Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်နှင့်ဘဲများ ပို့ဆောင်ရောင်းချလာသည့် လမ်းကြောင်းများ သတင်းပို့ရန် ဒိုင်များကို ညွှန်ကြားထား

ရန်ကုန်တိုင်းရှိ ကြက်၊ ဘဲ ရောင်းချသည့် ဒိုင်များသို့ တင် ပို့ရောင်းချသည့် ကြက်နှင့် ဘဲများဝင်ရောက်ရာ

လမ်းကြောင်းကို သတင်းပို့ရန် ညွှန်ကြားထားကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနမှူး ဦးစံရွှေထွန်းက ပြောသည်။

 

မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဒိုင်၊ လှိုင်သာယာရှိ ကြက်ဘဲ၊ ဒိုင်တို့ကို ကြက်နှင့်ဘဲများ ၀င်ရောက်ရာ လမ်းကြောင်းကို သတင်းပို့ရန် ညွှန်ကြားထားပြီး ဈေးများအတွင်း ရောဂါပိုးဝင်ရောက်မှုမရှိစေရန် ပိုးသတ်ဆေးများဖျန်းကာ သန့်ရှင်းမှုရှိစေရန် အကြောင်းကြားထားခြင်းဖြစ်သည်။

 

‘‘ကျွန်တော်တို့ ကြားကတည်းက ဆေးတွေလိုက်ဖျန်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးပါပြီ။ မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးတို့၊ လှိုင်သာယာ ကြက်၊ ဘဲဈေးတို့ကို ကျွန်တော်တို့က အကုန်ညွှန်ကြားထားပြီးသားပါ။ ဘယ်ကလာလဲ၊ ဘယ်ကနေပို့လဲ အဲဒီဟာရယ် နောက်အဓိက ကတော့ သန့်ရှင်းရေးအပိုင်းကို အဓိကထားလုပ်ခိုင်းတာပေါ့’’ ဟု ၎င်းက ဆိုသည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(0 votes)