Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်ပိတ်ရက်နောက်ပိုင်း ကုန်စည်ပို့ဆောင်ရေးယာဉ်များ နှောင့်နှေးမှုမရှိစေရန် ကြိုတင်ပြင်ဆင်မည်

သင်္ကြန်ပိတ်ရက်များတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ရပ်နားမည်ဖြစ်ရာ ပြန်လည်လည်ပတ်မှု

မနှောင့်နှေးစေရန် ကြိုတင်ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်မျးအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

သင်္ကြန်မှာ ငါးရက်ပိတ်လိုက်တဲ့အတွက် အကျိုးသက်ရောက်မှု နည်းနည်းတော့ရှိပါတယ်။ ဒါကလည်း ကုန်စည်စီးဆင်းမှုပုံမှန်ကနေ ငါးရက်ပိတ်ပြီး ပြန်လုပ်ရတာဆိုတော့ နှောင့်နှေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။

 

နယ်ပြန်တဲ့ယာဉ်မောင်းတွေက ကားလက်မှတ်အခက်အခဲတွေရှိမယ်။ ဒီကိုပြန်မရောက်တာရှိမယ်။ အဲဒါတွေကို အချိန်မီလည်ပတ်ဖို့ ကြိုတင်အသိပေးပြီး ပြင်ဆင်ထားပါတယ်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်မျးအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းအပြင် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ နယ်စပ်ဂိတ်များဖြစ်တဲ့ မူဆယ်၊ ရွှေလီ၊ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်းအပါအ၀င် နိုင်ငံအတွင်း ကုန်စည်စီးဆင်းမှုများပါ ရပ်နားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ရိုးရာ သင်္ကြန်တွင် နှစ်စဉ်နှစ်တိုင်း ကုန်ဈေးနှုန်းကြီးမြင့်မှုသည် ကုန်စည်ပို့ဆောင်ရေးနှင့် မသက်ဆိုင်ဘဲ ကုန်ဝယ်လိုအား ရောင်းလိုအားပေါ် အခြေခံခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 16:55
Rate this item
(1 Vote)