Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဘက်မှဝင်လာသောအာလူးကို လက်လီသမားဝယ်လက်များ ပိုမိုကြိုက်နှစ်သက်သဖြင့် ပြည်တွင်းမှထွက်သော အာလူးများ ဈေးနှုန်းကျဆင်း

တရုတ်နိုင်ငံမှ အာလူးများ နေ့စဉ်အများအပြား ၀င်ရောက်လျက်ရှိရာ တရုတ်နိုင်ငံထွက် အာလူးများကို

လက်လီသမားများက ပိုမိုကြိုက်နှစ်သက်ခြင်းကြောင့် ပြည်တွင်းမှ ထွက်ရှိသည့် အာလူးဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ အာလူးအစုအဖွဲ့ဥက္ကဋ္ဌထံမှ သိရပါတယ်။

 

တရုတ်နိုင်ငံမှထွက်ရှိသည့် အာလူးသည် ပြည်တွင်းဈေးကွက်သို့ နေ့စဉ် ဆယ်ဘီးကားများဖြင့် နယ်စပ်လမ်းကြောင်းများမှ ၀င်ရောက်နေပြီး အရည်အသွေးနှင့် ဈေးနှုန်းအရ ကွာခြားမှုရှိသဖြင့် ဈေးကွက်မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အာလူးဈေးကွက် အခြေအနေမကောင်းတာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းကပါ။ တရုတ်ဘက်က အာလူးနေ့တိုင်းအ၀င်ရှိတယ်။ သူတို့ဆီက အာလူးတွေက အမြင်လည်းလှတယ်။ အခွံကွာတာလည်းမရှိတော့ လက်လီသမားတွေက ပိုကြိုက်ကြတယ်ဟု သိရပါတယ်။

 

ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း နောင်တရားမြို့နယ်တွင် အာလူးတစ်ပိဿာလျင် ငွေကျပ် ၁၀၀ မှ ၄၅၀ အထိ ဈေးနှုန်းရရှိ၍ တရုတ်အာလူးနှင့် ဈေးကွက်ချင်းမယှဉ်နိုင်သောကြောင့် ပြည်တွင်းရှိ အာလူးစိုက်တောင်သူတချို့ စိုက်ပျိုးမှုရပ်နား ထားရကြောင်း သိရပါတယ်။

 

ယင်းသို့ ဈေးကွက်ချင်းမယှဉ်ပြိုင်နိုင်ခြင်းက ပြည်တွင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တရုတ်နိုင်ငံထက် နှစ်ဆခန့်ပိုမိုများပြားနေပြီး သွင်းအားစုများ၏ ဈေးနှုန်းများလျော့ရန် လိုအပ်သကဲ့သို့ တရားမ၀င် ကုန်သွယ်သည့်လမ်းကြောင်းများကိုလည်း တားမြစ်ပေးသင့်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ရှမ်းပြည်နယ်တွင် အာလူးကို နောင်တရား၊ ဟိုပုံးမြို့နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ပင်းတယ၊ ဆင်ဖြူကျွန်းစသည့် ဒေသအများအပြားတွင်လည်း စိုက်ပျိုးကြကာ မန္တလေးမြို့မှတစ်ဆင့် ရေနံချောင်းမြို့သို့လည်းကောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးသို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:30
Rate this item
(1 Vote)