Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ငှက်ပျောနှင့် အခြားသီးနှံများ တရားဝင်တင်ပို့နိုင်ရန်ဆောင်ရွက်

Unicode

 

တရုတ်နိုင်ငံသို့ ငှက်ပျောနှင့် အခြားသီးနှံများ တရားဝင်တင်ပို့နိုင်ရန်ဆောင်ရွက်


တရုတ်နိုင်ငံသို့ ငှက်ပျောနှင့် အခြားသီးနှံများ တရားဝင်တင်ပို့နိုင်ရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၏ ပြောပြချက်အရ သိရပါတယ်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိသော သီးနှံများဖြစ်တဲ့ လိုင်ချီး၊ မင်းကွတ်နှင့် ကြက်မောက်သီးတို့ကို နယ်စပ်ဂိတ်အားလုံးမှ တင်ပို့ခွင့်ပြုထားသော်လည်း အများဆုံး တင်ပို့နေသည့် ဖရဲ၊ သခွားမွှေး၊ သရက်နှင့် ဆီးသီးတို့ကို မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့နယ်စပ်ဂိတ်နှစ်ခုမှသာ တင်ပို့ခွင့်ပြုထားခဲ့ရာ လတ်တလောတွင် ယင်းသီးနှံလေးမျိုးကို နယ်စပ်ဂိတ်အားလုံးမှ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

လတ်တလော တရားဝင်တင်ပို့ခွင့်ရရှိထားသည့် သီးနှံရှစ်မျိုးအပြင် ငှက်ပျော၊ ထောပတ်သီး၊ ကျွဲကောနှင့် နာနတ်တို့ကို တရားဝင်တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Read More  >>>>>  ေျမပဲအထြက္ႏႈန္းေကာင္းၿပီး ေစ်းေကာင္းရ

 

"အခြားသီးနှံတွေပါ တင်ပို့ခွင့်ရအောင် ညှိနှိုင်းနေတာကြာပါပြီ။ အခု ပထမဆုံး တရုတ်နိုင်ငံဘက်က ဒီသီးနှံလေးမျိုးကို ဘယ်နယ်စပ်ဂိတ်ကမဆို တင်သွင်းခွင့်ပြုလိုက်ပြီဆိုတဲ့စာ ထုတ်ပေးလာတယ်။ ဒီနှစ်ကနေစပြီး ဘယ်ဂိတ်ကမဆို တရားဝင်တင်ပို့ခွင့်ရပြီဖြစ်လို့ ခရီးစရိတ်တွေသက်သာသွားမှာပါ" ဟု ဦးကျော်သူက ပြောကြားခဲ့ပါတယ်။

 

ယခင်က ရှမ်းပြည်နယ်အပါအဝင် ကချင်ပြည်နယ်မှထွက်ရှိတဲ့ သီးနှံများကို မူဆယ်သို့ သယ်ယူပြီးမှသာ ပြည်ပသို့ တင်ပို့ခြင်းဖြစ်သောကြောင့် စရိတ်အကုန်အကျများခဲ့ကြောင်း၊ ထို့ပြင် တရားဝင် တင်ပို့ခွင့်မရရှိသေးချိန်က တစ်ဖက်မှ ဂိတ်များပိတ်လိုက်ပါက အခက်အခဲများ ရှိနိုင်မည်ဖြစ်ပြီး လတ်တလောတွင် တရားဝင်တင်ပို့နိုင်ပြီဖြစ်သည့်အတွက် ကုန်သွယ်ရေး ပိုမိုတက်လာနိုင်ကြောင်း သိရပါတယ်။

 

Source: Myawaddy

 

 

 

တ႐ုတ္ႏိုင္ငံသို႕ ငွက္ေပ်ာႏွင့္ အျခားသီးႏွံမ်ား တရားဝင္တင္ပို႕ႏိုင္ရန္ေဆာင္ရြက္

 

