Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှု ယာယီတားမြစ်ပေးရန်တင်ပြ

Unicode

ပြည်ပမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှု ယာယီတားမြစ်ပေးရန်တင်ပြ


အာဖရိကဝက်  အပြင်းဖျားရောဂါကာကွယ်ရန်နှင့် ဝက်မွေးတောင်သူများ ဆုံးရှုံးနစ်နားမှုနည်းစေရန်အတွက် ပြည်ပမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းနေခြင်းကို ယာယီပိတ်ပင်တားမြစ်ပေးရန် မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်းက အစိုးရအဖွဲ့ထံတင်ပြတောင်းဆိုကြောင်း ယင်းအသင်းထံမှ သိရသည်။

 

မြန်မာနိုင်ငံသည် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ခံနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း အာဖရိကဝက်အပြင်းဖျားရောဂါနှင့် အခြားဝက်ရောဂါများ ဖြစ်ပွားလျက်ရှိပြီး ယင်းရောဂါဖြစ်ပွားပါက ရာနှုန်းပြည့် သေစေနိုင်ကာ ဝက်မွေးမြူရေးသမားများ ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

ဒီဇင်ဘာလ ၈ ရက်နေ့က ဒုတိယ သမ္မတ ၁ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များ ၃၁ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

 

Read More >>>>   တ႐ုတ္ႏိုင္ငံသို႕ ငွက္ေပ်ာႏွင့္ အျခားသီးႏွံမ်ား တရားဝင္တင္ပို႕ႏိုင္ရန္ေဆာင္ရြက္

 

ပြည်တွင်း ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ၊ ချေးငွေ၊ မြေယာအသုံးချခွင့်၊ ဝက်မျိုးရင်းစစ်ခြံ၊ ဈေးကွက်ခိုင်မာတည်ငြိမ်မှု၊ ဝက်မျိုးကောင်းမျိုးသန့် (GGP-GP) များ စသည်တို့ကို ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာလေဆိပ်များအပါအဝင် နယ်စပ် ဝင် / ထွက်ပေါက်ဂိတ်များမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများကို တရားမဝင်ဝယ်ယူသယ်ဆောင်ခြင်းကို ထိရောက်စွာ တားမြစ်ပေးရန် ထည့်သွင်းတင်ပြခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

 

Source: The Voice

 

 

 

ျပည္ပမွ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းမႈ ယာယီတားျမစ္ေပးရန္တင္ျပ

 

အာဖရိကဝက္  အျပင္းဖ်ားေရာဂါကာကြယ္ရန္္ႏွင့္ ဝက္ေမြးေတာင္သူမ်ား ဆံုး႐ႈံးနစ္နားမႈနည္းေစရန္အတြက္ ျပည္ပမွ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းေနျခင္းကို ယာယီပိတ္ပင္တားျမစ္ေပးရန္ ျမန္မာႏိုင္ငံ ဝက္ေမြးျမဴသူမ်ားႏွင့္ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းက အစိုးရအဖြဲ ႔ထံတင္ျပေတာင္းဆိုေၾကာင္း ယင္းအသင္းထံမွ သိရသည္။

 

ျမန္မာႏိုင္ငံသည္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ကူးစက္ခံႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္လည္း အာဖရိကဝက္အျပင္းဖ်ားေရာဂါႏွင့္ အျခားဝက္ေရာဂါမ်ား ျဖစ္ပြားလ်က္ရွိၿပီး ယင္းေရာဂါျဖစ္ပြားပါက ရာႏႈန္းျပည့္ ေသေစႏိုင္ကာ ဝက္ေမြးျမဴေရးသမားမ်ား ႀကီးမားသည့္ ဆံုး႐ံႈးမႈမ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဝက္ေမြးျမဴသူမ်ားႏွင့္ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းထံမွ သိရသည္။

 

ဒီဇင္ဘာလ ၈ ရက္ေန႕က ဒုတိယ သမၼတ ၁ ဦးေဆာင္သည့္ ပုဂၢလိကက႑ဖြံ႔ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ၃၁ ႀကိမ္ေျမာက္ ပံုမွန္ေတြ႔ဆံုပြဲတြင္ တင္ျပခဲ့ျခင္းျဖစ္သည္။

 

Read More >>>>   တ႐ုတ္ႏိုင္ငံသို႕ ငွက္ေပ်ာႏွင့္ အျခားသီးႏွံမ်ား တရားဝင္တင္ပို႕ႏိုင္ရန္ေဆာင္ရြက္

 

ျပည္တြင္း ဝက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူမ်ား၏ အဓိကလိုအပ္ခ်က္ျဖစ္သည့္ ပူးေပါင္းေဆာင္ရြက္မႈ၊ နည္းပညာ၊ ေခ်းေငြ၊ ေျမယာအသံုးခ်ခြင့္၊ ဝက္မ်ဳိးရင္းစစ္ၿခံ၊ ေစ်းကြက္ခိုင္မာတည္ၿငိမ္မႈ၊ ဝက္မ်ဳိးေကာင္းမ်ဳိးသန္႕ (GGP-GP) မ်ား စသည္တို႕ကို ထိထိေရာက္ေရာက္ကူညီေဆာင္ရြက္ေပးရန္ႏွင့္ ႏိုင္ငံတကာေလဆိပ္မ်ားအပါအဝင္ နယ္စပ္ ဝင္ / ထြက္ေပါက္ဂိတ္မ်ားမွ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ားကို တရားမဝင္ဝယ္ယူသယ္ေဆာင္ျခင္းကို ထိေရာက္စြာ တားျမစ္ေပးရန္ ထည့္သြင္းတင္ျပခဲ့ေၾကာင္း ယင္းအသင္းထံမွ သိရသည္။

 

Source: The Voice

Read times Last modified on Tuesday, 04 February 2020 13:12
Rate this item
(0 votes)