Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်ဘက်မှ အဝယ်လိုက်၍ မိတ္ထီလာနွားပွဲဈေးတွင် နွားအကြီးများ အရောင်းသွက်

Unicode


မူဆယ်ဘက်မှ အဝယ်လိုက်၍ မိတ္ထီလာနွားပွဲဈေးတွင် နွားအကြီးများ အရောင်းသွက်


မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရပ်ကွက်တွင် နွားပွဲဈေးကို ငါးရက်တစ်ကြိမ် ပြုလုပ်လေ့ရှိရာ ယခုဈေးပတ်တွင် နွားအကြီးများ ရုတ်တရက် အရောင်းအဝယ်သွက်လာကြောင်း အဆိုပါနွားပွဲဈေးသို့ လာရောက်ကာ ရောင်းဝယ်ကြသော မွေးမြူရေးသမားများ၊ တောင်သူများနှင့် နွားပွဲစားများထံမှ သိရသည်။

 

"ဒီဈေးကစပြီး နွားအကြီးတွေ အဝယ်လိုက်လာတယ်။ ၁၅ သိန်း၊ ၁၆ သိန်းတန်တွေ။ ကျန်တဲ့အတန်းတွေကတော့ ပုံမှန်ပါပဲ။ နွားမဈေးတွေကတော့ ကျသွားတယ်။ အရင်ရှစ်သိန်းခွဲလောက်နွားကို ခြောက်သိန်း၊ အရင် ၁၀ သိန်းခွဲလောက်နွားကို ရှစ်သိန်းဆိုတော့ တစ်ကောင်ကို နှစ်သိန်းလောက် ကျသွားတယ်။ နွားပေါက်စတော့ ပုံမှန်ဈေး သုံးသိန်းခွဲ၊ လေးသိန်းပဲ" ဟု မိတ္ထီလာနွားပွဲဈေး၏ အရောင်းအဝယ်ခွန်ကောက်ခံရာ ဌာန (စနေတိုင်) တာဝန်ခံဦးမြင့်လွင်က ပြောကြားသည်။

 

food catagories

 

နွားအကြီးများ ရုတ်တရက်အဝယ်လိုက်လာခြင်းမှာ မူဆယ်ဘက်က ဝယ်ယူ၍ဖြစ်နိုင်ပြီး မိတ္ထီလာရှိ ဒေသခံ အဝယ်တော်များကို တစ်ဆင့်ခံ၍ မူဆယ်ဘက်က ဝယ်ယူခြင်းဖြစ်ကြောင်း၊ ယခုဈေးပတ်တွင် နွားအကြီးကောင်ရေ ငါးဆယ်ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နွားအကြီးအရောင်းအဝယ်ပါးခဲ့သော ယခင်ဈေးပတ်များတွင်မူ လေးကောင်၊ ငါးကောင်ဝန်းကျင်သာ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခု နွားပွဲဈေးပတ်တွင် အရွယ်မျိုးစုံ နွားကောင်ရေစုစုပေါင်း ၃၅၀ ခန့်အဝင်ရှိပြီး ၂၄၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း နွားပွဲဈေး၏ အရောင်းအဝယ်ခွန် ကောက်ခံရာဌာန (စနေတိုင်) ထံမှ စုံစမ်းသိရှိရသည်။

 

Read More >>>>>  ေျမပဲေတာင့္ သန္႔စင္လုပ္ငန္းမွ မိသားစု ပံုမွန္၀င္ေငြ ရရွိေန

 

"တောင်သူအများစုက နွားအငယ်တွေဝယ်ပြီး မွေးတယ်။ အတော်အသင့်အရွယ်ရောက်လာရင် ထုတ်ရောင်းတယ်။ ဒါပေမဲ့ အခုလို နွားမဈေးတွေကျလာတော့ ပြန်ရောင်းမယ့် တောင်သူတွေက တွက်ခြေမကိုက်ပြန်ဘူး။ နွားအကြီးတွေ အရောင်းအဝယ်ကောင်းသလို နွားအငယ်တွေလည်း ဈေးကောင်းပြီး အရောင်းအဝယ်ကောင်းမှ တောင်သူတွေ အဆင်ပြေနိုင်မယ် " ဟု မိတ္ထီလာမြို့အရှေ့ဘက် လေးမိုင်အကွာရှိ လက်ပံခေါင်းကျေးရွာမှ တောင်သူဦးဇော်ဝင်းကဆိုသည်။

 

Source: Voice

 

 

မူဆယ္ဘက္မွ အဝယ္လိုက္၍ မိတီၳလာႏြားပြဲေစ်းတြင္ ႏြားအႀကီးမ်ား အေရာင္းသြက္

 