တ႐ုတ္ႏိုင္ငံသို႕ ငွက္ေပ်ာႏွင့္ အျခားသီးႏွံမ်ား တရားဝင္တင္ပို႕ႏိုင္ရန္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႕ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမွဴး ဦးေက်ာ္သူ၏ ေျပာျပခ်က္အရ သိရပါတယ္။

 

ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႕ တရားဝင္တင္ပို႕ခြင့္ရရွိေသာ သီးႏွံမ်ားျဖစ္တဲ့ လိုင္ခ်ီး၊ မင္းကြတ္ႏွင့္ ၾကက္ေမာက္သီးတို႕ကို နယ္စပ္ဂိတ္အားလံုးမွ တင္ပို႕ခြင့္ျပဳထားေသာ္လည္း အမ်ားဆံုး တင္ပို႕ေနသည့္ ဖရဲ၊ သခြားေမႊး၊ သရက္ႏွင့္ ဆီးသီးတို႕ကို မူဆယ္-ေရႊလီႏွင့္ မိုင္းလား-တာေလာ့နယ္စပ္ဂိတ္ႏွစ္ခုမွသာ တင္ပို႕ခြင့္ျပဳထားခဲ့ရာ လတ္တေလာတြင္ ယင္းသီးႏွံေလးမ်ဳိးကို နယ္စပ္ဂိတ္အားလံုးမွ တင္ပို႕ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

 

လတ္တေလာ တရားဝင္တင္ပို႕ခြင့္ရရွိထားသည့္ သီးႏွံရွစ္မ်ဳိးအျပင္ ငွက္ေပ်ာ၊ ေထာပတ္သီး၊ ကြ်ဲေကာႏွင့္ နာနတ္တုိ႕ကို တရားဝင္တင္ပို႕ႏိုင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Read More  >>>>>  ေျမပဲအထြက္ႏႈန္းေကာင္းၿပီး ေစ်းေကာင္းရ

 

"အျခားသီးႏွံေတြပါ တင္ပို႕ခြင့္ရေအာင္ ညွိႏိႈင္းေနတာၾကာပါၿပီ။ အခု ပထမဆံုး တရုတ္ႏိုင္ငံဘက္က ဒီသီးႏွံေလးမ်ဳိးကို ဘယ္နယ္စပ္ဂိတ္ကမဆို တင္သြင္းခြင့္ျပဳလုိက္ၿပီဆိုတဲ့စာ ထုတ္ေပးလာတယ္။ ဒီႏွစ္ကေနစၿပီး ဘယ္ဂိတ္ကမဆို တရားဝင္တင္ပို႕ခြင့္ရၿပီျဖစ္လို႕ ခရီးစရိတ္ေတြသက္သာသြားမွာပါ" ဟု ဦးေက်ာ္သူက ေျပာၾကားခဲ့ပါတယ္။

 

ယခင္က ရွမ္းျပည္နယ္အပါအဝင္ ကခ်င္ျပည္နယ္မွထြက္ရွိတဲ့ သီးႏွံမ်ားကို မူဆယ္သို႕ သယ္ယူၿပီးမွသာ ျပည္ပသုိ႕ တင္ပို႕ျခင္းျဖစ္ေသာေၾကာင့္ စရိတ္အကုန္အက်မ်ားခဲ့ေၾကာင္း၊ ထုိ႕ျပင္ တရားဝင္ တင္ပို႕ခြင့္မရရွိေသးခ်ိန္က တစ္ဖက္မွ ဂိတ္မ်ားပိတ္လိုက္ပါက အခက္အခဲမ်ား ရွိႏိုင္မည္ျဖစ္ၿပီး လတ္တေလာတြင္ တရားဝင္တင္ပို႕ႏိုင္ၿပီျဖစ္သည့္အတြက္ ကုန္သြယ္ေရး ပိုမိုတက္လာႏိုင္ေၾကာင္း သိရပါတယ္။

 

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 13:15
Rate this item
(0 votes)