လာ ၁၀.၈၀ ကျသင့်ပြီး Sixth Avenue ၊ Toa Payoh Hub နှင့် Junction 8 ဆိုင်များတွင် ရောင်းချသည်။
ထုတ်လုပ်မှု အကန့်အသတ်ရှိသဖြင့် နေ့စဉ်နှင့်အွန်လိုင်းမှ အမှာစာအတွက် ကိတ်မုန့် ခုရေ ၁၅၀ ကို နေ့စဉ်ဖုတ်ရသည်။
BreadTalk သည် အခြားနိုင်ငံများမှ သူတို့၏ ကိုယ်ပိုင်အိမ်သာစက္ကူလိပ်ကိတ်မုန့်များ ထုတ်လုပ်ခြင်းကို တွေ့မြင်ပြီးနောက် အကြံအစည်ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် အိမ်သာသုံးစက္ကူများ အရှူးအမူး ဖြစ်ကြသည်ကို တွေ့ထားကြပြီးသား ဖြစ်သည်။
BreadTalk မှ ပြောရေးဆိုခွင့်ရှိသူတစ် ဦး က “ဒီပြင်းထန်ပြီး ဆိုးဝါးနေတဲ့ကာလအတွင်းမှာ ငါတို့ဟာ အကောင်းမြင်မှုအချို့ကို ဖြန့်ဝေဖို့နဲ့ ရပ်ရွာလူထုကို အပြုံးများဆောင်ကြဉ်းပေးဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ပါတယ်” ဟု ရှင်းပြသည်။
သုံးစွဲသူများသည် အပြုသဘောဖြင့် တုန့်ပြန်ခဲ့ကြပြီး သူတို့၏ အားပေးမှုကြောင့် ကျွန်ုပ်တို့ အားရကျေနပ်မိကြောင်း သူက ဖြည့်စွက်ပြောသည်။ ယင်းစက္ကူလိပ်ကိတ်ကို လူအများတို့သည် သူတို့၏ ဆိုရှယ်မီဒီယာစာမျက်နှာများတွင်လည်း ဝေမျှကြသည်။
ဖောက်သည်များအား အိမ်တွင်နေစေရန် အားပေးခြင်းအဖြစ် BreadTalk သည် GrabFood ကဲ့သို့ အိမ်တိုင်ရာရောက် ဖြန့်ဝေသည့် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွလုပ်ဆောင်နေပြီး အွန်လိုင်းအမှာစာများ ဆောင်ရွက်ပေးလျက် ရှိသည်။
ဝယ်လိုအားမြင့်မားနေသည့်အပေါ် ကိုင်တွယ်ဖြေရှင်းရာတွင် အဆိုပါပြောရေးဆိုခွင့်ရှိသူက“ ကိတ်မုန့်အသစ်တွေ လတ်လတ်ဆတ်ဆတ် ထုတ်လုပ်တာဖြစ်ပြီး ဖောက်သည်တွေ လိုချင်တာ မရလို့ စိတ်ပျက်ရတာ အနည်းဆုံးဖြစ်အောင် ထုတ်လုပ်မှုကို တတ်နိုင်သရွေ့ အများဆုံး ဖြစ်အောင် ကျွန်တော်တို့လုပ်နေပါတယ်” ဟု ရှင်းပြသည်။ သူက “ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းတာကို အပြင်းအထန် ကြိုးစားနေကြပါတယ်” ဟု အသိပေး ပြောကြားသည်။
ကိုးကား The New Paper
zawgyi
BreadTalk တစ္ရွဴးလိပ္ ကိတ္မုန္႔သစ္
စင္ကာပူ၌ Covid-19 အေပၚ စိတ္ပ်က္ဖြယ္ေကာင္းေသာအေျခအေနတြင္ BreadTalk သည္ ေဖာက္သည္မ်ား၏ မ်က္ႏွာကိုၿပဳံးႏိုင္သည့္နည္းလမ္းတစ္ခု ေတြ႕ရွိခဲ့သည္။
