Food & Livestock
ကိုဗစ်ကာလ အာရှဆန်ဈေး ဘာကြောင့်တက်ရသလဲ
ကိုဗစ်ကာလထဲမှာ ကမ္ဘာ့ကုန်သွယ်ရေးတွင် အခြားစိုက်ပျိုးထုတ်ကုန်များ ၅ မှ ၄၀ ရာခိုင်နှုန်းအထိ
ဈေးကျသော်လည်း ဆန်မှာ ၂၀၂၀ ခုနှစ် ဧပြီလကုန်တွင် ယခင်နှစ်ကထက် ၆၅ ရာခိုင်နှုန်း ဈေးတက်သွားသည်။
ဆန်ဈေးက ယခုလို ထူးခြားနေရသည်မှာ အာရှတစ်ခွင်မှာ ကိုဗစ်ကြောင့် အစိုးရတို့က lockdown ချကြသည့်အတွက် အကျိုးသက်ရောက်မှု ဖြစ်သည်။ ကမ္ဘာ့ဆန်ဈေးကွက်တွင် အကြီးမားဆုံး ဆန်တင်ပို့နိုင်ငံများ ဖြစ်ကြသည့် အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်တို့အပြင် ဆန်တင်ပို့သည့် အခြားနိုင်ငံများ ဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယား တို့သည် ပြည်ပတင်ပို့မှုကို ယာယီအားဖြင့် အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းဖြင့် ပြည်တွင်းဆန်ဖူလုံရေးကို ဦးစားပေးကြသည်။ ထိုင်းနိုင်ငံသည် ဒေသတွင်းအတွက် ဆန်တင်ပို့မှုူကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
ထိုအချိန်ကာလတွင် ဆန်တင်သွင်းသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့သည် ပြည်တွင်းအရန်ဆန် ထားရှိမှု ပမာဏကို မြှင့်တင်ကြသည်။ သို့ဖြစ်ရာ ပုံမှန်ထက် ပိုပြီး ဆန်ကို တင်သွင်းဖို့ ကြိူးပမ်းသည်။
ကမ္ဘာတစ်လွှား ဆန်တင်ပို့သည့် ပမာဏ၏ လေးပုံသုံးပုံသည် အာရှမှ အစပြုသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလျံ ဝန်းကျင် တင်ပို့ခဲ့သည်။
တရုတ်က ကစားပွဲကို ပြောင်းလဲစေသူ ဖြစ်လာ
==========
ယခုနှစ်အစမှာ တရုတ်နိုင်ငံက ဆန်ဝယ်လိုအား မြင့်တက်နေခြင်းက လယ်ယာထွက်ကုန်များအတွက် ကမ္ဘာ့စျေးနှုန်းများ မြင့်တက်ရာ အဓိကမောင်းနှင်အား ဖြစ်စေခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် တရုတ်အကောက်ခွန်စာရင်းအင်းများအရ ဆန်တင်သွင်းမှု၏ တန်ဖိုးသည် ၆၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စိုက်ပျိုးထုတ်ကုန်များ သွင်းကုန်တန်ဖိုးမှာ ၁၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဆန်စားသုံးသူနှင့် ထုတ်လုပ်သူဖြစ်သည့် တရုတ်သည် ၂၀၁၁ ခုနှစ်တွင် အသားတင်တင်သွင်းသူဖြစ်လာပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးတင်သွင်းသူ ဖြစ်လာသည်။ စပါးစိုက် ဧရိယာ ၃၀.၃၅ သန်းရှိသည့်အတွက် စပါးစိုက်ဧရိယာ ဟက်တာ ၄၃.၂ သန်း ရှိသည့် အိန္ဒိယပြီးလျှင် တရုတ်သည် ဒုတိယနေရာတွင် ရှိသည်။ သို့သော် တရုတ်သည် ဆန်အများဆုံးထွက်ရှိရာ နိုင်ငံဖြစ်ပြီး ထုတ်လုပ်မှု
