Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ကြက်မွေးမြူသည့် ကုန်ကျစရိတ်များပြီး ရောင်းစျေး ရရှိမှု တွက်ခြေမကိုက်ခြင်းကြောင့် မွေးမြူသူများ ရေရှည်ရပ်တည်ရန် ခက်ခဲ
Unicode ဖြင့်ဖတ်ရန်
ကြက်မွေးမြူသည့် ကုန်ကျစရိတ်များပြီး ရောင်းစျေး ရရှိမှု တွက်ခြေမကိုက်ခြင်းကြောင့် မွေးမြူသူများ ရေရှည်ရပ်တည်ရန် ခက်ခဲ
ကြက်သားနှင့် ကြက်ဥစျေးနှုန်းအသင့်အတင့် ကောင်းမွန်သော်လည်း  စျေးနှုန်းရရှိမှုနှင့် မွေးမြူထုတ်လုပ်စရိတ် တွက်ချက်ပါက တွက်ခြေမကိုက်ခြင်းကြောင့် မွေးမြူသူများ ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း ကြက်မွေးမြူသူများ၏ ပြောကြားချက်အရ သိရပါတယ်။
Read More >>>>  ဆားကို လိုတာထပ်ပိုစားသုံးမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများ
''အခုကြက်စျေးက   တစ်ပိဿာကို ငွေကျပ် ၂၅ဝဝ ရတယ်။ တစ်ကောင်ကို အစအဆုံး ကုန်ကျစရိတ်က ငွေကျပ် ၂၆ဝဝ ကျော်ရှိတယ်။ဒီတော့ အသေးစား၊ အလတ်စား မွေးမြူသူတွေအနေနဲ့ ကြာရှည်ရပ်တည်ဖို့    အခက်အခဲတွေ ရှိလာတယ်။ အရင်နှစ်က  ကြက်သားစျေးကောင်းတော့  တွက်ခြေကိုက်တယ်ဆိုပြီး    မွေးတဲ့သူ များလာတယ်။  မွေးမြူသူများလာတော့ တွက်ခြေမကိုက်လည်း    စျေးတက်ပြီး ရောင်းဖို့ အဆင်မပြေဘူး'' ဟု  မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ  ကြက်မွေးမြူသူ ဦးမိုးအောင်ကပြောကြားခဲ့ပါတယ်။
လက်ရှိ မန္တလေးတိုင်းဒေသကြီး၌ မွေးမြူသူစာရင်း  အတိအကျ ကောက်ယူထားမှု မရှိသော်လည်း    မွေးမြူသူအချင်းချင်း စျေးကွက်မျှဝေခြင်းဖြင့်  မွေးမြူသူ တိုးပွား လာကြောင်း သိရပါတယ်။
''ကြက်တစ်ပိဿာ တစ်ကောင်အတွက်  အခုခြံဖမ်းစျေးက ငွေကျပ်  ၂၅၅ဝ  ရှိတယ်။ အဲဒီစျေးက နှစ်လလောက်ရှိပြီဆိုတော့ မွေးမြူသူတွေ အခက်အခဲဖြစ်နေတယ်'' ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) အတွင်းရေးမှူး    ဒေါက်တာနေသူရိန် ကပြောကြားခဲ့ပါတယ်။
ကုန်ထုတ်လုပ်မှု တိုးတက်စေရန် အဓိက လိုအပ်ချက်မှာ ကြက်မွေးမြူရေး အတွက် အသုံးပြုသည့် ထုတ်လုပ်မှုစရိတ် လျှော့ချရန်၊ မိဘမျိုးရိုးကြက်ခြံများ တည်ထောင်ခြင်းကို အားပေးရန်၊ အသေးစားနှင့် အလတ်စား ကြက်မွေးမြူရေး လုပ်ငန်းများ အတွက်  အရင်းအနှီး ရရှိနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ ပြည်တွင်း၌  တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်နှင့် တရားမျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန် အတွက်  ပံ့ပိုးပေးရေး  စသည့်အချက်များ လိုအပ်ကြောင်း   မြန်မာနိုင်ငံ  မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
Cold Storage အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းပေါင်း ၆၁ ခုကိုရှာရန်နှိပ်ပါ။
လက်ရှိစျေးကွက်အတွင်း    ကြက်သား     တစ်ပိဿာလျှင် လက်ကားစျေး ငွေကျပ် ၂၅ဝဝ မှ ၂၆ဝဝ ကြား ရှိကြောင်း  သိရပါတယ်။
Source: Myawady
ကြက်မွေးမြူသည့် ကုန်ကျစရိတ်များပြီး ရောင်းဈေး ရရှိမှု တွက်ခြေမကိုက်ခြင်းကြောင့် မွေးမြူသူများ ရေရှည်ရပ်တည်ရန် ခက်ခဲ
ကြက်သားနှင့် ကြက်ဥဈေးနှုန်းအသင့်အတင့် ကောင်းမွန်သော်လည်း  ဈေးနှုန်းရရှိမှုနှင့် မွေးမြူထုတ်လုပ်စရိတ် တွက်ချက်ပါက တွက်ခြေမကိုက်ခြင်းကြောင့် မွေးမြူသူများ ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း ကြက်မွေးမြူသူများ၏ ပြောကြားချက်အရ သိရပါတယ်။
လက်ရှိ မန္တလေးတိုင်းဒေသကြီး၌ မွေးမြူသူစာရင်း  အတိအကျ ကောက်ယူထားမှု မရှိသော်လည်း    မွေးမြူသူအချင်းချင်း ဈေးကွက်မျှဝေခြင်းဖြင့်  မွေးမြူသူ တိုးပွား လာကြောင်း သိရပါတယ်။
Read More >>>>  ဆားကို လိုတာထပ်ပိုစားသုံးမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများ
''ကြက်တစ်ပိဿာ တစ်ကောင်အတွက်  အခုခြံဖမ်းဈေးက ငွေကျပ်  ၂၅၅ဝ  ရှိတယ်။ အဲဒီဈေးက နှစ်လလောက်ရှိပြီဆိုတော့ မွေးမြူသူတွေ အခက်အခဲဖြစ်နေတယ်'' ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) အတွင်းရေးမှူး    ဒေါက်တာနေသူရိန် ကပြောကြားခဲ့ပါတယ်။
Cold Storage အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းပေါင်း ၆၁ ခုကိုရှာရန်နှိပ်ပါ။
လက်ရှိဈေးကွက်အတွင်း    ကြက်သား     တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၂၅ဝဝ မှ ၂၆ဝဝ ကြား ရှိကြောင်း  သိရပါတယ်။
Source: Myawady
Read times Last modified on Thursday, 13 February 2020 09:29
Rate this item
(0 votes)