Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Yangon Weekend Market အပြီးပိတ်သိမ်း

Unicode  >>>>>

 

Yangon Weekend Market အပြီးပိတ်သိမ်း


ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းတမ်း (အောက်ဘလောက်) တွင် ဖွင့်လှစ်ထားသော Yangon Weekend Market ကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း Yangon Weekend Market မှ ဒါရိုက်တာ ဒေါ်မေမြတ်အောင်၏ ပြောဆိုချက်အရ သိရပါတယ်။


Rice Mill Machinery & Spare Parts ဆန်စက်နှင့်အပိုပစ္စည်းဝယ်ယူနိုင်သည့်နေရာများ (၈၈) ခုကိုရှာရန်နှိပ်ပါ။


အဆိုပါဈေးကို ၂၀၁၉ ခုနှစ် မေ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)တွင် လူသွားလူလာနည်းပါးခြင်းကြောင့် စားသုံးသူတဖြည်းဖြည်းနည်းပါးလာကာ ဆိုင်ခန်းပိုင်ရှင်ဈေးသည်များ အခက်အခဲဖြစ်ပေါ်လာခြင်းကြောင့် အပြီးပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


ယင်းဈေးဖွင့်လှစ်ရန် တစ်နှစ်စာချုပ်ချုပ်ဆိုထားပြီး အပတ်စဉ်  စနေ၊ တနင်္ဂနွေ နေ့တို့တွင် မွန်းတည့် ၁၂ နာရီမှ ည ၁၂ နာရီအထိ ဖွင့်လှစ်ခဲ့ကာ ယခုအခါ တစ်နှစ်စာချုပ်သက်တမ်းလည်း ပြည့်တော့မည်ဖြစ်၍ ရပ်နားခဲ့ခြင်းဖြစ်ပါတယ်။


Yangon Weekend Market တွင် ဆိုင်ခန်းပေါင်း ၈၀ ကျော် ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၈၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ရိုးရာလက်မှုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာချည်ထည်မျိုးစုံ၊ တိုင်းရင်းသားတို့၏ အထင်ကရအစားအစာဆိုင်များ၊ နိုင်ငံအသီးသီး၏ နာမည်ကြီးအစားအစာဆိုင်များ၊ ဖျော်ရည်ဆိုင်များ၊ Hair Cut, Nail Art ဆိုင်များအပါအဝင် ဂိမ်းကစားနည်းမျိုးစုံ၊  အနုပညာရှင်တို့၏ ဖျော်ဖြေမှုများနှင့် ဓာတ်ပုံရိုက်ရန် အပြင်အဆင်များ စသည်တို့ကို တစ်နေရာတည်းတွင် စုစည်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>  စားလို့အရမ်းကောင်းတဲ့ ပြည်ကြီးငါးပေါင်း


ထို Market ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်  Market Myanmar ကုမ္ပဏီလီမိတက်တို့ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

Zawgyi  >>>>>

 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Saturday, 21 March 2020 09:30
Rate this item
(0 votes)