Food & Livestock
ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း
ပြည်ပ တင်ပို့ရန်နှင့် နိုင်ငံတော် အရန်ဆန် ဝယ်ယူသည့် အစီအစဉ်ကြောင့်
ဆန်ဝယ်လိုအား များနေရာ ဧရာဝတီတိုင်း ဒေသကြီး၌ နွေစပါးဈေးနှုန်းမှာ အမြင့်ဈေးသို့ ရောက်ရှိနေကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မိုးစပါးပေါ်ချိန်တွင် အကြမ်းစပါး ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် အနိမ့်ဆုံး ၄ သိန်း ၅ သောင်းကျပ်မှ အမြင့်ဆုံး ၅ သိန်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိ နွေစပါး ရာသီတွင် စပါးဈေးမှာ အနိမ့်ဆုံး ၅ သိန်း ၇ သောင်းမှ ၆ သိန်း ၃ သောင်းအထိ မြင့်တက်ခဲ့ကြောင်း ဆန်စပါး ကုန်သည်များထံက သိရသည်။
မြောင်းမြမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ဒု ဥက္ကဋ္ဌ အောင်ခေတ်မီ ဆန်စက်ပိုင်ရှင် ဦးရွှေထွန်းက“ဒီနှစ်က စစ်ကိုင်း တိုင်း ရွှေဘိုဘက်မှာ ရေကို စိုက်ပျိုးရေးအတွက် မပေးဘဲ လျှပ်စစ်အတွက်သုံးတော့ ရွှေဘိုနယ်ဘက်မှာ အများစုက နွေစပါး မစိုက်ဖြစ်ဘူး။ အဲဒီအတွက်ကြောင့် ဧရာဝတီတိုင်းက ထွက်တဲ့ နွေစပါးက ဝယ်လိုအား ပိုလာတယ်။ အရန်ဆန် ဝယ်တာကလည်း ရှိနေတဲ့အတွက် စပါးဈေးက မနှစ်ကထက်စာရင် ပိုမြောက်နေတာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြော သည်။
လက်ရှိတွင် ဧရာဝတီတိုင်း၌ ဆန်ကြမ်းအုပ်စုဝင် သီးထပ်ရင် စပါးမှာ တင်း ၁၀၀ လျှင် ၅ သိန်း ၇ သောင်း၊ ပခန်း စပါးမှာ ၆ သိန်း ၁ သောင်းနှင့် ဆင်းသုခ စပါးမှာ ၆ သိန်း ၃ သောင်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ယမန်နှစ် နွေစပါးရာသီက တင်း ၁၀၀ လျှင် ငွေကျပ် ၄ သိန်း ၇ သောင်းဝန်းကျင်သာ ရှိခဲ့သဖြင့် လက်ရှိ ပေါက်ဈေးမှာ ယမန်နှစ်ထက် ကာလတူ ပေါက်ဈေးထက် အနည်းဆုံး ကျပ် ၁ သိန်း ပိုမိုဈေးမြင့်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုထက် ပိုလျှံသော ဆန်များကို ပြည်ပသို့ ပမာဏ အကန့်အသတ်ဖြင့် လစဉ်တင်ပို့နေပြီး လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဝယ်လိုအားများနေသည့်အတွက် ဆန်ဈေးကောင်းနေကြောင်း၊ ယင်းအကျိုးဆက်အရ စပါးဈေးများ မြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က “ကမ္ဘာမှာလည်း COVID – 19 ဖြစ်နေတော့ စား နပ်ရိက္ခာအတွက် အရေးကြီးတဲ့အတွက် အော်ဒါတွေ များတယ်၊ ကမ္ဘာ့ဝယ်လိုအားများတော့ ဆန်ဈေးကောင်း လာတယ်။ ဆန်ဈေးကောင်းလို့ စပါးဈေးလည်း ကောင်းလာတာ ဖြစ်ပါတယ်။ စပါးဈေး ကောင်းတော့ တောင်သူလယ်သမားတွေ ပိုပြီး အကျိုးဖြစ်ထွန်းတာ ဝမ်းသာပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှုများ ရှိနေသလို ပြည်တွင်း၌လည်း ပြည်ထောင်စု အစိုးရက နိုင်ငံတော် သမ္မတ၏ အရေး ပေါ် ရန်ပုံငွေ ၃၈ ဘီလီယံကျပ် အသုံးပြု၍ အရန်ဆန် (ဧည့်မထဆန် ၂၅ မှတ်) တန်ချိန် ၅၀၀၀၀ နှင့် စားအုန်းဆီ စားအုံး ဆီ တန်ချိန် ၁၂,၀၀၀ ကို ဧပြီလကုန်ပိုင်းမှ စတင်၍ ဝယ်ယူ သိုလှောင်နေကြောင်း သိရသည်။
