Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖျာပုံမှ ဆန်စျေးကွက်များသို့ ဆန်အိတ်ရေ ၄၀,၀၀၀ ထိတင်ပို့ရောင်းချ

ဖျာပုံခရိုင်မှ ရန်ကုန်မြို့ ဆန်စျေးကွက်များသို့ ဇန်နဝါရီလ ဒုတိယပတ်မှစ၍ တစ်နေ့လျှင် ဆန်အိတ်ရေ ၄၀,၀၀၀ ထိ တင်ပို့

ရောင်းချပေးနေကြောင်း ဖျာပုံမြို့နယ် ဆန်စက်နှင့် ဆန်ကုန်သည်များအသင်း၏ သတင်းများအရ သိရသည်။

 

ဖျာပုံခရိုင်တွင် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့မှ ထွက်ရှိနေသည့် ဆန်စပါးများကို ရန်ကုန်မြို့စျေးကွက်များမှတစ်ဆင့် မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဖြန့်ဖြူးရောင်းချ ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

 SB Plastic

ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ ဆန်စျေးကွက် သွက်လက်လှုပ်ရှားလာသဖြင့် အဆိုပါမြို့နယ်များမှ ရန်ကုန်မြို့ ဆန်စျေးကွက်များသို့ တစ်နေ့လျှင် ဆန်အိတ်ရေ ၄၀,၀၀၀ ထိ တင်ပို့ရောင်းချပေးခဲ့ရသည်။

 

လက်ရှိ ဖျာပုံခရိုင်အတွင်း ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ မြို့နယ်တို့တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁,၅၅၀,၀၀၀ မှ ၁,၆၀၀,၀၀၀ ခန့်ထိ ပေါက်စျေးရရှိနေပြီး ပေါ်ဆန်းဆန် ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၅၆,၀၀၀ မှ ငွေကျပ် ၅၈,၀၀၀ ထိ ပေါက်စျေးရှိနေကြောင်း၊ အဆိုပါမြို့နယ်များတွင် ဆန်စပါးအရောင်းအဝယ် ဖြစ်နေသည့် အခြေအနေနှင့် ပေါ်ဆန်းစပါး အမျိုးအစားပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိနေကြောင်း သိရသည်။

 

ထိုအတူ ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁,၁၅၀,၀၀၀ မှ ၁,၂၀၀,၀၀၀ ခန့်ထိ ပေါက်စျေးရရှိနေပြီး ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၄၀,၀၀၀ မှ ၄၃,၀၀၀ ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် လက်ရှိ ဖျာပုံခရိုင်အတွင်း ဆန်စက်အကြီး စုစုပေါင်း ၂၀၀ ခန့်ရှိရာ ဆန်၊ စပါးစျေးနှုန်း ကောင်းမွန်သဖြင့် အဆိုပါ ဆန်စက်ကြီးများအားလုံး လည်ပတ်ကာ ဆန်များကို ကြိတ်ခွဲဖြန့်ဖြူး ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များကို စျေးကွက်များသို့ တင်ပို့ရောင်းချရာ ကုန်းလမ်းအပြင် ရေလမ်းမှပါတင်ပို့ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Wednesday, 18 January 2023 16:16
Rate this item
(0 votes)