Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ကိုးသိန်းကျော်ရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့

မှတစ်ဆင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ကိုးသိန်းကျော် တင်ပို့ထားနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၅ သန်းအထိ ရရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံက သိရသည်။

 

ပြည်ပပို့ ဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်းတင်ပို့မှုက အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၁၀၇ သန်းရရှိပြီး နယ်စပ်ကုန်သွယ်ရေးများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၅၀ ကျော်ရရှိထားသည်။

 

ပင်လယ်ရေကြောင်းက တင်ပို့မှုသည် တန်ချိန် ၇၅၈၄၀၀ ကျော်ရှိပြီး နယ်စပ်ဂိတ်များကတစ်ဆင့် တင်ပို့သည့် အရေအတွက်မှာ ၁၄၆၃၄၆ တန်ဝန်းကျင်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံက သိရသည်။

 

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၂၁၃၀၀၀ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့တန်ချိန် ၁၂၀၀၀၀ တန်၊ စပိန်နိုင်ငံသို့ ၃၉၀၀၀ တန်၊ အီတလီနိုင်ငံသို့ တန်ချိန် ၃၉၀၀၀၊ ဘယ်ဂျီယံနိုင်ငံသို့ ၃၁၀၀၀ တန် တင်ပို့နိုင်ခဲ့သည်။

 

ပြည်ပသို့ ဆန်တင်ပို့မှုလုပ်ဆောင်ရာတွင် ပြည်တွင်းရှိ မြန်မာကုမ္ပဏီများသာမက ပြည်ပမှ နိုင်ငံခြားကုမ္ပဏီများ၊ ပြည်တွင်း-ပြည်ပ ဖက်စပ်ကုမ္ပဏီများကိုပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့် အညီ တင်ပို့ခွင့်ပြုထားကြောင်းသိရသည်။

 

Source:MDN
Myanmar Food Industry Guide

Read times
Rate this item
(0 votes)