Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်မှဝင်လာသည့် ကြက်သွန်နီများ ရောင်းအားကောင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမြင့်နေသောကြောင့်

တရုတ်မှဝင်လာသည့် ကြက်သွန်နီများမှာ ပိုမိုရောင်းအားကောင်းလာကြောင်း မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံပိုင်ရှင်ထံမှ သိရပါတယ်။

 

ပြည်တွင်းကြက်သွန်နီမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးပြီးအထွက်နည်းသည့်အတွက် ဈေးနှုန်းမြင့်တက် လာကြောင်း၊ ယခင်က တရုတ်ကြက်သွန်နီကို အသုံးနည်းသော်လည်း ယခုအခါ ပြည်တွင်းကြက်သွန်နီ မှာ ကုန်ဝယ်ဒိုင်တွင် ငွေကျပ် ၂၄၀၀၊ ၂၈၀၀၊ ၃၀၀၀ အထိ ရှိနေပြီး တရုတ်ကြက်သွန်နီမှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ သာရှိသဖြင့် တရုတ်ကြက်သွန်နီကိုသာ သုံးလာကြကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

 

ယင်း တရုတ်ကြက်သွန်နီကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကြက်သွန်ကြော် လုပ်ငန်းများတွင် အများဆုံး အသုံးပြုကြကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:26
Rate this item
(1 Vote)