မက်ထရစ်တန် ၁၄၈ သန်းရှိသည်၊ အိန္ဒိယသည် ၁၁၆ သန်းမက်ထရစ်တန် ထုတ်လုပ်သည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၁ ခုနှစ်တွင် အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်ပြီး ဒေါ်လာ ၇.၁ ဘီလီယံတန်ဖိုးရှိပြီး ကမ္ဘာ့ဆန်တင်ပို့မှု၏ ၃၂.၅ ရာခိုင်နှုန်း ရှိသည်။ တရုတ်သည်ဒေါ်လာ ၁.၁ ဘီလီယံ၊ ကမ္ဘာ့တင်ပို့မှု၏ ၄.၈ ရာခိုင်နှုန်းကိုသာတင်ပို့ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်သည် ဆန်တန်ချိန် ၄ ဒသမ ၃၃ သန်းတင်သွင်းခဲ့သည်။ အဓိကအားဖြင့်ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများမှတင်သွင်းသည်။ ပြည်တွင်းထွက်ဆန်များ၏ ဈေးနှုန်းသည် အရည်အသွေးချင်းတူသော တင်သွင်းသည့်ဆန်များထက် ဈေးပိုကြီးနေသောကြောင့် တင်သွင်းခြင်း ဖြစ်သည်။
၂၀၂၀ တွင် တရုတ်သည် ပြည်တွင်းဆန်ဖူလုံစေရေးအတွက် ယခင်နှစ်များကထက် ပိုမိုဝယ်ယူရန် အစီအစဉ်ရှိသည်။
ဆန်မူဝါဒများ
=======
ပြီးခဲ့သည့်နှစ်ဆေန်တင်ပို့မှု အများဆုံးစာရင်းမှာ အိန္ဒိယ၊ ထိုင်းနှင့် အမေရိကန်တို့ နောက်တွင် ရှိသော ဗီယက်နမ်သည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်နေသည်။ ယခင်နှစ်က ဒေါ်လာ ၁ ဒသမ ၄ ဘီလျံဖိုး တင်ပို့ခဲ့သည်။ းနိုင်ငံတကာဆန်တင်ပို့မှု၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဗီယက်နမ်သည် ဧပြီနှင့်မေလအတွက် ပြည်တွင်းသုံးစွဲရန် ဆန်များ လုံလောက်စေရန် ဆန်ပို့ကုန်ပမာဏကို ကန့်သတ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မူဘောင်အတွင်း ဗီယက်နမ်အစိုးရအနေဖြင့်အထူးအစိုးရထောက်ပံ့ရေး သဘောတူညီချက်များရရှိရန် ဒေသတွင်းဆန်တင်သွင်းသူများနှင့်နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဗီယက်နမ် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယဝန်ကြီး အဆိုအရ ဖိလစ်ပိုင် တင်သွင်းသည့် ဆန်များ၏ ၉၀ ရာခိုင်နှုန်းကို ဗီယက်နမ်နိုင်ငံမှ ရယူသည်။ ဆန်ပို့ကုန်ယာယီကန့်သတ်ချက်ကို ခြွင်းချက်ထားပြီး ဖိလစ်ပိုင်သို့ မက်ထရစ်တန်ချိန် ၁ ဒသမ ၂ သန်း ပေးပို့မည်ကို