Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွန်ပြည်နယ်ထွက် ဒူးရင်းသီများအထွက်များပြီး ဈေးကောင်းရရှိနေ

မွန်ပြည်နယ်ထွက်ဒူးရင်းသီးများယခုနှစ်တွင်အထွက်များပြီး ဈေးကောင်းရရှိနေကြောင်း

ဒူးရင်းသီးရောင်းဝယ် သူများက ပြောကြားသည်။

 

ပြည်နယ်အတွင်းဒူးရင်းသီးအထွက်အများဆုံးဒေသဖြစ်သည့် ရေး၊ ပေါင်နှင့် မုဒုံမြို့နယ်တို့တွင် ဒူးရင်းသီး စပေါ်ချိန်၌ ယခင်နှစ်ကအကြီးဆုံးအရွယ်တစ်လုံးလျှင် ပျမ်းမျှဈေးကျပ် ၅,၀၀၀ ခန့်ရှိသော်လည်းယခုနှစ်တွင် အများဆုံးကျပ် ၈,၀၀၀မှ အနည်းဆုံးကျပ် ၄,၀၀၀ ထိဈေးကောင်းရနေသည်။

 

ယခင်နှစ်ကဒူးရင်းသီးစသီး ချိန်တွင်ရာသီဥတုဖောက်ပြန်မှုကြောင့် အသီးအထွက်နှုန်းနည်းပြီး ဈေးလည်းအနည်းငယ်သာ ရရှိသည်ဟုသိရသည်။

 

ယခုလတွင်ထွက်ရှိသောဒူးရင်းသီးများကို ရန်ကုန်နှင့်မန္တလေးတိုင်းသို့ အများဆုံးတင်ပို့ကြောင်း ဒူးရင်းသီးရောင်းဝယ်သူကပြောကြားထားသည်။

 

မွန်ပြည်နယ်ထွက်ဒူးရင်းသီးများကို ရန်ကုန်မြို့သို့အများဆုံးတင်ပို့ပြီး ပြည်နယ်အတွင်း မြို့နယ်များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချကာ ထိုင်းနယ်စပ်သို့လည်း တင်ပို့ရောင်းချလေ့ရှိသည်။

 

မွန်ပြည်နယ်တွင် ဒူးရင်းသီးများသည် တန်ခူးလဆန်းမှ ၀ါဆိုလထိ အများဆုံး ထွက်ရှိသည်။

Source:7 daily

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(1 Vote)