Food & Livestock



မလေးရှားတွင် ဆန်အိတ်ပေါ်မှာ ဈေးနှုန်းစတစ်ကာ ကပ်ခြင်း ယာယီခွင့်ပြု

မလေးရှားတွင် ဆန်အိတ်ပေါ်မှာ ဈေးနှုန်းစတစ်ကာ ကပ်ခြင်း ယာယီခွင့်ပြု

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြည်ပမှ တင်သွင်းသော ဆန်ဖြူအိတ်များတွင် ဈေးနှုန်းစတစ်ကာများ ယာယီအသုံးပြုခွင့်ကို နိုဝင်ဘာ ၃၀ ရက်အထိ ခွင့်ပြုပေးထားသည်။

 

မကြာသေးမီက ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကုန်သည်များသည် အမြတ်ရရှိရန် ရည်ရွယ်ချက်ဖြင့်  စျေးနှုန်းစတစ်ကာအသစ်များကို ဆန်အိတ်များပေါ်မှ ကပ်ထားသည်ကို တင်ပြထားသည်။

 

စက်တင်ဘာလ ၁ ရက်တွင် ပြည်ပမှ တင်သွင်းသော ဆန်ဖြူဈေးနှုန်းကို မြှင့်တင် သတ်မှတ်ပေးခဲ့ရာ လက်ရှိ  ဆန်အိတ်များပေါ် ရိုက်နှိပ်ထားသည့် ဈေးနှုန်းများသည် ဈေးနှုန်းအဟောင်းဖြစ်နေသည်။ သို့ဖြစ်ရာ ဈေးနှုန်းအသစ်ကို စတစ်တာကပ်ပြီး ဖော်ပြရန် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ဝန်ကြီးဌာနနှင့် ဆန်လုပ်ငန်းရှင်များအကြား အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၎င်းဆုံးဖြတ်ချက်ကို ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆန်လက်ကားရောင်းချသူများ အနေဖြင့် ဆန်အိတ်ဟောင်းများကို အသစ်နှင့် အစားထိုးရန် လိုအပ်သည့် အချိန်နှင့် ကုန်ကျစရိတ်တို့ သက်သာစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဝန်ကြီးဌာနသည် ၁၉၉၄ ခုနှစ် စပါးနှင့် ဆန်အက်ဥပဒေပါ စည်းမျဉ်းများကို လိုက်နာရန် ဆန်လက်လီလက်ကား လိုင်စင်ကိုင်ဆောင်ထားသူအားလုံးကို တိုက်တွန်းထားသည်။

Source the star


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 27 September 2023 08:31
Rate this item
(0 votes)