Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နိုင်ငံလုံးရှိ ပြည်သူများသို့ အခြေခံစားသောက်ကုန် ခြောက်မျိုး ထောက်ပံ့မည်

တစ်နိုင်ငံလုံးရှိ ပြည်သူများသို့ အခြေခံစားသောက်ကုန် ခြောက်မျိုး ထောက်ပံ့မည်


ပြည်ထောင်စုအစိုးရက တစ်နိုင်ငံလုံးရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရန် စီမံချက် ရေးဆွဲလျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။
အသက်အရွယ် အပိုင်းအခြား ခွဲခြားမှုအရ စားသုံးနိုင်သည့်အတိုင်းအတာကို သိရှိနိုင်ရန် အသက် ၁၂ နှစ်အောက်၊ အသက် ၁၂ နှစ်မှ ၄၀ နှစ်၊ အသက် ၄၁ နှစ်နှင့်အထက်ဟူ၍ ခွဲခြားကောက်ယူမှုများ ပြုလုပ်လျှက် ရှိသည်ဟု ဝန်ကြီးက ဆိုသည်။
" ခြောက်မျိုးထောက်ပံ့မယ့် အစီအစဉ်ပါ။ စီစဉ်ထားဆဲပါ " ဟု ၎င်းက ပြောသည်။
သင်္ကြန်မတိုင်မီ ဧပြီလဆန်းပိုင်းတွင်လည်း တစ်နိုင်ငံလုံးရှိ ဝင်ငွေနည်းပါးသည့် လက်လုပ်လက်စားများကို အစိုးရက အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
ယင်းအစီအစဉ်အရ ဝင်ငွေနည်းမိသားစုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ ငါးဆယ်ကျပ်သား၊ ဆားတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ကုလားပဲ ငါးဆယ်ကျပ်သား စသည်ဖြင့် ထောက်ပံ့ပေးခဲ့ပြီး အမှန်တကယ် ဝင်ငွေနည်းပါးသူ၊ ဝင်ငွေမရှိသည့် အိမ်ထောင်စုများ မရရှိကြကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေ ခြောက်သန်းခွဲခန့် ရှိသည့်အနက် ဝင်ငွေနည်းအိမ်ထောင်စု ၆၅၉,၉၂၃ စု စာရင်းကောက်ယူရရှိကာ ကျပ်သန်းပေါင်း ၇၄၄၈ သန်း ကုန်ကျခဲ့သဖြင့် တစ်အိမ်ထောင်လျှင် ၁၂၂၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်ကောင်စီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် လူဦးရေ ၅၅ သန်းခန့်ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရှိရသည်။
ယခုထောက်ပံ့ပေးမည့် အစီအစဉ်တွင် မည်သည့်စားသောက်ကုန်များ ပါဝင်မည်ကိုမူ မသိရသေးပေ။
Source : The Voice Journal
#Zawgyi

တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားသို႔ အေျခခံစားေသာက္ကုန္ ေျခာက္မ်ိဳး ေထာက္ပံ့မည္
====================
ျပည္ေထာင္စုအစိုးရက တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားထံသို႔ အေျခခံစားေသာက္ကုန္မ်ား ေထာက္ပံ့ႏိုင္ရန္ စီမံခ်က္ ေရးဆြဲလွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာၾကားသည္။
အသက္အ႐ြယ္ အပိုင္းအျခား ခြဲျခားမႈအရ စားသုံးႏိုင္သည့္အတိုင္းအတာကို သိရွိႏိုင္ရန္ အသက္ ၁၂ ႏွစ္ေအာက္၊ အသက္ ၁၂ ႏွစ္မွ ၄၀ ႏွစ္၊ အသက္ ၄၁ ႏွစ္ႏွင့္အထက္ဟူ၍ ခြဲျခားေကာက္ယူမႈမ်ား ျပဳလုပ္လွ်က္ ရွိသည္ဟု ဝန္ႀကီးက ဆိုသည္။
" ေျခာက္မ်ိဳးေထာက္ပံ့မယ့္ အစီအစဥ္ပါ။ စီစဥ္ထားဆဲပါ " ဟု ၎က ေျပာသည္။
သၾကၤန္မတိုင္မီ ဧၿပီလဆန္းပိုင္းတြင္လည္း တစ္ႏိုင္ငံလုံးရွိ ဝင္ေငြနည္းပါးသည့္ လက္လုပ္လက္စားမ်ားကို အစိုးရက အေျခခံစားေသာက္ကုန္ ငါးမ်ိဳး ေထာက္ပံ့ေပးခဲ့ၿပီးျဖစ္သည္။
ယင္းအစီအစဥ္အရ ဝင္ေငြနည္းမိသားစုတစ္စုလွ်င္ ဆန္ရွစ္ျပည္၊ ဆီ ငါးဆယ္က်ပ္သား၊ ဆားတစ္ပိႆာ၊ ၾကက္သြန္နီ တစ္ပိႆာ၊ ကုလားပဲ ငါးဆယ္က်ပ္သား စသည္ျဖင့္ ေထာက္ပံ့ေပးခဲ့ၿပီး အမွန္တကယ္ ဝင္ေငြနည္းပါးသူ၊ ဝင္ေငြမရွိသည့္ အိမ္ေထာင္စုမ်ား မရရွိၾကေၾကာင္း ေဝဖန္မႈမ်ားလည္း ရွိခဲ့သည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း လူဦးေရ ေျခာက္သန္းခြဲခန႔္ ရွိသည့္အနက္ ဝင္ေငြနည္းအိမ္ေထာင္စု ၆၅၉,၉၂၃ စု စာရင္းေကာက္ယူရရွိကာ က်ပ္သန္းေပါင္း ၇၄၄၈ သန္း ကုန္က်ခဲ့သျဖင့္ တစ္အိမ္ေထာင္လွ်င္ ၁၂၂၀၀ က်ပ္ႏႈန္းျဖင့္ ေထာက္ပံ့ႏိုင္ခဲ့ေၾကာင္း တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ သိရွိရသည္။
ျမန္မာႏိုင္ငံတြင္ အစိုးရအဖြဲ႕႐ုံးစိုက္ရာ ေနျပည္ေတာ္ေကာင္စီႏွင့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၁၄ ခုတြင္ လူဦးေရ ၅၅ သန္းခန႔္ရွိေၾကာင္း ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ သိရွိရသည္။
ယခုေထာက္ပံ့ေပးမည့္ အစီအစဥ္တြင္ မည္သည့္စားေသာက္ကုန္မ်ား ပါဝင္မည္ကိုမူ မသိရေသးေပ။
Source : The Voice Journal

Read times
Rate this item
(0 votes)