Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်စိမ်းဈေးနှုန်းများ မြင့်တက်ပြီး သီးနှံဈေးနှုန်းများ ကျဆင်း

တစ်နိုင်ငံလုံးနီးပါး၌  မိုးများဆက်တိုက် ရွာသွန်းနေသည့်အတွက်  ရန်ကုန်မြို့ သီရိ မင်္ဂလာဈေးသို့

ကုန်စိမ်းဝင်ရောက်မှု နည်းပါးကာ   ဈေးနှုန်းများ မြင့်တက်နေသော်လည်း  သီးနှံများမှာ  ပုံမှန်အဝင်ရှိနေသောကြောင့်    ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း  သီရိ မင်္ဂလာဈေးရှိ  ကုန်စိမ်းရောင်းချသူတချို့ထံမှ သိရပါတယ်။

 

သီရိမင်္ဂလာဈေးသို့   သီးနှံဝင်ရောက်မှုမှာ  အနည်းငယ် ကျဆင်းနေသည့်အတွက်   ပြည်ပမှ   မှာယူရောင်းချနေရကြောင်း သိရပါတယ်။

 

ဂေါ်ဖီတစ်ထုပ်လျှင်   ငွေကျပ် ၁၄ဝဝ ဝန်းကျင်ခန့်အထိ  ပေါက်ဈေးဖြစ်နေကာ ယခင်တစ်ပတ်ကထက်   ငွေကျပ် ၈ဝဝ  ဝန်းကျင်အထိ  မြင့်တက်လျက်ရှိပြီး ရွှေပဲ သီးမှာလည်း    ဈေးနှုန်းမြင့်တက်နေကာ   ပြည်ပမှ တင်သွင်းနေ ရကြောင်း သိရပါတယ်။

 

ယခုအခါ နာနတ်သီးဝင်ရောက်မှု  မြင့်တက်နေပြီး တစ်လုံးလျှင်  ငွေကျပ် ၂ဝဝ ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလျက်ရှိကာ   ငွေကျပ် ၂ဝဝ မှ ၅ဝဝ  ဖြင့် ရောင်းချ နေကြောင်း  သိရပါတယ်။

 

''သီးနှံဝင်ရောက်မှုကတော့ ပုံမှန်ဖြစ်နေပေမယ့်   တခြားကုန်စိမ်းတွေ ဝင်ရောက်မှု နည်းသွားတယ်။ ရွှေပဲသီးဆိုရင်  အဝင်ကနည်းလာပြီး  ဈေးနှုန်း တော်တော်လေးမြင့်လာလို့   ပြည်ပကနေ မှာရောင်းနေရတယ်''ဟု ကုန်စိမ်းရောင်း ချသူ  တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိအချိန်တွင် ရွှေပဲသီးတစ်ပိဿာလျှင် ငွေကျပ်  ၄၅ဝဝ  မှ ၅ဝဝဝ အထိ ဈေးနှုန်းရှိနေပြီး တခြားကုန်စိမ်းအများစုမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး သီရိမင်္ဂလာဈေးသို့  မင်းကွတ်သီး၊  ကြက် မောက်သီး၊  ဒူးရင်းသီး၊  နာနတ်သီးနှင့် ကျွဲကောသီးများ  ဝင်ရောက်မှု များပြားနေသော်လည်း ငွေကျပ်  ၁ဝဝဝ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကာ လတ်တလော တွင်  ငွေကျပ်  ၂ဝဝဝ  မှ  ၅၅ဝဝ  အထိ  ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။

 

Read More >>>>> ဈေးနှုန်းကျခြင်းကြောင့် ပြောင်းစိုက် တောင်သူများ အရှုံးပေါ်

 

Read times Last modified on Tuesday, 18 September 2018 11:47
Rate this item
(2 votes)