Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းလက်လီ၊ လက်ကားရောင်းဝယ်ရေး လုပ်ငန်းများတွင် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ခွင့်ပြု

စားသုံးသူများအပေါ် အမြတ်ထုတ်ခြင်း မရှိစေရန်နှင့် ဈေးကွက်စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်မှုတိုးလာစေရန် ပြည် တွင်း

လက်လီ၊ လက်ကားရောင်း ဝယ်ခြင်းလုပ်ငန်းများတွင် နိုင်ငံ ခြားသား လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ခွင့် မေလ ၉ ရက်တွင် စတင်ခွင့်ပြုပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။ စားသုံးသူများအတွက် ဈေး နှုန်းလျှော့ချပြီး ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှုအရည်အသွေးကောင်း ရရှိစေရန်၊ နည်းပညာတိုးတက် လာစေရန်နှင့် ပြည်တွင်းအသေး စားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနှင့် နိုင်ငံခြားသားပေါင်းစပ် မည့် ကုမ္ပဏီများကို လက်လီ၊ လက်ကားရောင်းဝယ်ရေး လုပ် ငန်းများတွင် လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ် ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

 

ပြည်တွင်းလက်လီ၊ လက် ကားရောင်းဝယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်သည့် နိုင်ငံ ခြားသားပိုင် ကုမ္ပဏီများနှင့် နိုင်ငံ ခြားနှင့် မြန်မာပူးပေါင်းဆောင် ရွက်သည့်ကုမ္ပဏီများအနေဖြင့် လက်ကားရောင်းချရေးစီးပွားရေး စတင်လုပ်ကိုင်မည်ဆိုပါက မြေ ငှားရမ်းခမပါ ကန်ဒေါ်လာငါးသန်းနှင့် လက်လီလုပ်ငန်းအတွက် ဒေါ်လာသုံးသန်း ကနဦး မ,တည်ရင်း နှီးရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်သည်။

 

လက်လီ၊ လက်ကားရောင်း ဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင်လည်း တည်ဆဲဥပဒေ၊ အမိန့် ကြော်ငြာစာနှင့် စည်းမျဉ်းများအ ရ ကန့်သတ်တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများကို ရောင်းချ ခြင်းမပြုရဟု ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာတွင် ဖော်ပြထား သည်။  ‘‘နိုင်ငံတကာကုမ္ပဏီကြီး တွေဝင်လာတော့ ဝန်ဆောင်မှုအ ပိုင်းမှာ ပိုကောင်းလာမယ်’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင် သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်း ချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

 

ယခုကဲ့သို့ ခွင့်ပြုသဖြင့် နိုင်ငံတကာတွင် နာမည်ကြီးနေသည့် ထုတ်ကုန်လုပ်ငန်းများ ပြည်တွင်း၌ တိုက်ရိုက်လာရောက် ရောင်းချ နိုင်ခြင်း၊ နာမည်ကြီးဈေးဝယ်စင် တာများ၊ စတိုးဆိုင်များ ပြည်တွင်း၌ လာရောက်ဖွင့်လှစ်နိုင်ခြင်း စသော အားသာချက်များရှိနိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအနေ ဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ နှင့် ပိုမို ပူးပေါင်းဆောင်ရွက်နိုင် မည်ဟု ဒေါက်တာစိုးထွန်းက ပြော သည်။  သို့သော် မြန်မာနိုင်ငံ၏အ သေးစား၊ အလတ်စား လုပ်ငန်း များဖြစ်သော အိမ်တွင်းမှု လုပ်ငန်းများနှင့် ဈေးဆိုင်များအတွက် လက်လီ၊ လက်ကားလုပ်ငန်းများ တွင် နိုင်ငံခြားသားများဝင်ရောက် လာပါက ကြီးမားသည့်စိန်ခေါ်မှု ကြီးတစ်ခုဖြစ်သည်ဟု လှိုင်သာ ယာစက်မှုဇုန်(၁) မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ချဲ့ထွင်နိုင်မှုအားနည်း သော ပြည်တွင်းအသေးစား၊ အ လတ်စားလုပ်ငန်းရှင်များအပါအ ဝင် အရောင်းဆိုင်လုပ်ငန်းများအ တွက် အခက်အခဲကြုံလာနိုင်သည် ဟု ၎င်းက ဆိုသည်။

 

လက်ရှိတွင် ပြည်တွင်း၌ ဝယ်လိုအားကျဆင်းနေခြင်းကြောင့် အသေးစား အရောင်းဆိုင်လုပ် ငန်းများ ရုန်းကန်နေရချိန်တွင် ရင်းနှီးမြှုပ်နှံမှုအင်အားကြီးမားပြီး နိုင်ငံတကာဈေးကွက်ရရှိထား သော စတိုးဆိုင်လုပ်ငန်းများ ပြည်တွင်းဝင်လာပါက ယှဉ်ပြိုင်ရောင်း ချနိုင်မည်မဟုတ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင် အချို့က ပြော သည်။ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ သားများ၏ဈေးလျှော့ရောင်းချ သော အရောင်းဆိုင်အချို့ကြောင့် ပြည်တွင်းအရောင်းဆိုင်လုပ်ငန်း များ နစ်နာခဲ့သည်ဟု ၎င်းတို့က ပြောသည်။

 

နိုင်ငံခြား လုပ်ငန်းရှင်များ မြန်မာနိုင်ငံကို ၀င်ရောက်လာပါ က လက်ရှိဈေးဝယ်စင်တာ လုပ် ငန်းတည်ထောင်ထားသူများအ တွက် ပူးပေါင်းလုပ်ကိုင်နိုင်သဖြင့် အဆင်ပြေသော်လည်း တစ်နိုင် တစ်ပိုင် လုပ်ကိုင်သူများအတွက် ယှဉ်ပြိုင်ရန် ခက်ခဲသည်ဟု မြန်မာနိုင်ငံလက်လီရောင်းချသူများ အ သင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်း အောင်က ပြောသည်။

 

နိုင်ငံခြားသား လုပ်ငန်းရှင် များအနေဖြင့် ပြည်တွင်းသို့ ၀င် လာမည်ဆိုပါက ဘဏ်ချေးငွေ များဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင် ခြင်း၊ နည်းပညာကောင်းများ ရှိ နေခြင်းကြောင့် ပြည်တွင်းလုပ် ငန်းရှင်များအတွက် ယှဉ်ပြိုင်ရန် ခက်ခဲသည်ဟု ၎င်းကဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:41
Rate this item
(0 votes)