Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

Unicode


တရုတ်နိုင်ငံက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား


တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။


အဆိုပါ ကမ်းလှမ်းမှုကို အစိုးရအချင်းချင်း ဥပဒေနဲ့အညီ တရားဝင် ကမ်းလှမ်းဝယ်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အသင်းအဖွဲ့များအနေနဲ့ ပိတ်ပင်လိုတဲ့ဆန္ဒမရှိကြောင်း ဦးရဲမင်းအောင်က ဆိုပါတယ်။


"ကျွန်တော်တို့အနေနဲ့က စပါးဟာ တွင်းထွက်ပစ္စည်းလည်း မဟုတ်ပါဘူး။ ၄ လ ၅ လ ပြန်ပြီးတော့ စိုက်နိုင်တယ်။ အဲ့တော့ တောင်သူလယ်သမားတွေအတွက် အကျိုးအမြတ်ရှိမယ် ဈေးကွက်ရှိမယ်ဆိုရင် ရောင်းချနိုင်တဲ့ အနေထားဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

 

Hotel Services & Training ဟိုတယ္ဝန္ေဆာင္မႈသင္တန္းေပါင္း ၃၁ ခုကို ရွာရန္ႏွိပ္ပါ။


ဒါပေမယ့် စပါးနဲ့ ဆန်ကို အပြန်အလှန်ပမာဏ ကန့်သတ်ပြီး အရောင်းအဝယ်ပြုလုပ်ဖို့လိုအပ်ကြောင်း၊ တရုတ်နိုင်ငံက ဆန်တန်ချိန် (၁) သိန်းဝယ်ရင် စပါးကိုလည်း တန်ချိန် (၁) သိန်း ပြန်ရောင်းနိုင်အောင် စီစဉ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။


"တစ်နည်းအားဖြင့်ဆိုရင် အပြန်အလှန်ပမာဏ သတ်မှတ်ပြီးတော့ အရောင်းအဝယ်လုပ်ဖို့ပါ။ ဘာလို့ဆို ဆန်ဈေးကွက်က တရုတ်ဈေးကွက် တစ်ခုထဲ ကျွန်တော်တို့မှီခိုတာ မဟုတ်ပါဘူး။ နိုင်ငံ (၆၀) ကို ရောင်းချနေတာပါ။ ဒီနိုင်ငံ (၆၀) ကို ဆန်ရောင်းပေးနိုင်ဖို့ဆိုတာ နိုင်ငံ (၆၀) မှာ တည်ဆောက်ထားတဲ့ ဝယ်သူနဲ့ ရောင်းသူကြားမှာ ဆက်ဆံရေးကို ကြည့်ရဖို့ရှိပါတယ်" လို့ ဦးရဲမင်းအောင်က ပြောပါတယ်။


ဒါ့အပြင် တရုတ်နိုင်ငံသာမက ဘယ်နိုင်ငံကိုမဆို စပါးတရားဝင် ရောင်းချမယ်ဆိုပါက ပြည်တွင်းစားသုံးသူများကိုလည်း ကြည့်ရမှာ ဖြစ်တာကြောင့် ၎င်းနိုင်ငံရဲ့ ပြည်တွင်းမှ ဆန်ဝယ်ယူမှုအပေါ် အခြေခံပြီး ညှိနှိုင်းရောင်းချသင့်ကြောင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အစိုးရသို့ အကြံပြုတင်ပြထားကြောင်း သိရပါတယ်။


 
Read More >>>>>  ပြင့္လင္းရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း က်ဆင္းႏုိင္


ဒါ့ပြင် ကြိတ်ခွဲမယ့် စပါးကို ၎င်းနိုင်ငံဘက်က ဝယ်ယူတဲ့ဆန်နဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရန်နဲ့ ၎င်းလို လုပ်ဆောင်ရာတွင်လည်း တရားဝင် ဆောင်ရွက်ရန် တင်ပြပြောဆိုထားကြောင်း သိရပါတယ်။


လက်ရှိ စပါးဝယ်ယူမှုကို ခွင့်ပြုထားခြင်းမရှိသေးပေမယ့်လည်း တရုတ်ကုန်သည်များက နယ်စပ်ဒေသများဆီ တိုက်ရိုက်ဆင်းကာ တရားမဝင် စပါးဝယ်ယူမှုများရှိခဲ့ပြီး ၎င်းအပေါ် ကုန်သည်များနဲ့ အသင်းအဖွဲ့များမှ ကန့်ကွက်မှုများလည်းရှိခဲ့ပါတယ်။

 

Source: The Fifth wave, Mizzima

 

 

 

တ႐ုတ္ႏုိင္ငံက ျမန္မာ့စပါးမ်ားကို တရားဝင္ ဝယ္ယူရန္ ကမ္းလွမ္းထား

 

တရုတ္နိုုုင္ငံ ယူနန္ျပည္နယ္အစိုးရက ျမန္မာ့စပါးမ်ားကို တရားဝင္ ဝယ္ယူရန္ ကမ္းလွမ္းထားေၾကာင္း ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာပါတယ္။

 


