Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုလက်ရှိတွင် မတ်ပဲနှင့် ပဲစင်းငုံကို နီပေါနှင့် ပါကစ္စတန်သို့ တင်ပို့နေရပြီး တရုတ်နိုင်ငံကလည်း နယ်စပ်မှတစ်ဆင့် စတင်ဝယ်ယူနေကြောင်း

မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို ယခင်က အိန္ဒိယ ဈေးကွက်တစ်ခုတည်းကိုသာ

အဓိက တင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယမှ ပဲတင်ပို့မှု ကန့်သတ်ပြီးနောက်ပိုင်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို နီပေါနှင့် ပါကစ္စတန်နိုင်ငံသို့ တင်ပို့နေရကြောင်းနှင့် လက်ရှိတွင် တရုတ်နိုင်ငံကလည်း နယ်စပ်မှတစ်ဆင့် စတင်ဝယ်ယူလျှက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

 

ပဲက ကန့်သတ်၍ နောက်ပိုင်းမတ်ပဲနဲ့ ပဲစင်းငုံက ပုံမှန်နီးပါးလောက် တင်ပို့နေရပြီး တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဘက်ကတစ်ဆင့် တင်ပို့လို့ရကြောင်း၊ ပဲစင်းငုံရော၊ အရင်တုန်းက မတ်ပဲနှင့် ပဲစင်းငုံက တရုတ်ဘက်က ယူတာနည်းကြောင်း၊ ယခုအချိန်တွင် မတ်ပဲနှင့် ပဲစင်းငုံကိုပါ ယူလာတဲ့ သဘောဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံဈေးကွက်က ပဲတင်ပို့မှုကန့်သတ်ခံထားရပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန်အားဖြင့် လျော့နည်းခြင်းမရှိသော်လည်း တန်ဖိုး ဒေါ်လာ ၇၁၅ သန်းသာရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၀၃ သန်း လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ပဲတင်ပို့မှုက ၇၁၅ သန်း ပြီးခဲ့တဲ့လတုန်းက ၁ ဒသမ ၁၁၈ ဘီလျံ ရခဲ့ကြောင်း သိရပါတယ်။ ထို့ကြောင့် ဒေါ်လာ ၄၀၃ သန်းလောက်လျော့နည်းကြောင်း၊ သို့သော်လည်း တန်ချိန်အားဖြင့် ၂၅၀၀၀ ကျော်လောက်ပိုကြောင်း၊ တန်ချိန်ကတော့ ပိုပြီး တန်ဖိုးကလျော့နေကြောင်း၊ အဓိကက ဈေးနှုန်းကျတာလည်း ပါတယ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ယခုနှစ်က စုစုပေါင်းတန်ချိန် ၁၀ ဒသမ ၅၈ သန်း လက်ရှိက မနှစ်တုန်းကတော့ ၁၀ ဒသမ ၃၃ သန်း တန်ချိန် ၂၅၀၀၀ လောက် ပိုလာကြောင်း မတ်ပဲဆိုရင် သုံးသောင်းကျော် ပိုပို့ထားကြောင်း ပဲစင်းငုံဆိုရင်လည်း တန်ချိန်က ၉၁၀၀၀ လောက် ပိုပို့ထားကြောင်း လက်ရှိတွင် မတ်ပဲရော ပဲစင်းငုံရောက ကာလတူထက် ပိုပြီး တင်ပို့ထားကြောင်းကို လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ဇန်န၀ါရီလ ၁၆ ရက်နေ့အထိ မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၈၀၀၀ ၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၈၈၀၀၀ အထိ ဆက်တိုက် ဈေးကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

Source: Daily Eleven

Read times Last modified on Wednesday, 19 September 2018 11:31
Rate this item
(1 Vote)