စောင့်ဆိုင်းနေသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား အပါအဝင် ပြည်ပဆန်တင်ပို့သူ ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်သော နိုင်ငံများနှင့် တင်ပို့မှုကို ကန့်သတ်ထားသည့် အခြားသောဒေသဆိုင်ရာတင်ပို့သူများကလည်း အလားတူ သဘောတူညီချက်များကို ဒေသတွင်း ဆန်အသားတင်တင်သွင်းသူများနှင့် ညှိနှိုင်းနေကြသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့်ထိုင်းနိုင်ငံသည် ဒေသတွင်းပြိုင်ဘက်များက အပြည်ပြည်ဆိုင်ရာ ဆန်အရောင်းအဝယ်ကို ယာယီပိတ်လိုက်သော်လည်း ဆက်လက် တင်ပို့ခဲ့သည်။ ပြီးခဲ့သည့်နှစ် နို ဝင်ဘာလမှ စတင်၍ ဆန်ထုတ်လုပ်မှုများ မတည်ငြိမ်သော မိုးခေါင်သည့်ကြားမှပင် ထိုင်းအစိုးရသည် ၎င်း၏ နှစ်စဉ်ပြည်ပတင်ပို့မှုရည်မှန်းချက် ပုံမှန်အားဖြင့် တန်ချိန် ၁၀ သန်းဝန်းကျင် ပြည့်မီရန် ဆန်ကို လုံလောက်စွာ စိုက်ပျိုးနိုင်ကြောင်း ကြေငြာခဲ့သည်။ သိုံသော် ဆန် အထွက်လျော့နည်းလိမ့်မည်ဟု ထင်ကြေးများ ထွက်ပေါ်သဖြင့် အာရှဆန်တင်ပို့မှုစံနှုန်းဖြစ်သော ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ထိုင်းဆန်ဖြူ ဈေးတက်ခဲ့သည်။ ယခုနှစ် ၂၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး ၇ နှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။
အိန္ဒိယနှင့်အခြားသော ဆန်ပို့ကုန်တင်ပို့သူများက ဆန်ပို့ကုန်ထိန်းချုပ်မှုကို ချမှတ်ခဲ့ကြသဖြင့် ယခုနှစ်အစတွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုအလားအလာမှ ာအတော်အတန်မှေးမှိန်နေခဲ့သော်လည်း Coronavirus ဖြစ်ပွားသည့်အချိန်တွင် လုံးလုံးလျားလျား အပြောင်းအလဲ ဖြစ်လာခဲ့သည်။
ပုံမှန်အားဖြင့် ထိုင်းနိုင်ငံမှ ဆန်အများစုကို တင်သွင်းသော ဟောင်ကောင်တွင် လူအများတို့ စိုးရိမ်ကြီးပြီး ဆန်များကို ဝယ်နေကျထက် ပိုမိုဝယ်ယူသိုလှောင်ကြသဖြင့် ဇန်နဝါရီမှမတ်လအထိ ထိုင်းဆန်ဈေး ၃၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိ တစ်လအတွင်း၌ပင် တရုတ်၏အထူးအုပ်ချုပ်ရေးဒေသ ဟောင်ကောင်သည် ဒေါ်လာ ၅၈ သန်းတန်ဖိုးရှိတန်ချိန် ၅၈၀၀၀ ခန့်တင်သွင်းခဲ့သည်။