အဆိုပါ ကမ္းလွမ္းမႈကို အစိုးရအခ်င္းခ်င္း ဥပေဒနဲ႔အညီ တရားဝင္ ကမ္းလွမ္းဝယ္ယူျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႔ အသင္းအဖြဲ႔မ်ားအေနနဲ႔ ပိတ္ပင္လုိတဲ့ဆႏၵမရွိေၾကာင္း ဦးရဲမင္းေအာင္က ဆိုပါတယ္။

 


"ကၽြန္ေတာ္တို႔အေနနဲ႔က စပါးဟာ တြင္းထြက္ပစၥည္းလည္း မဟုတ္ပါဘူး။ ၄ လ ၅ လ ျပန္ၿပီးေတာ့ စိုက္နိုင္တယ္။ အဲ့ေတာ့ ေတာင္သူလယ္သမားေတြအတြက္ အက်ိဳးအျမတ္ရွိမယ္ ေစ်းကြက္ရွိမယ္ဆိုရင္ ေရာင္းခ်နိုင္တဲ့ အေနထားျဖစ္ပါတယ္" လုိ႔ ၎က ေျပာပါတယ္။

 

Hotel Services & Training ဟိုတယ္ဝန္ေဆာင္မႈသင္တန္းေပါင္း ၃၁ ခုကို ရွာရန္ႏွိပ္ပါ။

 


ဒါေပမယ့္ စပါးနဲ႔ ဆန္ကို အျပန္အလွန္ပမာဏ ကန္႔သတ္ၿပီး အေရာင္းအဝယ္ျပဳလုပ္ဖုိ႔လုိအပ္ေၾကာင္း၊ တရုတ္နိုင္ငံက ဆန္တန္ခ်ိန္ (၁) သိန္းဝယ္ရင္ စပါးကိုလည္း တန္ခ်ိန္ (၁) သိန္း ျပန္ေရာင္းနိုင္ေအာင္ စီစဥ္ရမွာျဖစ္ေၾကာင္း ဆိုပါတယ္။

 


"တစ္နည္းအားျဖင့္ဆိုရင္ အျပန္အလွန္ပမာဏ သတ္မွတ္ၿပီးေတာ့ အေရာင္းအဝယ္လုပ္ဖို႔ပါ။ ဘာလို႔ဆို ဆန္ေစ်းကြက္က တရုတ္ေစ်းကြက္ တစ္ခုထဲ ကြၽန္ေတာ္တို႔မွီခိုတာ မဟုတ္ပါဘူး။ ႏုိင္ငံ (၆၀) ကို ေရာင္းခ်ေနတာပါ။ ဒီနိုင္ငံ (၆၀) ကို ဆန္ေရာင္းေပးနိုင္ဖို႔ဆိုတာ နိုင္ငံ (၆၀) မွာ တည္ေဆာက္ထားတဲ့ ဝယ္သူနဲ႔ ေရာင္းသူၾကားမွာ ဆက္ဆံေရးကို ၾကည့္ရဖို႔ရွိပါတယ္" လို႔ ဦးရဲမင္းေအာင္က ေျပာပါတယ္။

 


ဒါ့အျပင္ တ႐ုတ္ႏုိင္ငံသာမက ဘယ္ႏုိင္ငံကုိမဆို စပါးတရားဝင္ ေရာင္းခ်မယ္ဆုိပါက ျပည္တြင္းစားသံုးသူမ်ားကိုလည္း ၾကည့္ရမွာ ျဖစ္တာေၾကာင့္ ၎ႏုိင္ငံရဲ႕ ျပည္တြင္းမွ ဆန္ဝယ္ယူမႈအေပၚ အေျခခံၿပီး ညွိႏႈိင္းေရာင္းခ်သင့္ေၾကာင္းကို ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ အစိုးရသို႔ အႀကံျပဳတင္ျပထားေၾကာင္း သိရပါတယ္။

 


 
Read More >>>>>  ပြင့္လင္းရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း က်ဆင္းႏုိင္

 


ဒါ႔ျပင္ ႀကိတ္ခြဲမယ့္ စပါးကို ၎ႏုိင္ငံဘက္က ဝယ္ယူတဲ့ဆန္နဲ႔ ညႇိႏႈိင္းၿပီးမွသာ ေဆာင္႐ြက္ရန္နဲ႔ ၎လုိ လုပ္ေဆာင္ရာတြင္လည္း တရားဝင္ ေဆာင္႐ြက္ရန္ တင္ျပေျပာဆိုထားေၾကာင္း သိရပါတယ္။

 


လက္ရွိ စပါးဝယ္ယူမႈကို ခြင့္ျပဳထားျခင္းမရွိေသးေပမယ့္လည္း တ႐ုတ္ကုန္သည္မ်ားက နယ္စပ္ေဒသမ်ားဆီ တိုက္႐ိုက္ဆင္းကာ တရားမဝင္ စပါးဝယ္ယူမႈမ်ားရွိခဲ့ၿပီး ၎အေပၚ ကုန္သည္မ်ားနဲ႔ အသင္းအဖြဲ႔မ်ားမွ ကန္႔ကြက္မႈမ်ားလည္းရွိခဲ့ပါတယ္။

 

Source: The Fifth wave, Mizzima

Read times Last modified on Tuesday, 18 February 2020 17:49
Rate this item
(1 Vote)