မိတီၳလာၿမိဳ ႔၊ ေအာင္ဆန္းၿမိဳ ႔သစ္ရပ္ကြက္တြင္ ႏြားပြဲေစ်းကို ငါးရက္တစ္ႀကိမ္ ျပဳလုပ္ေလ့ရွိရာ ယခုေစ်းပတ္တြင္ ႏြားအႀကီးမ်ား ႐ုတ္တရက္ အေရာင္းအဝယ္သြက္လာေၾကာင္း အဆိုပါႏြားပြဲေစ်းသို႕ လာေရာက္ကာ ေရာင္းဝယ္ၾကေသာ ေမြးျမဴေရးသမားမ်ား၊ ေတာင္သူမ်ားႏွင့္ ႏြားပြဲစားမ်ားထံမွ သိရသည္။

 

"ဒီေစ်းကစၿပီး ႏြားအႀကီးေတြ အဝယ္လိုက္လာတယ္။ ၁၅ သိန္း၊ ၁၆ သိန္းတန္ေတြ။ က်န္တဲ့အတန္းေတြကေတာ့ ပံုမွန္ပါပဲ။ ႏြားမေစ်းေတြကေတာ့ က်သြားတယ္။ အရင္ရွစ္သိန္းခြဲေလာက္ႏြားကို ေျခာက္သိန္း၊ အရင္ ၁၀ သိန္းခြဲေလာက္ႏြားကို ရွစ္သိန္းဆုိေတာ့ တစ္ေကာင္ကို ႏွစ္သိန္းေလာက္ က်သြားတယ္။ ႏြားေပါက္စေတာ့ ပံုမွန္ေစ်း သံုးသိန္းခြဲ၊ ေလးသိန္းပဲ" ဟု မိတီၳလာႏြားပြဲေစ်း၏ အေရာင္းအဝယ္ခြန္ေကာက္ခံရာ ဌာန (စေနတိုင္) တာ၀န္ခံဦးျမင့္လြင္က ေျပာၾကားသည္။

 

food catagories

 

ႏြားအႀကီးမ်ား ႐ုတ္တရက္အဝယ္လိုက္လာျခင္းမွာ မူဆယ္ဘက္က ဝယ္ယူ၍ျဖစ္ႏိုင္ၿပီး မိတီၳလာရွိ ေဒသခံ အဝယ္ေတာ္မ်ားကို တစ္ဆင့္ခံ၍ မူဆယ္ဘက္က ဝယ္ယူျခင္းျဖစ္ေၾကာင္း၊ ယခုေစ်းပတ္တြင္ ႏြားအႀကီးေကာင္ေရ ငါးဆယ္ဝန္းက်င္ အေရာင္းအဝယ္ျဖစ္ခဲ့ၿပီး ႏြားအႀကီးအေရာင္းအဝယ္ပါးခဲ့ေသာ ယခင္ေစ်းပတ္မ်ားတြင္မူ ေလးေကာင္၊ ငါးေကာင္ဝန္းက်င္သာ အေရာင္းအဝယ္ရွိခဲ့ေၾကာင္း၊ ယခု ႏြားပြဲေစ်းပတ္တြင္ အရြယ္မ်ဳိးစံု ႏြားေကာင္ေရစုစုေပါင္း ၃၅၀ ခန္႕အဝင္ရွိၿပီး ၂၄၀ ခန္႕ အေရာင္း အဝယ္ျဖစ္ခဲ့ေၾကာင္း ႏြားပြဲေစ်း၏ အေရာင္းအဝယ္ခြန္ ေကာက္ခံရာဌာန (စေနတိုင္) ထံမွ စံုစမ္းသိရွိရသည္။

 

Read More >>>>>  ေျမပဲေတာင့္ သန္႔စင္လုပ္ငန္းမွ မိသားစု ပံုမွန္၀င္ေငြ ရရွိေန

 

"ေတာင္သူအမ်ားစုက ႏြားအငယ္ေတြဝယ္ၿပီး ေမြးတယ္။ အေတာ္အသင့္အရြယ္ေရာက္လာရင္ ထုတ္ေရာင္းတယ္။ ဒါေပမဲ့ အခုလို ႏြားမေစ်းေတြက်လာေတာ့ ျပန္ေရာင္းမယ့္ ေတာင္သူေတြက တြက္ေျခမကိုက္ျပန္ဘူး။ ႏြားအႀကီးေတြ အေရာင္းအဝယ္ေကာင္းသလို ႏြားအငယ္ေတြလည္း ေစ်းေကာင္းၿပီး အေရာင္းအဝယ္ေကာင္းမွ ေတာင္သူေတြ အဆင္ေျပႏိုင္မယ္ " ဟု မိတီၳလာၿမိဳ ႔အေရွ႔ဘက္ ေလးမိုင္အကြာရွိ လက္ပံေခါင္းေက်းရြာမွ ေတာင္သူဦးေဇာ္ဝင္းကဆိုသည္။

 

Source: Voice

Read times Last modified on Thursday, 06 February 2020 16:49
Rate this item
(0 votes)