ထိုင်းဆန်ဖြူသည်ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိပြီး ကျန်သည်တို့ကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဂျပန်နှင့်တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည်။ သို့တိုင်အောင် အဆိုပါဝယ်ဘူတင်သွင်းခြင်းများသည် ဝယ်လိုအားကိုဖြည့်ဆည်းရန် မလုံလောက်ခြင်းကြောင့်ဟောင်ကောင်အစိုးရအနေဖြင့် ဝယ်ယူသူတစ်ဦးလျှင် ဆန်တစ်အိတ်ကိုသာ ဝယ်ယူရန် ကန့်သတ်ထားရသည်။
အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးနှင့်လူ ဦး ရေ ၂၇၃ သန်းရှိသည့် အင်ဒိုနီးရှား ကဲ့သို့သော ဒေသတွင်းအသားတင်တင်သွင်းသူများအတွက် အစိုးရသည် ယခုနှစ်ဆန်သိုလှောင်မှုသည် ယခုနှစ်ခန့်မှန်းခြေစားသုံးမှုထက် ကျော်လွန်ရန် သေချာသည်။ “ Bulog” ဟု လူသိများသော အင်ဒိုနီးရှားအစိုးရ၏ ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ ( State Logistics Agency) သည် ဆန်တင်သွင်းမှု မလုံလောက်မှုအပေါ် စိုးရိမ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကုစားနည်းတစ်ခုအနေဖြင့် Bulog သည် ယခုနှစ်စပါးကို တိုးမြှင့်နိုင်ရန် ဒေသခံလယ်သမားများထံမှ မက်ထရစ်တန်ချိန် ၉၅၀,၀၀၀ ထပ်မံဝယ်ယူရန် စီစဉ်နေသည်။ အေဂျင်စီအနေဖြင့် အစောပိုင်းက ပြည်တွင်းအရန်ဆန် သိုလှောင်မှုသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆန်တန်ချိန် ၂ ဒသမ ၂၅ သန်း ရှိနေခဲ့ပြီး ၂၀၂၀ ခုနှစ် တစ်လျှောက်တွင် တန်ချိန် ၁ ဒသမ ၃ သန်းသို့လျှော့ချကာ ဆန်အကောင်းစား ပြည်ပတင်ပို့မှုကို ဆန်တန်ချိန် ၅ သိန်း တင်ပို့ရန် ရည်မှန်းထားသည်။ ဤရည်မှန်းချက်သည် ယခုနှစ်တွင် ဖြစ်လာနိုင်ဖွယ် မရှိချေ။
အသားတင်တင်သွင်းသူဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းလူ ဦး ရေတိုးတက်မှုနှုန်း အမြင့်မားဆုံး ဖြစ်နေခြင်းနှင့်အတူ လူ ဦး ရေ ၁၀၉ သန်း ရှိသဖြင့် အရှေ့တောင်အာရှတွင် လူ ဦး ရေ ဒုတိယအများဆုံး ဖြစ်သည်။ အစိုးရသည် အစားအစာဖူလုံရေးအစီအစဉ်များအတွက် ဒေါ်လာသန်း ၆၀၀ ကျော် ရန်ပုံငွေများကို အရေးပေါ်ခွဲဝေ ချထားပေးသည်။ ဆန်စပါး ယှဉ်ပြိုင်နိုင်မှု တိုးမြှင့်ရေး ရန်ပုံငွေ (RCEF) မျိုးစေ့အစီအစဉ်သည် မျိုးစေ့ ဖြန့်ဖြူးခြင်းလုပ်ငန်း ဒုတိယမြောက်နှစ် ရောက်ပြီ ဖြစ်သည်။ ယခုနှစ် မိုးရာသီတွင် မျိုးစပါး ကီလို ၂၀ ပါ အိတ်၂.၅ သန်းခန့်ကို လယ်သမားများအား ဖြန့်ဖြူးမည် ဖြစ်သည်။ ထိုမျိုးစပါး အထောက်အပံ့ ရယူသော လယ်သမားများသည် ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် လက်ဆေးကြောသန့်စင်ရန်၊ မျက်နှာစည်းများ ဝတ်ရန်၊ ကိုယ်ခန္ဓာအပူချိန် တိုင်းတာရန် အစရှ်ိသည်တို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။
