Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံမှ ငှက်ပျော တင်ပို့မှု တရုတ်သို့ မကြာမီရောက်ရှိမည်

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှု အများဆုံးကာလသည် အောက်တိုဘာမှ မေလအထိ ဖြစ်သည်။

 

လာမည့်နှစ်လအတွင်းပို့ကုန် ပမာဏ သိသိသာသာတိုးလာလိမ့်မည်ဟု မျှော်လင့်ရသည်။ Yunnan Jinxin Agricultural Co., Ltd.၏ အထွေထွေမန်နေဂျာလက်ထောက်ဖြစ်သူ Zhongpu က မြန်မာနိုင်ငံမှ ငှက်ပျောသီးထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေများအကြောင်းနှင့် ပတ်သက်၍“ မူလစိုက်ပျိုးတဲ့နေရာမှ လက်ရှိစျေးနှုန်းတွေဟာ တစ်ကီလိုဂရမ်ကို ယွမ် ၂.၄-၂.၈ ယွမ် ရှိပြီး ယမန်နှစ် အလားတူကာလထက် ၁.၅ ယွမ် ပိုနည်းပါတယ်။ စျေးနှုန်းနိမ့်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံပြည်တွင်းသီးနှံစျေးကွက်နှေးကွေးနေလို့ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါကတင်ပို့ကုန်ပမာဏတိုးလာပါတယ်။ ယခုနှစ်ပထမ ၁၀ လအတွင်း Tengchong ရှိ Houqiao ဆိပ်ကမ်းမှတစ်ဆင့် တရုတ်သို့ တင်ပို့တဲ့ မြန်မာငှက်ပျောစုစုပေါင်းတန်ချိန် ၇၀၀,၀၀၀ ရှိပြီး၊ လာမည့်နှစ်လအတွင်း တရုတ်နိုင်ငံသို့တန်ချိန် ၃၀၀,၀၀၀ တင်ပို့မယ်” ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

Jinxin Agricultural Co., Ltd.သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် စိုက်ခင်းဧကပေါင်း ၁၆၅,၀၀၀ ကျော်ရှိသည်။ မြန်မာ့ငှက်ပျောများ၏ အားသာချက်များအကြောင်းပြောရာတွင် He Zhongpu က“ မြန်မာနိုင်ငံမှာ ငှက်ပျောသီးစိုက်ခင်းပေါင်း ၃၀၀,၀၀၀ ကျော်ရှိတယ်၊ ဒါကြောင့် အသီးကို တစ်နှစ်ပတ်လုံး ဆက်တိုက်ထောက်ပံ့ပေးနိုင်တယ်။ စိုက်ခင်းနေရာတွင် ဂေဟစနစ်ပတ်ဝန်းကျင်ကို စက်မှုလုပ်ငန်းများကြောင့် ညစ်ညမ်းမှု မရှိဘဲ မြေဆီသြဇာလည်း ကောင်းမွန်တယ်။

 

ပျမ်းမျှအားဖြင့် စိုက်ခင်းတွင် အသုံးပြုသောပိုးသတ်ဆေးများနှင့်ဓာတ်မြေသြဇာပမာဏမှာ တရုတ်နိုင်ငံမှာ ရှိတဲ စိုက်ခင်းတွေမှာ သုံးတာရဲ့လေးပုံတစ်ပုံသာ ရှိပါတယ်။ ပူနွေးသောရာသီဥတုနှင့် နေ့ညအပူချိန် ကွာခြားမှုက အသီး၏ အရည်အသွေးကိုလည်းအထောက်အကူပြုပါတယ်။ သကြားပါဝင်မှု မြင့်မားတဲ့အပြင် မျက်နှာပြင်ချောချောမွေ့မွေ့ဖြစ်ပြီး အခြားငှက်ပျောသီးများထက် ခရင်မ်နှင့်နူးညံ့သောအရသာကိုလည်းရရှိပါတယ်။

 

နိုင်ငံများစွာရှိ စိုက်ပျိုးထုတ်လုပ်မှု ဧရိယာများဟာ ပနားမားရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော်လည်းမြန်မာနိုင်ငံမြောက်ပိုင်းမှာ ငှက်ပျောလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တဲ့ လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ကချင်ပြည်နယ်မှာ ရောဂါဖြစ်ပွားခြင်း မရှိခဲ့ပါ“ “ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ ငှက်ပျောသီးမှာ အရည်အသွေး ကွာခြားမှု သိပ်မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရှိ ငှက်ပျောသီးလုပ်ငန်းဟာ ရေရှည်ခံနိုင်သည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဖိလစ်ပိုင်ကဲ့သို့ ကျွမ်းကျင်မှု မရှိသေးပါဘူး။

 

သယ်ယူပို့ဆောင်ရေး အခြေအနေများဟာ သစ်သီးအရည်အသွေးကို များစွာအကျိုးသက်ရောက်ပါတယ််။ အထူးသဖြင့်နွေရာသီမှာ အထူးသတိပြုစရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ လတ်တလောမှာ ကျွန်တော်တို့ ဖိလစ်ပိုင်နိုင်ငံမှ နမူနာပုံစံကို ရယူပြီး ထုတ်ကုန်အရည်အသွေး တိုးတက်စေရန် ရိတ်သိမ်းချိန်လွန်ပြုပြင်ထုတ်လုပ်မှုနှင့် အအေးခန်းထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်စေရန် လုပ်ဆောင်ရမှာဖြစ်ပါတယ်”

 

“ လတ်တလောမှာ ကားလိုင်းတွေကနေတစ်ဆင့် ကျွန်တော်တို့ဟာ အစိမ်းရောင်ငှက်ပျောသီးအများစုကို ရောင်းချကြတယ်။ စူပါမားကတ်ကို အရည်အသွေးမြင့်မားတဲ့ မြန်မာပြည်ငှက်ပျောတွေ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် အဝါရောင်ငှက်ပျောသီးအတွက် အရောင်းလမ်းကြောင်းများနှင့်မိတ်ဖက်များကိုရှာဖွေနေပါတယ်” ဟုပြောကြားခဲ့သည်။

 

Ref-freshplaza.com

Read times
Rate this item
(0 votes)