Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနှင့် အိန္ဒိယ ပဲရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနှင့် အိန္ဒိယ ပဲရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

 

Zebra

 

အဆိုပါနားလည်မှု စာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်  နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်သွင်းသွားမည်ဖြစ်သည်။

 

ယခု G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ  နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေပဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။

 

အဆိုပါ နားလည်မှုစာချွန်လွှာအရ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee – JMC) အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်-နယူးဒေလီတို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲနှင့် ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများကို နှစ်ဘက်သဘောတူ သတ်မှတ်ခဲ့ကြပါသည်။

 

ထို့အပြင်နှစ်ဖက် Focal Person များသတ်မှတ်၍ G to G MoU အရ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုတွင် ပေါ်ပေါက်လာနိုင်သည့် ကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာ တင်သွင်းခွင့်အား ၃၁-၃-၂၀၂၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာနိုင်ငံမှ  မတ်ပဲနှင့် ပဲစင်းငုံတို့အား အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

 

ရင်းမြစ် စီးပွားကူးသန်း

MyanmarFoodIndustryGuide

Read times Last modified on Wednesday, 28 September 2022 14:50
Rate this item
(0 votes)