Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲနှင့် နှမ်း ပြည်တွင်းပြည်ပ ဝယ်လိုအား များနေသဖြင့် နေကြာ တိုးချဲ့စိုက်ပျိုး

ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲနှင့် နှမ်းတို့ကို ပြည်တွင်း ပြည်ပ ဝယ်လိုအား များလာသောကြောင့်   ကုန်ကြမ်းရှားပါး လာသည့်အပြင် ပြည်တွင်း၌လည်း နေကြာဆီ သုံးစွဲမှုများလာသဖြင့် တောင်သူများက  နေကြာတိုးချဲ့ စိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

 

ပြည်တွင်း၌ မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို ကြိတ်ခွဲ၍ စားသုံးဆီအဖြစ် အသုံးပြုလေ့ ရှိကြသော်လည်း  လတ်တလော နှမ်းနှင့် မြေပဲကို ပြည်ပသို့တင်ပို့မှု များနေသည့် အတွက် ကုန်ကြမ်းရှားပါးမှုများ ရှိနေသည်။

 

ထို့ပြင် မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ မှ  ၈ဝဝဝ အထိ ဈေးနှုန်းရှိပြီး နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၄ဝဝဝ ဝန်းကျင်သာရှိကာ  မြေပဲဆီနှင့်  ဈေးနှုန်းထက်ဝက်ခန့် ကွာခြားသောကြောင့် နေကြာဆီစားသုံးမှု များလာကြောင်း သိရသည်။

 

Drinking Water သောက်ရေသန့်လုပ်ငန်းပေါင်း ၉၆၉ ခုကိုရှာရန်နှိပ်ပါ။

 

ထိုသို့ နေကြာဆီ စားသုံးမှုများလာခြင်းကြောင့်  ပြီးခဲ့သည့်နှစ်က  ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၌ စံပြစိုက်ကွက်အဖြစ် ဧက ၂ဝ စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ယင်းဒေသ၌ နေကြာစိုက်ဧက ၂ဝဝ အထိ တိုးချဲ့စိုက်ပျိုးရန်  စီစဉ်လျက်ရှိပြီး နောက်ပိုင်းတွင်လည်း ဆီထွက်သီးနှံကဏ္ဍ တစ်ဖက်တစ်လမ်းမှ ဖူလုံမှုရှိစေရန် တိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  ဈေးသက်သာ၍ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဝယ်လိုအားများလာ

 

နေကြာကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့် တမူးဒေသတို့၌လည်း စိုက်ပျိုးကြကာ ဧက ခုနစ်သိန်းမှ ရှစ်သိန်း ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

 

Source: Myawady

Read times Last modified on Friday, 20 September 2019 15:42
Rate this item
(1 Vote)