Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသောကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာ

တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသောကြောင့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောဆိုချက်အရ သိရပါတယ်။

 

ရန်ကုန်မြို့  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၁၁ ရက်က ကြက်သွန်နီ ကားအစီးရေ ၂ဝ  ကျော်ဝင်ရောက်ပြီး ကြက်သွန်နီ  အောက်စတစ်ပိဿာလျှင် ငွေကျပ်  ၆၂၅ ကျပ်မှ ထိပ်စတစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ အထိ ဈေးနှုန်းရှိပြီး တစ်ပိဿာလျှင်  ငွေကျပ်   ၁၅ဝ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လာကြောင်း သိရပါတယ်။

 

''တရုတ်နိုင်ငံက ကြက်သွန်နီအဝယ်ရှိပေမယ့်  နယ်ဘက်က တင်ပို့ဖို့ ထိန်းထားတော့ အဝင်နည်းတဲ့အတွက် ဈေးတက်လာတယ်။အဲဒီအတွက် အရောင်းအဝယ်မကောင်းဘူး။ကားအစီးရေဝင်တာ များလာရင်   ဈေးနှုန်းပြန်အေး သွားမယ်'' ဟု  ဦးခင်ဟန် ကပြောကြားခဲ့ပါတယ်။

 

ယခင်က ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ်ကြက်သွန်နီ ကားအစီးရေ ၇ဝ မှ ၅ဝ ဝန်းကျင်အထိ ဝင်ရောက်လေ့ရှိကြောင်း သိရသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ ကြက် သွန်နီများ အဓိက ဝင်ရောက်လျက်ရှိပါတယ်။

 

ပြည်တွင်းမှ ထွက်ရှိသည့်  ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်မှ တစ်ဆင့် တင်ပို့လျက်ရှိပြီး   ဗီယက်နမ်နိုင်ငံသို့  ပင်လယ်ရေကြောင်းမှ တစ်ဆင့်  တင်ပို့ လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Saturday, 15 June 2019 16:11
Rate this item
(1 Vote)