thediplomat.com
zawgyi
ကိုဗစ္ကာလ အာရွဆန္ေဈး ဘာေၾကာင့္တက္ရသလဲ
ကိုဗစ္ကာလထဲမွာ ကမာၻ႔ကုန္သြယ္ေရးတြင္ အျခားစိုက္ပ်ိဳးထုတ္ကုန္မ်ား ၅ မွ ၄၀ ရာခိုင္ႏႈန္းအထိ ေဈးက်ေသာ္လည္း ဆန္မွာ ၂၀၂၀ ခုႏွစ္ ဧၿပီလကုန္တြင္ ယခင္ႏွစ္ကထက္ ၆၅ ရာခိုင္ႏႈန္း ေဈးတက္သြားသည္။
ဆန္ေဈးက ယခုလို ထူးျခားေနရသည္မွာ အာရွတစ္ခြင္မွာ ကိုဗစ္ေၾကာင့္ အစိုးရတို႔က lockdown ခ်ၾကသည့္အတြက္ အက်ိဳးသက္ေရာက္မႈ ျဖစ္သည္။ ကမာၻ႔ဆန္ေဈးကြက္တြင္ အႀကီးမားဆုံး ဆန္တင္ပို႔ႏိုင္ငံမ်ား ျဖစ္ၾကသည့္ အိႏၵိယ၊ တ႐ုတ္၊ ဗီယက္နမ္တို႔အျပင္ ဆန္တင္ပို႔သည့္ အျခားႏိုင္ငံမ်ား ျဖစ္ေသာ ျမန္မာႏွင့္ ကေမာၻဒီးယား တို႔သည္ ျပည္ပတင္ပို႔မႈကို ယာယီအားျဖင့္ အခ်ိန္အကန႔္အသတ္မရွိ ရပ္ဆိုင္းထားျခင္းျဖင့္ ျပည္တြင္းဆန္ဖူလုံေရးကို ဦးစားေပးၾကသည္။ ထိုင္းႏိုင္ငံသည္ ေဒသတြင္းအတြက္ ဆန္တင္ပို႔မႈူကို ဆက္လက္ေဆာင္႐ြက္ေပးခဲ့သည္။
ထိုအခ်ိန္ကာလတြင္ ဆန္တင္သြင္းသည့္ အင္ဒိုနီးရွား၊ မေလးရွား၊ ဖိလစ္ပိုင္တို႔သည္ ျပည္တြင္းအရန္ဆန္ ထားရွိမႈ ပမာဏကို ျမႇင့္တင္ၾကသည္။ သို႔ျဖစ္ရာ ပုံမွန္ထက္ ပိုၿပီး ဆန္ကို တင္သြင္းဖို႔ ႀကိဴးပမ္းသည္။
ကမာၻတစ္လႊား ဆန္တင္ပို႔သည့္ ပမာဏ၏ ေလးပုံသုံးပုံသည္ အာရွမွ အစျပဳသည္။ ၿပီးခဲ့သည့္ႏွစ္က အေမရိကန္ေဒၚလာ ၁၆ ဒသမ ၄ ဘီလ်ံ ဝန္းက်င္ တင္ပို႔ခဲ့သည္။
တ႐ုတ္က ကစားပြဲကို ေျပာင္းလဲေစသူ ျဖစ္လာ
ယခုႏွစ္အစမွာ တ႐ုတ္ႏိုင္ငံက ဆန္ဝယ္လိုအား ျမင့္တက္ေနျခင္းက လယ္ယာထြက္ကုန္မ်ားအတြက္ ကမာၻ႔ေစ်းႏႈန္းမ်ား ျမင့္တက္ရာ အဓိကေမာင္းႏွင္အား ျဖစ္ေစခဲ့သည္။ ၂၀၂၀ ျပည့္ႏွစ္ ပထမသုံးလပတ္တြင္ တ႐ုတ္အေကာက္ခြန္စာရင္းအင္းမ်ားအရ ဆန္တင္သြင္းမႈ၏ တန္ဖိုးသည္ ၆၀.၃ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး စိုက္ပ်ိဳးထုတ္ကုန္မ်ား သြင္းကုန္တန္ဖိုးမွာ ၁၇ ဒသမ ၄ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။
