Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ငါးများကို ပြည်ပသို့ တင်ပို့မှု ရှိလာသည့်အတွက် မွေးမြူသူများ အဆင်ပြေ

ပင်လယ်မှဖမ်းယူရရှိသည့် ကျောက်ငါး များကို  သဘာဝနည်းအတိုင်း  မွေးမြူပြီး ပြည်ပသို့ တင်ပို့မှုများရှိလာသည့်အတွက် ကျောက်ငါးမွေးမြူသူများ

အဆင်ပြေလျက် ရှိကြောင်း ပုသိမ်မြို့နယ် ချောင်းသာ ရွှေသောင်ယံရှိ ကျောက် ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းကိုထံမှ သိရသည်။

 

ကျောက်ငါးများကို သဘာဝအလျောက် မွေးမြူရာတွင် ငါးသားပေါက် စုဆောင်းရသည့် အခက်အခဲ အနည်းငယ်ရှိသော်လည်း မွေးမြူပြီး ခြောက်လခန့်ကြာမြင့်ပါက ရောင်းတမ်း ဝင်သော အရွယ်အစားသို့ ရောက်ရှိလာသည့် အတွက် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ ကြကာ ထိုမှတစ်ဆင့်  ပြည်ပသို့  တင်ပို့ ရောင်းချခြင်းဖြစ်သည်။

 

''ကျောက်ငါးကို သဘာဝအလျောက် ကန်ချပြီးမွေးတယ်။ စမွေးရင် ခြောက်လ အချိန်ယူ ရတယ်။ခြောက်လအတွင်းမှာ အစာကို နှစ်ရက်တစ်ကြိမ် ပုံမှန်ကျွေးရတယ်။ ဈေးကပြည်ပတင်ပို့မှုပေါ် မူတည်ပါတယ်။ ပြည်ပတင်ပို့မှု အကျိုး အမြတ်ကတော့ ငါးအသေအပျောက် နည်းရင်  ပိုရတယ်။ တင်လို့ရတဲ့ဆိုဒ်က   ခန့်မှန်းခြေ အကောင် ၁ဝဝ ဆိုရင် ကီလို ၅ဝ လောက်ရှိတယ်'' ဟု ကိုဝင်းကို ကပြောသည်။

 

ထိုသို့ သဘာဝအတိုင်း မွေးမြူကာ အကျိုးအမြတ် များစွာရရှိနိုင်သည့် ပင်လယ်ငါး၊ ပုစွန်များကို ရေရှည်တည်တံ့ပြီး စားသုံးနိုင်ရန် ဖမ်းဆီးသော နည်းစနစ်များ ပြောင်းလဲရာတွင် သတ်မှတ်ထားသည့် ငါးဖမ်းကိရိယာများဖြင့်သာ ဖမ်းဆီးသင့်ကြောင်း၊ လက်ရှိတွင် ငါးမဖမ်းရရာသီ၊   ငါးမဖမ်းရဧရိယာဟု သတ်မှတ်ထားသော်လည်း ရေလုပ်သားများ အနေဖြင့် စားဝတ်နေရေး အတွက် ခိုးဖမ်းခြင်းများ ရှိကြောင်း သိရသည်။

 

ရေချိုငါးများကို နှစ်စဉ် ငါးသားပေါက်များ ထည့်ခြင်းအပြင် ငါးမွေးမြူရေးကန်များ ရှိသည့်အတွက် မျိုးသုဉ်းပျောက်ကွယ်ရန် မစိုးရိမ်ရသော်လည်း ပင်လယ်ငါးများကို ထုတ်ယူစားသုံးမှုများသာ ရှိပြီး ပြန်လည်မွေးမြူသူ နည်းပါးသည့် အတွက်  တစ်နှစ်ထက် တစ်နှစ် ရှားပါးလာခြင်း ဖြစ်ကြောင်း သိရသည်။    

     

Source: Myawaddy

Read times
Rate this item
(1 Vote)