Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖျာပုံမြို့တွင် ယခုလအတွင်း ငါးကွမ်းရှပ်ငါးစျေးကောင်းရရှိ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ငါးများ ယခုလတွင်းစျေးကောင်းရရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလာကြောင်း ဖျာပုံမြို့နယ်ရှိ ငါးအဝယ်ဒိုင်များထံမှ သိရသည်။.

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ငါးစျေးကွက်တွင် ငါးကွမ်းရှပ် တစ်ပိဿာစျေးနှုန်းမှာ ငွေကျပ် ၁၆၀၀၀ ခန့်သာရှိခဲ့ပြီး ယခုအောက်တိုဘာလဆန်းမှ ယနေ့ထိ တစ်ပိဿာ ငွေကျပ် ၁၈၀၀၀ သို့ စျေးအနည်းငယ် စတက်လာခဲ့ကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ငါး စျေးတက်လာခြင်း‌ကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ရောင်း‌ဝယ်ရေးဒိုင်များ အရောင်းအဝယ်သွက်လက် အဆင်ပြေလာကြောင်း သိရသည်။

 Taw-Win-Yadanar_1.jpg

“ဖျာပုံငါးစျေးကွက်မှာ ငါးကွမ်းရှပ်စျေးနှုန်းက အထွက်နှုန်းနဲ့ ဝယ်လိုအားလိုက်တယ်။ စျေးနှုန်းပြောင်းလဲလေ့ ရှိပေမဲ့လဲ အခုလို ကထိန်အလှူကာလတွေမှာ ပုံမှန်ထက် စျေးကောင်းရလာတာပါ။ အရင်က တစ်ပိဿာ ၁၂၀၀၀၊ ၁၃၀၀၀ အများဆုံးပါပဲ။ အစ်မတို့ဒိုင်မှာတော့ တစ်ပိဿာ ၁၈၀၀၀ ထိရောင်းရတယ်။ တစ်ခြားဒိုင်တွေမှာတော့ တစ်ပိဿာ ၂၀၀၀၀ ထိ ရောင်းချနေရတာတွေရှိတယ်။ နယ်အစုံက အဝယ်များနေတာပါ။ စျေးကောင်းရရှိတော့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေပါတယ်” ဟု ဖျာပုံမြို့နယ်ရှိ ငါးအဝယ်ဒိုင်ပိုင်ရှင် ကပြောပြသည်။

 

အဆိုပါ ငါးကွမ်းရှပ်မှာ အကြေးခွံမဲ့ ငါးတစ်မျိုးဖြစ်ပြီး ကိုယ်ထည့်ပြား၍ အရိုးနည်းပြီး အရသာရှိကြောင်း၊ ငါးကွမ်းရှပ် ငါးအမျိုးအစားသည် မြန်မာ့ပင်လယ်ပြင်တွင် တစ်နှစ်ပတ်လုံး ဖမ်းဆီးရမိလေ့ရှိသော်လည်း ယခုကဲ့သို့ အောက်တိုဘာလတွင် ပုံမှန်ထက် ဖမ်းဆီးရမိလေ့ရှိကြောင်းဖျာပုံမြို့ရှိ ငါးအဝယ်ဒိုင်များထံမှ သိရသည်။

 

Source: YDNP

Read times Last modified on Thursday, 03 November 2022 13:34
Rate this item
(0 votes)