ကမာၻ႔အႀကီးဆုံး ဆန္စားသုံးသူႏွင့္ ထုတ္လုပ္သူျဖစ္သည့္ တ႐ုတ္သည္ ၂၀၁၁ ခုႏွစ္တြင္ အသားတင္တင္သြင္းသူျဖစ္လာၿပီး ၂၀၁၂ ခုႏွစ္တြင္ ကမာၻ႔အႀကီးဆုံးတင္သြင္းသူ ျဖစ္လာသည္။ စပါးစိုက္ ဧရိယာ ၃၀.၃၅ သန္းရွိသည့္အတြက္ စပါးစိုက္ဧရိယာ ဟက္တာ ၄၃.၂ သန္း ရွိသည့္ အိႏၵိယၿပီးလွ်င္ တ႐ုတ္သည္ ဒုတိယေနရာတြင္ ရွိသည္။ သို႔ေသာ္ တ႐ုတ္သည္ ဆန္အမ်ားဆုံးထြက္ရွိရာ ႏိုင္ငံျဖစ္ၿပီး ထုတ္လုပ္မႈ
မက္ထရစ္တန္ ၁၄၈ သန္းရွိသည္၊ အိႏၵိယသည္ ၁၁၆ သန္းမက္ထရစ္တန္ ထုတ္လုပ္သည္။ မည္သို႔ပင္ဆိုေစကာမူ ၂၀၁၁ ခုႏွစ္တြင္ အိႏၵိယသည္ ကမာၻ႔အႀကီးဆုံးဆန္တင္ပို႔သူျဖစ္ၿပီး ေဒၚလာ ၇.၁ ဘီလီယံတန္ဖိုးရွိၿပီး ကမာၻ႔ဆန္တင္ပို႔မႈ၏ ၃၂.၅ ရာခိုင္ႏႈန္း ရွိသည္။ တ႐ုတ္သည္ေဒၚလာ ၁.၁ ဘီလီယံ၊ ကမာၻ႔တင္ပို႔မႈ၏ ၄.၈ ရာခိုင္ႏႈန္းကိုသာတင္ပို႔ခဲ့သည္။
ကမာၻ႔အလ်င္ျမန္ဆုံးတိုးတက္ ၂၀၁၅ ခုႏွစ္မွစ၍ ဆန္တင္ပို႔သူ
၂၀၁၇ ခုႏွစ္တြင္ တ႐ုတ္သည္ ဆန္တန္ခ်ိန္ ၄ ဒသမ ၃၃ သန္းတင္သြင္းခဲ့သည္။ အဓိကအားျဖင့္ထိုင္းႏွင့္ဗီယက္နမ္ႏိုင္ငံမ်ားမွတင္သြင္းသည္။ ျပည္တြင္းထြက္ဆန္မ်ား၏ ေဈးႏႈန္းသည္ အရည္အေသြးခ်င္းတူေသာ တင္သြင္းသည့္ဆန္မ်ားထက္ ေဈးပိုႀကီးေနေသာေၾကာင့္ တင္သြင္းျခင္း ျဖစ္သည္။
၂၀၂၀ တြင္ တ႐ုတ္သည္ ျပည္တြင္းဆန္ဖူလုံေစေရးအတြက္ ယခင္ႏွစ္မ်ားကထက္ ပိုမိုဝယ္ယူရန္ အစီအစဥ္ရွိသည္။
ဆန္မူဝါဒမ်ား
ၿပီးခဲ့သည့္ႏွစ္ေဆန္တင္ပို႔မႈ အမ်ားဆုံးစာရင္းမွာ အိႏၵိယ၊ ထိုင္းႏွင့္ အေမရိကန္တို႔ ေနာက္တြင္ ရွိေသာ ဗီယက္နမ္သည္ လက္ရွိတြင္ ကမာၻ႔အႀကီးဆုံးဆန္တင္ပို႔သူျဖစ္ေနသည္။ ယခင္ႏွစ္က ေဒၚလာ ၁ ဒသမ ၄ ဘီလ်ံဖိုး တင္ပို႔ခဲ့သည္။ းႏိုင္ငံတကာဆန္တင္ပို႔မႈ၏ ၅ ရာခိုင္ႏႈန္းခန႔္ရွိသည္။
မည္သို႔ပင္ဆိုေစကာမူ ဗီယက္နမ္သည္ ဧၿပီႏွင့္ေမလအတြက္ ျပည္တြင္းသုံးစြဲရန္ ဆန္မ်ား လုံေလာက္ေစရန္ ဆန္ပို႔ကုန္ပမာဏကို ကန႔္သတ္ခဲ့သည္။ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ထိန္းသိမ္းရန္ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) မူေဘာင္အတြင္း ဗီယက္နမ္အစိုးရအေနျဖင့္အထူးအစိုးရေထာက္ပံ့ေရး သေဘာတူညီခ်က္မ်ားရရွိရန္ ေဒသတြင္းဆန္တင္သြင္းသူမ်ားႏွင့္ႏွစ္ႏိုင္ငံညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့သည္။
