Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သခွားမွှေးများအား မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ စတင်တင်ပို့

Unicode >>>>>

သခွားမွှေးများအား မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ စတင်တင်ပို့


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ GAP နည်းစနစ်ဖြင့် စိုက်ပျိုးသည့် သခွားမွှေးများအား မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ စတင်တင်ပို့ ရောင်းချလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး  ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝေမြင့် ကပြောကြားခဲ့ပါတယ်။


'' GAP  စနစ်နဲ့စိုက်တဲ့ သခွားမွှေးတွေကို စတင်ရောင်းချနေတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက  စစ်ကိုင်းတိုင်းမှာ ချောင်းဦးမြို့နယ်က GAP  လက်မှတ်ကို ၁၆ ဦးလောက် ရထားတယ်။ ကျွန်တော်တို့ မြောင်မြို့နယ်ကလည်း   တစ်ဦးရထားတယ်။


Betel Nuts & Assortments  ကြမ္းႏွင့္ ကြမ္းယာပစၥည္းမ်ဳိးစံု  ၈၉၀ ကိုရွာရန္ႏွိပ္ပါ။


ကျွန်တော်ကိုယ်တိုင်က စိုက်ပျိုးရေးဌာနက ပေးတဲ့ Logo နဲ့ကပ်ပြီး ဈေးကွက်မှာ ရောင်းတယ်။ အခု ကျွန်တော့်အသီးတွေမှာ Logo ကပ်ပြီးတင်နေပြီ။ မူဆယ် ၁ဝ၅ မိုင်မှာ GAP စနစ်နဲ့စိုက်ပြီး Logo ကပ်ပြီးရောင်းတာ မနှစ်ကတည်းကပါ။ အခုအချိန်မှာတော့ ဈေးကွက်က အများကြီး မတောင်းဆိုရသေးဘူး။  အခုမှမိတ်ဆက် ရောင်းရတဲ့အချိန် ဖြစ်နေတယ်''ဟု ဦးဝေမြင့် ကပြောကြားခဲ့ပါတယ်။


မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ ဖရဲ၊ သခွားမွှေးသီးနှံများကို မတ် ၁၆ ရက်မှ စတင်တင်ပို့နေပြီး တစ်နေ့လျှင် ကားအစီးရေ တစ်စီးမှ လေးစီးခန့် တင်ပို့နေရကာ လာမည့်နှစ်တွင် ဖရဲ၊ သခွားမွှေး GAP အသိအမှတ်ပြု လက်မှတ်ကို တောင်သူဦးရေ ၁ဝဝ ကျော်အထိ ရရှိရန် မျှော်မှန်းထားကြောင်း  သိရပါတယ်။


လက်ရှိတွင်  ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အနေဖြင့် GAP သင်တန်းများ ဖွင့်လှစ်ကာ အသိပညာပေးခြင်းများ၊ သက်ဆိုင်ရာ အဖွဲ့များဖြင့် ပူးပေါင်း၍  ထွက်ရှိလာသည့်ဖရဲ၊ သခွားမွှေးများကို   ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်စေရန် ရည်မှန်းချက်ချ ဆောင်ရွက်နေကြောင်း၊ ပြည်ပသို့တင်ပို့ပါက သမားရိုးကျ စိုက်ပျိုးရောင်းချခြင်းထက် GAP နည်းဖြင့် ထုတ်လုပ် ရောင်းချနိုင်မည်ဆိုပါက အရည်အသွေး အာမခံချက်အပြည့်အဝ ရှိလာနိုင်၍  ခိုင်မာသည့် ဈေးကွက် ရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်


GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံများသည် အခြားစိုက်ပျိုး နည်းစနစ်များဖြင့်  စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများထက်   အရည်အသွေး ပိုမိုကောင်းမွန်ကာ ပြည်တွင်းဈေးကွက်တွင်သာမက  ပြည်ပဈေးကွက်များကိုပါ အရည်အသွေး ပြည့်မီစွာ တင်ပို့ရောင်းချနိုင်ပြီး  GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့်လည်း  အကျိုးစီးပွား ပိုမိုဖြစ်ထွန်းကာ  ၎င်းတို့၏  လူမှုစီးပွားရေး ဘဝများကိုပါ တိုးတက်လာမည်ဖြစ်ကြောင်း  သိရပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖရဲစိုက်ဧက တစ်သောင်းခွဲနှင့် သခွားမွှေးစိုက်ဧက နှစ်သောင်းရှိပြီး ဖရဲ၊ သခွားမွှေးများကို မြို့နယ်တိုင်းလိုလို စိုက်ပျိုးကြကာ ဖရဲ၊ သခွားမွှေးအများဆုံး စိုက်ပျိုးတဲ့ မြို့နယ်မှာ ချောင်းဦးမြို့ နယ်ဖြစ်ကြောင်း  သိရပါတယ်။

#MFID

Home Page Food

 

 

Screenshot from 2020 03 26 08 49 32

 

Zawgyi >>>>>

 

သခြားေမႊးမ်ားအား မူဆယ္ ၁ဝ၅ မုိင္ေစ်းကြက္သုိ႕ စတင္တင္ပို႔

 

စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းမွ GAP နည္းစနစ္ျဖင့္ စိုက္ပ်ဳိးသည့္ သခြားေမႊးမ်ားအား မူဆယ္ ၁ဝ၅ မုိင္ေစ်းကြက္သုိ႔ စတင္တင္ပို႔ ေရာင္းခ်လ်က္ရိွေၾကာင္း စစ္ကိုင္းတုိင္းေဒသႀကီး  ဖရဲ၊ သခြားေမႊးစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အသင္း ဒုတိယဥကၠ႒ ဦးေဝျမင့္ ကေျပာၾကားခဲ့ပါတယ္။

 

'' GAP  စနစ္နဲ႔စိုက္တဲ့ သခြားေမႊးေတြကို စတင္ေရာင္းခ်ေနတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္အတြင္းက  စစ္ကိုင္းတုိင္းမွာ ေခ်ာင္းဦးၿမိဳ႕နယ္က GAP  လက္မွတ္ကို ၁၆ ဦးေလာက္ ရထားတယ္။ ကြၽန္ေတာ္တို႔ ေျမာင္ၿမိဳ႕နယ္ကလည္း   တစ္ဦးရထားတယ္။

 

Betel Nuts & Assortments  ကြမ္းႏွင့္ ကြမ္းယာပစၥည္းမ်ဳိးစံု  ၈၉၀ ကိုရွာရန္ႏွိပ္ပါ။

 

ကြၽန္ေတာ္ကိုယ္တိုင္က စိုက္ပ်ဳိးေရးဌာနက ေပးတဲ့ Logo နဲ႔ကပ္ၿပီး ေစ်းကြက္မွာ ေရာင္းတယ္။ အခု ကြၽန္ေတာ့္အသီးေတြမွာ Logo ကပ္ၿပီးတင္ေနၿပီ။ မူဆယ္ ၁ဝ၅ မိုင္မွာ GAP စနစ္နဲ႔စိုက္ၿပီး Logo ကပ္ၿပီးေရာင္းတာ မႏွစ္ကတည္းကပါ။ အခုအခ်ိန္မွာေတာ့ ေစ်းကြက္က အမ်ားႀကီး မေတာင္းဆုိရေသးဘူး။  အခုမွမိတ္ဆက္ ေရာင္းရတဲ့အခ်ိန္ ျဖစ္ေနတယ္''ဟု ဦးေဝျမင့္ ကေျပာၾကားခဲ့ပါတယ္။

 

