Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်ကိုရီးယားမှာ ဝက်သားဈေးတက်

COVID-19 ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း တောင်ကိုရီးယားသည် အွန်လိုင်းအစားအစာထုတ်ကုန်အရောင်းအဝယ်များတွင်

၉၀% ကျော်တိုးလာသည်ကိုတွေ့မြင်ခဲ့ရသည်။ တိုင်းပြည်မှ လူအချင်းချင်း ခပ်ခွာခွာ နေခြင်း စည်းမျဉ်းအချို့ကို ဖြေလျှော့ပေးခဲ့သည့်တိုင် ကုန်သွယ်ရေးနှင့်ဆိုင်သောစိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

အွန်လိုင်းဈေးရောင်းသည့် Emart Mall, SSG Mall, AK Mall, Galleria Mall, Lotte.com, Lotte Mart Mall, WeMakePrice, TicketMonster, Homeplus, eBay Korea, 11Street, Interpark, နှင့် Coupang တို့ အားလုံးစုစုပေါင်း ပမာဏ ၃၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစားအစာထုတ်ကုန်များ အွန်လိုင်းရောင်းချသည့် ပမာဏတန်ဖိုးသည် ၉၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တောင်ကိုရီးယားတွင် လူအများတို့သည် ဖြစ်နိုင်သရွေ့ အိမ်ထဲမှာပဲ နေထိုင်ကြပြီး လိုအပ်သည်တို့ကို အွန်လိုင်းမှ မှာယူကြသဖြင့် ယခုလို ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူပင် ရပ်ကွက်များထဲ၌ ဖွင့်လှစ် ရောင်းချသည့် စတိုးဆိုင်ငယ်များလည်း ရောင်းအားတက်ခဲ့သည်။ လူအများတို့သည် စူပါမားကက်ကြီးများသို့ မသွားကြဘဲ အနီးအနားရှိ စတိုးဆိုင်မှာပင် ဝယ်ယူကြသည်။ စတိုးဆိုင်မှာ မရနိုင်သည်တို့ကို အွန်လိုင်းမှ မှာယူကြသည်။ တစ်နည်းဆိုရသော် ကိုဗစ်ကြောင့် အစားအစာ ထုတ်ကုန် ဝယ်ယူမှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
အစားအစာထုတ်ကုန်များတွင် ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းရသည့် အမျိုးအမည်များ ရှိသည့်နည်းတူ ပိုလျှံသဖြင့် ပြည်ပသို့ တင်ပို့ရသည်များလည်း ရှိသည်။ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် ကုန်ထုတ်လုပ်မှု ၄၈.၇ ရာခိုင်နှုန်း လျော့ကျသွားသဖြင့် အချို့ထုတ်ကုန်များ ဈေးတက်သည်။ ပြည်တွင်းမှ ထုတ်လုပ်သော ဝက်သားသည် ဈေးနှုန်းသည် ပြည်ပမှ တင်သွင်းသည့် ဝက်သားဈေးနှုန်း နှစ်ဆဖြစ်နေသည်။
ဝက်သား လက်လီအရောင်းဈေးနှုန်းသည် တစ်ကီလိုလျှင် 4,571 won (US$3.94) အထက်တွင် ရှိသည်။ ပြီးခဲ့သည့် မတ်လတွင် တစ်ကစ်လို 3,906 won ဈေးနှုန်း ရှိခဲ့သည်။ ဖေဖော်ဝါရီလတုန်းက 3,368 won ဖြစ်သည်။ သို့ဖြစ်ရာ ဧပြီလဈေးနှုန်းသည် ၃၆ ရာခိုင်နှုန်း ခုန်တက်သွားခြင်း ဖြစ်သည်။ လူကြိုက်များသော ဝက်ဗိုက်သားသည် တစ်ကီလို 18,546 won ‌ဈေးနှုန်း ရှိသည်။
ပြည်တွင်း ဝက်သားစားသုံးမှု ကီလိုပမာဏ စုစုပေါင်း၏ သုံးပုံတစ်ပုံကို ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းသည်။ လောလောဆယ်တွင် ပြည်ပမှ ဝက်သား တင်သွင်းရန် ပို့ဆောင်ရေး မလွယ်ကူသေးသဖြင့် တင်သွင်းပြီး ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးချေ။ ပြည်ပကုန်သွယ်ရေး၏ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေသည်။

