Food & Livestock



အင်ဒိုနီးရှား ‌၄ လတာ ဆန်ထွက်ရှိမှု တန်ချိန် ၂ သန်းကျော် လျော့နည်းမည် ခန့်မှန်း

အင်ဒိုနီးရှား ‌၄ လတာ ဆန်ထွက်ရှိမှု တန်ချိန် ၂ သန်းကျော် လျော့နည်းမည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယမန်နှစ်က မြန်မာဆန် ဒုတိယအများဆုံး တင်သွင်းခဲ့သော အင်ဒိုနီးရှားနိုင်ငံတွင် စပါးရိတ်သိမ်း ရာသီဖြစ်သည့် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာတွင် ယမန်နှစ်ထက် ဆန်တန်ချိန် ၂.၂၇ သန်း လျော့နည်းမည်ဟု ခန့်မှန်းထားပါသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ် တနှစ်တာတွင် ဆန် မက်ထရစ်တန် ၃၁.၁၀ ထုတ်လုပ်ခဲ့ပါသည်။ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာတွင် ဆန် မက်ထရစ်တန် ၁၂.၉၇ သန်း ထုတ်လုပ်ခဲ့ပါသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာတွင် ဆန် မပ်ထရစ်တန် ၁၀.၇၁ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Bureau of Statistics Indonesia မှ ပြောကြားပါသည်။

 

အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း လယ်သမားအချို့ စပါးစိုက်ပျိုးမှု ပျက်ပြားခဲ့ရသည်။ သို့ဖြစ်ရာ ဇန်နဝါရီမှ ဧပြီလအထိ ရိတ်သိမ်းရာသီတွင် စပါးထွက်ရှိရာ ဧရိယာများ ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားဖွယ်ရှိသည်။

 

“မစိုက်ပျိုးဖြစ်တဲ့ လယ်ဧရိယာ ပိုများတာကြောင့် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ရိတ်သိမ်းတဲ့ ပမာဏကို လျော့နည်းစေမှာပါ” ဟု အကြီးတန်းဗျူရိုအရာရှိ အမ် ဟာဘီဘူလာက ပြောကြားခဲ့သည်။

ထုတ်လုပ်မှု လျော့နည်းမည်ဟု မျှော်မှန်းချက်ကြောင့် ဆန်လက်လီဈေးနှုန်းများ မြင့်တက်လာသဖြင့် ဖေဖော်ဝါရီလတွင် ကုန်ဈေးန‌ှုန်းများ ကြိုတင်ခန့်မှန်းထားထက် ကျော်လွန်သွားသည်အထိ မြင့်တက်ကုန်သည်။ 

 

ကိန်းဂဏန်းစာရင်းများအရ ဆန် အဆင့်အတန်း အမျိုးအစားအားလုံး အကျုံးဝင်သော လက်လီဆန်စျေးနှုန်းညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် တစ်ကီလိုလျှင် ၁၅,၁၅၇ ရူပီယာ (ကန်ဒေါ်လာ ၀.၉၆၆၃) ဖြင့် ရပ်တည်ခဲ့ပြီး စံချိန်သစ်တင် အမြင့်ဆုံးဖြစ်ခဲ့သည်။

 

အင်ဒိုနီးရှားသည် မတ်လ ဒုတိယပတ်တွင် စတင်မည့် မွတ်စလင်လမြတ် ရမ်ဇာန်လ မတိုင်မီ ဝယ်လိုအား မြင့်မားလာမည့် မျှော်မှန်းထားသဖြင့် စျေးနှုန်းထိန်းရန်အတွက်  လူဦး‌ေရ သန်း ၂၇၀ တွင်  အများစု စားသုံးသော ဆန်များ ပြည်ပမှ တင်သွင်းမှုကို မြှင့်တင်နေသည်။

 

အစိုးရသည် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ယခုနှစ်အတွက် ပြည်ပမှ ဆန်တင်သွင်းရန် အတည်ပြုထားပြီးဖြစ်သည့် တန်ချိန် ၂ သန်းအပြင် နောက်ထပ် ဆန်တန်ချိန် ၁ ဒသမ ၆ သန်း ထပ်မံခွင့်ပြုထားသည်။ 

 

Source brecorder


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 March 2024 22:21
Rate this item
(0 votes)