စင္ကာပူမွာ ဖြင့္လွစ္သည့္ BreadTalk မုန္႔ဆိုင္မ်ား၌ အေရအတြက္ ကန႔္သတ္ထုတ္ေဝထားေသာ “အိမ္သုံးစကၠဴလိပ္” ကိတ္မုန႔္ကို စတင္ေရာင္းခ်လိုက္ၿပီး ေန႔စဥ္ဆက္လက္ ေရာင္းခ်ေပးသြားမည္။
ပ်ားရည္ေရျမႇဳပ္ကိတ္ႏွင့္ buttercream အလႊာမ်ား ပါ၀င္ၿပီး အိမ္သုံးစကၠဴလိပ္တစ္ခုကဲ့သို႔ ပုံသဏၭာန္ရွိသည့္ ကိတ္တစ္လုံးကို စင္ကာပူေဒၚလာ ၁၀.၈၀ က်သင့္ၿပီး Sixth Avenue ၊ Toa Payoh Hub ႏွင့္ Junction 8 ဆိုင္မ်ားတြင္ ေရာင္းခ်သည္။
ထုတ္လုပ္မႈ အကန႔္အသတ္ရွိသျဖင့္ ေန႔စဥ္ႏွင့္အြန္လိုင္းမွ အမွာစာအတြက္ ကိတ္မုန႔္ ခုေရ ၁၅၀ ကို ေန႔စဥ္ဖုတ္ရသည္။
BreadTalk သည္ အျခားႏိုင္ငံမ်ားမွ သူတို႔၏ ကိုယ္ပိုင္အိမ္သာစကၠဴလိပ္ကိတ္မုန႔္မ်ား ထုတ္လုပ္ျခင္းကို ေတြ႕ျမင္ၿပီးေနာက္ အႀကံအစည္ေပၚေပါက္လာခဲ့သည္။ ကမာၻတစ္ဝွမ္းတြင္ အိမ္သာသုံးစကၠဴမ်ား အရွဴးအမူး ျဖစ္ၾကသည္ကို ေတြ႕ထားၾကၿပီးသား ျဖစ္သည္။
BreadTalk မွ ေျပာေရးဆိုခြင့္ရွိသူတစ္ ဦး က “ဒီျပင္းထန္ၿပီး ဆိုးဝါးေနတဲ့ကာလအတြင္းမွာ ငါတို႔ဟာ အေကာင္းျမင္မႈအခ်ိဳ႕ကို ျဖန႔္ေဝဖို႔နဲ႔ ရပ္႐ြာလူထုကို အၿပဳံးမ်ားေဆာင္ၾကဥ္းေပးဖို႔ အတတ္ႏိုင္ဆုံးလုပ္ေဆာင္ပါတယ္” ဟု ရွင္းျပသည္။
သုံးစြဲသူမ်ားသည္ အျပဳသေဘာျဖင့္ တုန႔္ျပန္ခဲ့ၾကၿပီး သူတို႔၏ အားေပးမႈေၾကာင့္ ကြၽႏ္ုပ္တို႔ အားရေက်နပ္မိေၾကာင္း သူက ျဖည့္စြက္ေျပာသည္။ ယင္းစကၠဴလိပ္ကိတ္ကို လူအမ်ားတို႔သည္ သူတို႔၏ ဆိုရွယ္မီဒီယာစာမ်က္ႏွာမ်ားတြင္လည္း ေဝမွ်ၾကသည္။
ေဖာက္သည္မ်ားအား အိမ္တြင္ေနေစရန္ အားေပးျခင္းအျဖစ္ BreadTalk သည္ GrabFood ကဲ့သို႔ အိမ္တိုင္ရာေရာက္ ျဖန႔္ေဝသည့္ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ အတူတကြလုပ္ေဆာင္ေနၿပီး အြန္လိုင္းအမွာစာမ်ား ေဆာင္ရြက္ေပးလ်က္ ရွိသည္။
၀ယ္လိုအားျမင့္မားေနသည့္အေပၚ ကိုင္တြယ္ေျဖရွင္းရာတြင္ အဆိုပါေျပာေရးဆိုခြင့္ရွိသူက“ ကိတ္မုန႔္အသစ္ေတြ လတ္လတ္ဆတ္ဆတ္ ထုတ္လုပ္တာျဖစ္ၿပီး ေဖာက္သည္ေတြ လိုခ်င္တာ မရလို႔ စိတ္ပ်က္ရတာ အနည္းဆုံးျဖစ္ေအာင္ ထုတ္လုပ္မႈကို တတ္ႏိုင္သေရြ႕ အမ်ားဆုံး ျဖစ္ေအာင္ ကြၽန္ေတာ္တို႔လုပ္ေနပါတယ္္” ဟု ရွင္းျပသည္။ သူက “ ဒစ္ဂ်စ္တယ္ အသြင္ကူးေျပာင္းတာကို အျပင္းအထန္ ႀကိဳးစားေနၾကပါတယ္” ဟု အသိေပး ေျပာၾကားသည္။
ကိုးကား The New Paper