 

zawgyi

အစားအစာထုတ္ကုန္အေရာင္းအဝယ္မ်ား အြန္လိုင္းသို႔ကူးေျပာင္း

COVID-19 ကူးစက္ေရာဂါျဖစ္ပြားစဥ္အတြင္း ေတာင္ကိုရီးယားသည္ အြန္လိုင္းအစားအစာထုတ္ကုန္အေရာင္းအဝယ္မ်ားတြင္ ၉၀% ေက်ာ္တိုးလာသည္ကိုေတြ႕ျမင္ခဲ့ရသည္။ တိုင္းျပည္မွ လူအခ်င္းခ်င္း ခပ္ခြာခြာ ေနျခင္း စည္းမ်ဥ္းအခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့သည့္တိုင္ ကုန္သြယ္ေရးႏွင့္ဆိုင္ေသာစိန္ေခၚမႈမ်ားကို ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္သည္။
အြန္လိုင္းေဈးေရာင္းသည့္ Emart Mall, SSG Mall, AK Mall, Galleria Mall, Lotte.com, Lotte Mart Mall, WeMakePrice, TicketMonster, Homeplus, eBay Korea, 11Street, Interpark, ႏွင့္ Coupang တို႔ အားလုံးစုစုေပါင္း ပမာဏ ၃၄.၄ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး အစားအစာထုတ္ကုန္မ်ား အြန္လိုင္းေရာင္းခ်သည့္ ပမာဏတန္ဖိုးသည္ ၉၂.၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။
ေတာင္ကိုရီးယားတြင္ လူအမ်ားတို႔သည္ ျဖစ္ႏိုင္သေ႐ြ႕ အိမ္ထဲမွာပဲ ေနထိုင္ၾကၿပီး လိုအပ္သည္တို႔ကို အြန္လိုင္းမွ မွာယူၾကသျဖင့္ ယခုလို ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျခင္းျဖစ္သည္ဟု ကုန္သြယ္ေရး၊ စက္မႈႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူပင္ ရပ္ကြက္မ်ားထဲ၌ ဖြင့္လွစ္ ေရာင္းခ်သည့္ စတိုးဆိုင္ငယ္မ်ားလည္း ေရာင္းအားတက္ခဲ့သည္။ လူအမ်ားတို႔သည္ စူပါမားကက္ႀကီးမ်ားသို႔ မသြားၾကဘဲ အနီးအနားရွိ စတိုးဆိုင္မွာပင္ ဝယ္ယူၾကသည္။ စတိုးဆိုင္မွာ မရႏိုင္သည္တို႔ကို အြန္လိုင္းမွ မွာယူၾကသည္။ တစ္နည္းဆိုရေသာ္ ကိုဗစ္ေၾကာင့္ အစားအစာ ထုတ္ကုန္ ဝယ္ယူမႈပုံစံ သိသိသာသာ ေျပာင္းလဲသြားျခင္း ျဖစ္သည္။
အစားအစာထုတ္ကုန္မ်ားတြင္ ျပည္ပမွ တင္သြင္းၿပီး ျဖည့္တင္းရသည့္ အမ်ိဳးအမည္မ်ား ရွိသည့္နည္းတူ ပိုလွ်ံသျဖင့္ ျပည္ပသို႔ တင္ပို႔ရသည္မ်ားလည္း ရွိသည္။ စားေသာက္ကုန္လုပ္ငန္းက႑တြင္ ကုန္ထုတ္လုပ္မႈ ၄၈.၇ ရာခိုင္ႏႈန္း ေလ်ာ့က်သြားသျဖင့္ အခ်ိဳ႕ထုတ္ကုန္မ်ား ေဈးတက္သည္။ ျပည္တြင္းမွ ထုတ္လုပ္ေသာ ဝက္သားသည္ ေဈးႏႈန္းသည္ ျပည္ပမွ တင္သြင္းသည့္ ဝက္သားေဈးႏႈန္း ႏွစ္ဆျဖစ္ေနသည္။
ဝက္သား လက္လီအေရာင္းေဈးႏႈန္းသည္ တစ္ကီလိုလွ်င္ 4,571 won (US$3.94) အထက္တြင္ ရွိသည္။ ၿပီးခဲ့သည့္ မတ္လတြင္ တစ္ကစ္လို 3,906 won ေဈးႏႈန္း ရွိခဲ့သည္။ ေဖေဖာ္ဝါရီလတုန္းက 3,368 won ျဖစ္သည္။ သို႔ျဖစ္ရာ ဧၿပီလေဈးႏႈန္းသည္ ၃၆ ရာခိုင္ႏႈန္း ခုန္တက္သြားျခင္း ျဖစ္သည္။ လူႀကိဳက္မ်ားေသာ ဝက္ဗိုက္သားသည္ တစ္ကီလို 18,546 won ‌ေဈးႏႈန္း ရွိသည္။
ျပည္တြင္း ဝက္သားစားသုံးမႈ ကီလိုပမာဏ စုစုေပါင္း၏ သုံးပုံတစ္ပုံကို ျပည္ပမွ တင္သြင္းၿပီး ျဖည့္တင္းသည္။ ေလာေလာဆယ္တြင္ ျပည္ပမွ ဝက္သား တင္သြင္းရန္ ပို႔ေဆာင္ေရး မလြယ္ကူေသးသျဖင့္ တင္သြင္းၿပီး ျဖည့္ဆည္းေပးႏိုင္ျခင္း မရွိေသးေခ်။ ျပည္ပကုန္သြယ္ေရး၏ စိန္ေခၚမႈတစ္ရပ္ ျဖစ္ေနေပသည္။

 

Read 1014 times
Rate this item
(0 votes)