ဗီယက္နမ္ စိုက္ပ်ိဳးေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ဒုတိယဝန္ႀကီး အဆိုအရ ဖိလစ္ပိုင္ တင္သြင္းသည့္ ဆန္မ်ား၏ ၉၀ ရာခိုင္ႏႈန္းကို ဗီယက္နမ္ႏိုင္ငံမွ ရယူသည္။ ဆန္ပို႔ကုန္ယာယီကန႔္သတ္ခ်က္ကို ႁခြင္းခ်က္ထားၿပီး ဖိလစ္ပိုင္သို႔ မက္ထရစ္တန္ခ်ိန္ ၁ ဒသမ ၂ သန္း ေပးပို႔မည္ကို ေစာင့္ဆိုင္းေနသည္။ ျမန္မာႏိုင္ငံႏွင့္ ကေမာၻဒီးယား အပါအဝင္ ျပည္ပဆန္တင္ပို႔သူ ထိပ္တန္း ၁၀ ႏိုင္ငံတြင္ ပါဝင္ေသာ ႏိုင္ငံမ်ားႏွင့္ တင္ပို႔မႈကို ကန႔္သတ္ထားသည့္ အျခားေသာေဒသဆိုင္ရာတင္ပို႔သူမ်ားကလည္း အလားတူ သေဘာတူညီခ်က္မ်ားကို ေဒသတြင္း ဆန္အသားတင္တင္သြင္းသူမ်ားႏွင့္ ညႇိႏႈိင္းေနၾကသည္။
ကမာၻ႔ဒုတိယအႀကီးဆုံး ဆန္တင္ပို႔သည့္ထိုင္းႏိုင္ငံသည္ ေဒသတြင္းၿပိဳင္ဘက္မ်ားက အျပည္ျပည္ဆိုင္ရာ ဆန္အေရာင္းအဝယ္ကို ယာယီပိတ္လိုက္ေသာ္လည္း ဆက္လက္ တင္ပို႔ခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ႏို ဝင္ဘာလမွ စတင္၍ ဆန္ထုတ္လုပ္မႈမ်ား မတည္ၿငိမ္ေသာ မိုးေခါင္သည့္ၾကားမွပင္ ထိုင္းအစိုးရသည္ ၎၏ ႏွစ္စဥ္ျပည္ပတင္ပို႔မႈရည္မွန္းခ်က္ ပုံမွန္အားျဖင့္ တန္ခ်ိန္ ၁၀ သန္းဝန္းက်င္ ျပည့္မီရန္ ဆန္ကို လုံေလာက္စြာ စိုက္ပ်ိဳးႏိုင္ေၾကာင္း ေၾကျငာခဲ့သည္။ သိုံေသာ္ ဆန္ အထြက္ေလ်ာ့နည္းလိမ့္မည္ဟု ထင္ေၾကးမ်ား ထြက္ေပၚသျဖင့္ အာရွဆန္တင္ပို႔မႈစံႏႈန္းျဖစ္ေသာ ဆန္ကြဲ ၅ ရာခိုင္ႏႈန္းပါ ထိုင္းဆန္ျဖဴ ေဈးတက္ခဲ့သည္။ ယခုႏွစ္ ၂၅ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္ခဲ့ၿပီး ၇ ႏွစ္တာအတြင္း အျမင့္ဆုံးေဈးႏႈန္း ျဖစ္သည္။
အိႏၵိယႏွင့္အျခားေသာ ဆန္ပို႔ကုန္တင္ပို႔သူမ်ားက ဆန္ပို႔ကုန္ထိန္းခ်ဳပ္မႈကို ခ်မွတ္ခဲ့ၾကသျဖင့္ ယခုႏွစ္အစတြင္ ထိုင္းႏိုင္ငံ၏ဆန္တင္ပို႔မႈအလားအလာမွ ာအေတာ္အတန္ေမွးမွိန္ေနခဲ့ေသာ္လည္း Coronavirus ျဖစ္ပြားသည့္အခ်ိန္တြင္ လုံးလုံးလ်ားလ်ား အေျပာင္းအလဲ ျဖစ္လာခဲ့သည္။
ပုံမွန္အားျဖင့္ ထိုင္းႏိုင္ငံမွ ဆန္အမ်ားစုကို တင္သြင္းေသာ ေဟာင္ေကာင္တြင္ လူအမ်ားတို႔ စိုးရိမ္ႀကီးၿပီး ဆန္မ်ားကို ဝယ္ေနက်ထက္ ပိုမိုဝယ္ယူသိုေလွာင္ၾကသျဖင့္ ဇန္နဝါရီမွမတ္လအထိ ထိုင္းဆန္ေဈး ၃၀.၃ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။ ဇန္နဝါရီမွ ေဖေဖာ္ဝါရီလအထိ တစ္လအတြင္း၌ပင္ တ႐ုတ္၏အထူးအုပ္ခ်ဳပ္ေရးေဒသ ေဟာင္ေကာင္သည္ ေဒၚလာ ၅၈ သန္းတန္ဖိုးရွိတန္ခ်ိန္ ၅၈၀၀၀ ခန႔္တင္သြင္းခဲ့သည္။
ထိုင္းဆန္ျဖဴသည္ေဒၚလာ ၃၇ သန္းတန္ဖိုးရွိၿပီး က်န္သည္တို႔ကို ဗီယက္နမ္၊ ကေမာၻဒီးယား၊ ဂ်ပန္ႏွင့္တ႐ုတ္ႏိုင္ငံမွ ဝယ္ယူခဲ့သည္။ သို႔တိုင္ေအာင္ အဆိုပါဝယ္ဘူတင္သြင္းျခင္းမ်ားသည္ ဝယ္လိုအားကိုျဖည့္ဆည္းရန္ မလုံေလာက္ျခင္းေၾကာင့္ေဟာင္ေကာင္အစိုးရအေနျဖင့္ ဝယ္ယူသူတစ္ဦးလွ်င္ ဆန္တစ္အိတ္ကိုသာ ဝယ္ယူရန္ ကန႔္သတ္ထားရသည္။