မူဆယ္ ၁ဝ၅ မုိင္ေစ်းကြက္သို႔ ဖရဲ၊ သခြားေမႊးသီးႏွံမ်ားကို မတ္ ၁၆ ရက္မွ စတင္တင္ပို႔ေနၿပီး တစ္ေန႔လွ်င္ ကားအစီးေရ တစ္စီးမွ ေလးစီးခန္႔ တင္ပို႔ေနရကာ လာမည့္ႏွစ္တြင္ ဖရဲ၊ သခြားေမႊး GAP အသိအမွတ္ျပဳ လက္မွတ္ကို ေတာင္သူဦးေရ ၁ဝဝ ေက်ာ္အထိ ရရိွရန္ ေမွ်ာ္မွန္းထားေၾကာင္း  သိရပါတယ္။

 

လက္ရိွတြင္  ဖရဲ၊ သခြားေမႊးစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အေနျဖင့္ GAP သင္တန္းမ်ား ဖြင့္လွစ္ကာ အသိပညာေပးျခင္းမ်ား၊ သက္ဆုိင္ရာ အဖြဲ႕မ်ားျဖင့္ ပူးေပါင္း၍  ထြက္ရိွလာသည့္ဖရဲ၊ သခြားေမႊးမ်ားကို   ေဘးအႏၲရာယ္ ကင္းရွင္းစြာ စားေသာက္ႏုိင္ေစရန္ ရည္မွန္းခ်က္ခ် ေဆာင္ရြက္ေနေၾကာင္း၊ ျပည္ပသို႔တင္ပို႔ပါက သမား႐ိုးက် စိုက္ပ်ဳိးေရာင္းခ်ျခင္းထက္ GAP နည္းျဖင့္ ထုတ္လုပ္ ေရာင္းခ်ႏုိင္မည္ဆုိပါက အရည္အေသြး အာမခံခ်က္အျပည့္အဝ ရိွလာႏုိင္၍  ခုိင္မာသည့္ ေစ်းကြက္ ရရိွလာမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း သတင္းထုတ္ျပန္ခ်က္

 

GAP စနစ္ျဖင့္ စိုက္ပ်ဳိး ထုတ္လုပ္သည့္ သီးႏွံမ်ားသည္ အျခားစိုက္ပ်ဳိး နည္းစနစ္မ်ားျဖင့္  စိုက္ပ်ဳိးထုတ္လုပ္ထားသည့္ သီးႏွံမ်ားထက္   အရည္အေသြး ပိုမိုေကာင္းမြန္ကာ ျပည္တြင္းေစ်းကြက္တြင္သာမက  ျပည္ပေစ်းကြက္မ်ားကိုပါ အရည္အေသြး ျပည့္မီစြာ တင္ပို႔ေရာင္းခ်ႏုိင္ၿပီး  GAP စနစ္ျဖင့္ စိုက္ပ်ဳိး ထုတ္လုပ္သည့္ ေတာင္သူမ်ားအေနျဖင့္လည္း  အက်ဳိးစီးပြား ပိုမိုျဖစ္ထြန္းကာ  ၎တို႔၏  လူမႈစီးပြားေရး ဘဝမ်ားကိုပါ တုိးတက္လာမည္ျဖစ္ေၾကာင္း  သိရပါတယ္။

 

စစ္ကိုင္းတုိင္းေဒသႀကီးတြင္ ဖရဲစိုက္ဧက တစ္ေသာင္းခြဲႏွင့္ သခြားေမႊးစိုက္ဧက ႏွစ္ေသာင္းရိွၿပီး ဖရဲ၊ သခြားေမႊးမ်ားကို ၿမိဳ႕နယ္တုိင္းလုိလို စိုက္ပ်ဳိးၾကကာ ဖရဲ၊ သခြားေမႊးအမ်ားဆုံး စိုက္ပ်ဳိးတဲ့ ၿမိဳ႕နယ္မွာ ေခ်ာင္းဦးၿမိဳ႕ နယ္ျဖစ္ေၾကာင္း  သိရပါတယ္။

 


#MFID

Read times Last modified on Thursday, 26 March 2020 11:55
Rate this item
(0 votes)