Food & Livestock



ဗီယက်နမ်က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် ဆန်ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးမည်

ဗီယက်နမ်က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် ဆန်ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးမည် 

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဆန်တင်ပို့ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင် Pham Minh Chinh က ပြောကြားသည်။

 

ဆော်ဒီအာရေဗျမှာ ကျင်းပသည့် အာဆီယံ-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေးတွင် မစ္စတာချင်က အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူ နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ဆန်အရောင်းအဝယ်အတွက် သဘောတူညီမှုများ ရရှိခဲ့သည်။

 

 ဗီယက်နမ်၏ အကြီးဆုံး ဆန်ဈေးကွက်ဖြစ်သည့် ဖိလစ်ပိုင်သည် ပြည်တွင်းဆန်ဈေးနှုန်းများကို အစိုးရက အများဆုံးဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ပြည်ပမှ ဆန်ကို ဈေးအမြင့်ဖြင့် တင်သွင်းရောင်းချရန်အတွက် တွက်ခြေမကိုက်သော ဈေးနှုန်းများ ဖြစ်နေသောကြောင့် ကုန်သည်များက ပြည်ပမှ ဆန်တင်သွင်းမှုများ ရပ်နားထားလိုက်ကြသည်။ ဗီယက်နမ်ဆန်ကိုလည်း အဝယ်ရပ်ထားလိုက်ကြသည်။ အစိုးရက အောက်တိုဘာလ ၄ ရက်တွင် ဈေးနှုန်းပြဋ္ဌာန်းချက် ရုပ်သိမ်းလိုက်သောအခါ ဗီယက်နမ်ဆန်ကို ပြန်ဝယ်ကြသည်။

 

ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်သည် ဖိလစ်ပိုင်သို့ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး တန်ဖိုးရှိ ဆန်တန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့ခဲ့သည်။

 

ယခုနှစ်အစောပိုင်းတွင် ဗီယက်နမ်ဆန် အပါအဝင် ဆန်တန်ချိန် ၅ သိန်း တင်သွင်းရန် အင်ဒိုနီးရှားက ဖိတ်ခေါ်ခဲ့သည်။ပထမကိုးလအတွင်း ဗီယက်နမ်ဆန် တန်ချိန် ၈၇၁,၀၀၀ တင်သွင်းခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်သည် ပထမ ကိုးလအတွင်း ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃.၇ ဘီလီယံနီးပါး ရရှိခဲ့သည်။ ပျမ်းမျှဆန်ဈေးမှာ တစ်တန်လျှင် ၅၅၃ ကန်ဒေါ်လာဖြစ်ပြီး အများဆုံး ဈေးနှုန်းသည် ကန်ဒေါ်လာ ၆၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

 Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 22 October 2023 09:48
Rate this item
(0 votes)