အေရွ႕ေတာင္အာရွ၏ အႀကီးဆုံး စီးပြားေရးႏွင့္လူ ဦး ေရ ၂၇၃ သန္းရွိသည့္ အင္ဒိုနီးရွား ကဲ့သို႔ေသာ ေဒသတြင္းအသားတင္တင္သြင္းသူမ်ားအတြက္ အစိုးရသည္ ယခုႏွစ္ဆန္သိုေလွာင္မႈသည္ ယခုႏွစ္ခန႔္မွန္းေျခစားသုံးမႈထက္ ေက်ာ္လြန္ရန္ ေသခ်ာသည္။ “ Bulog” ဟု လူသိမ်ားေသာ အင္ဒိုနီးရွားအစိုးရ၏ ေထာက္ပံ့ပို႔ေဆာင္ေရးေအဂ်င္စီ ( State Logistics Agency) သည္ ဆန္တင္သြင္းမႈ မလုံေလာက္မႈအေပၚ စိုးရိမ္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ကုစားနည္းတစ္ခုအေနျဖင့္ Bulog သည္ ယခုႏွစ္စပါးကို တိုးျမႇင့္ႏိုင္ရန္ ေဒသခံလယ္သမားမ်ားထံမွ မက္ထရစ္တန္ခ်ိန္ ၉၅၀,၀၀၀ ထပ္မံဝယ္ယူရန္ စီစဥ္ေနသည္။ ေအဂ်င္စီအေနျဖင့္ အေစာပိုင္းက ျပည္တြင္းအရန္ဆန္ သိုေလွာင္မႈသည္ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ဆန္တန္ခ်ိန္ ၂ ဒသမ ၂၅ သန္း ရွိေနခဲ့ၿပီး ၂၀၂၀ ခုႏွစ္ တစ္ေလွ်ာက္တြင္ တန္ခ်ိန္ ၁ ဒသမ ၃ သန္းသို႔ေလွ်ာ့ခ်ကာ ဆန္အေကာင္းစား ျပည္ပတင္ပို႔မႈကို ဆန္တန္ခ်ိန္ ၅ သိန္း တင္ပို႔ရန္ ရည္မွန္းထားသည္။ ဤရည္မွန္းခ်က္သည္ ယခုႏွစ္တြင္ ျဖစ္လာႏိုင္ဖြယ္ မရွိေခ်။
အသားတင္တင္သြင္းသူျဖစ္သည့္ ဖိလစ္ပိုင္ႏိုင္ငံသည္ ေဒသတြင္းလူ ဦး ေရတိုးတက္မႈႏႈန္း အျမင့္မားဆုံး ျဖစ္ေနျခင္းႏွင့္အတူ လူ ဦး ေရ ၁၀၉ သန္း ရွိသျဖင့္ အေရွ႕ေတာင္အာရွတြင္ လူ ဦး ေရ ဒုတိယအမ်ားဆုံး ျဖစ္သည္။ အစိုးရသည္ အစားအစာဖူလုံေရးအစီအစဥ္မ်ားအတြက္ ေဒၚလာသန္း ၆၀၀ ေက်ာ္ ရန္ပုံေငြမ်ားကို အေရးေပၚခြဲေဝ ခ်ထားေပးသည္။ ဆန္စပါး ယွဥ္ၿပိဳင္ႏိုင္မႈ တိုးျမႇင့္ေရး ရန္ပုံေငြ (RCEF) မ်ိဳးေစ့အစီအစဥ္သည္ မ်ိဳးေစ့ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ဒုတိယေျမာက္ႏွစ္ ေရာက္ၿပီ ျဖစ္သည္။ ယခုႏွစ္ မိုးရာသီတြင္ မ်ိဳးစပါး ကီလို ၂၀ ပါ အိတ္၂.၅ သန္းခန႔္ကို လယ္သမားမ်ားအား ျဖန႔္ျဖဴးမည္ ျဖစ္သည္။ ထိုမ်ိဳးစပါး အေထာက္အပံ့ ရယူေသာ လယ္သမားမ်ားသည္ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရးအတြက္ လက္ေဆးေၾကာသန႔္စင္ရန္၊ မ်က္ႏွာစည္းမ်ား ဝတ္ရန္၊ ကိုယ္ခႏၶာအပူခ်ိန္ တိုင္းတာရန္ အစရွ္ိသည္တို႔ကို လုပ္ေဆာင္ရမည္ ျဖစ္သည္။
thediplomat.com