ထိုသို့ အရန်ဆန် ဝယ်ယူရာတွင် ပြည်ပသို့ ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆန်လုပ်ငန်းရှင်များမှ ပြည်ပသို့ တင်ပို့ ရောင်းချမည့် ဆန်တန်ချိန် ပမာဏ၏ ၁၀ ရာခိုင်နှုန်းအား နိုင်ငံတော် အစိုးရထံ ပြန်လည်ပေးသွင်း ရောင်းချစေသည့် နည်းဖြင့် ဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် နွေစပါးရာသီတွင် ဆန်ဝယ်လိုအားမှာ ပြည်တွင်းရော ပြည်ပကပါ မြင့်တက်နေသည့်အတွက် စပါးဈေးနှုန်းများလည်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ကန်ကြီးထောင့် မြို့နယ် သရက်ကွင်း ရေကျော်ကြီးကျေးရွာမှ လယ်သမား ဦးညိုအေးက“မနှစ်က နွေစပါးနဲ့ မိုးစပါးမှာ စပါးဈေးက ၅ သိန်းအောက်ဆိုတော့ ကျနော်အပါအဝင် လယ်သမားတွေ တော်တော် များများ ရှုံးကြတယ်။ အခုနှစ် စပါး ဈေးနှုန်းက ကျနော်တို့လယ်သမားတွေ အတွက် အရမ်း အဆင်ပြေတယ်။ ဒီနွစပါးမှ စပါးဈေးမကောင်းရင်လည်း လယ်သမားတွေ အကုန် မွဲပြီ။ ဒီလို စပါးဈေး ကောင်းအောင် နိုင်ငံတော် အစိုးရအနေနဲ့ အစဉ်တစိုက် ဆောင်ရွက်ပေးစေ ချင်တယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၃ သန်းကျော် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်သည့် လူဦးရေ ၄ သန်းကျော်မှာ လယ်ယာ လုပ်ငန်းကို အဓိက အားထားလုပ်ကိုင်သည့် လယ်သမား မိသားစုများ ဖြစ်သည်။
တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၆ ခု၌ မိုးစပါး စိုက်ဧကပေါင်း ၃ ဒသမ ၇ သန်းကျော် ရှိပြီး နွေစပါး စိုက်ဧက ၁ ဒသမ ၄ သန်းခန့် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။
burma.irrawaddy.com
zawgyi
ဝယ္လိုအားမ်ား၍ ဧရာဝတီတိုင္း၌ စပါးေဈးေကာင္း
ျပည္ပ တင္ပို႔ရန္ႏွင့္ ႏိုင္ငံေတာ္ အရန္ဆန္ ဝယ္ယူသည့္ အစီအစဥ္ေၾကာင့္ ဆန္ဝယ္လိုအား မ်ားေနရာ ဧရာဝတီတိုင္း ေဒသႀကီး၌ ေႏြစပါးေဈးႏႈန္းမွာ အျမင့္ေဈးသို႔ ေရာက္ရွိေနေၾကာင္း သတင္း ရရွိသည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ မိုးစပါးေပၚခ်ိန္တြင္ အၾကမ္းစပါး ေဈးႏႈန္းမွာ တင္း ၁၀၀ လွ်င္ အနိမ့္ဆုံး ၄ သိန္း ၅ ေသာင္းက်ပ္မွ အျမင့္ဆုံး ၅ သိန္းက်ပ္ ဝန္းက်င္သာ ေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိ ေႏြစပါး ရာသီတြင္ စပါးေဈးမွာ အနိမ့္ဆုံး ၅ သိန္း ၇ ေသာင္းမွ ၆ သိန္း ၃ ေသာင္းအထိ ျမင့္တက္ခဲ့ေၾကာင္း ဆန္စပါး ကုန္သည္မ်ားထံက သိရသည္။
ေျမာင္းျမၿမိဳ႕နယ္ ဆန္စက္ပိုင္ရွင္မ်ားအသင္း ဒု ဥကၠ႒ ေအာင္ေခတ္မီ ဆန္စက္ပိုင္ရွင္ ဦးေ႐ႊထြန္းက“ဒီႏွစ္က စစ္ကိုင္း တိုင္း ေ႐ႊဘိုဘက္မွာ ေရကို စိုက္ပ်ိဳးေရးအတြက္ မေပးဘဲ လွ်ပ္စစ္အတြက္သုံးေတာ့ ေ႐ႊဘိုနယ္ဘက္မွာ အမ်ားစုက ေႏြစပါး မစိုက္ျဖစ္ဘူး။ အဲဒီအတြက္ေၾကာင့္ ဧရာဝတီတိုင္းက ထြက္တဲ့ ေႏြစပါးက ဝယ္လိုအား ပိုလာတယ္။ အရန္ဆန္ ဝယ္တာကလည္း ရွိေနတဲ့အတြက္ စပါးေဈးက မႏွစ္ကထက္စာရင္ ပိုေျမာက္ေနတာ ျဖစ္တယ္” ဟု ဧရာဝတီကို ေျပာ သည္။
လက္ရွိတြင္ ဧရာဝတီတိုင္း၌ ဆန္ၾကမ္းအုပ္စုဝင္ သီးထပ္ရင္ စပါးမွာ တင္း ၁၀၀ လွ်င္ ၅ သိန္း ၇ ေသာင္း၊ ပခန္း စပါးမွာ ၆ သိန္း ၁ ေသာင္းႏွင့္ ဆင္းသုခ စပါးမွာ ၆ သိန္း ၃ ေသာင္းဝန္းက်င္ ေပါက္ေဈး ရွိေနေၾကာင္း သိရသည္။
ယမန္ႏွစ္ ေႏြစပါးရာသီက တင္း ၁၀၀ လွ်င္ ေငြက်ပ္ ၄ သိန္း ၇ ေသာင္းဝန္းက်င္သာ ရွိခဲ့သျဖင့္ လက္ရွိ ေပါက္ေဈးမွာ ယမန္ႏွစ္ထက္ ကာလတူ ေပါက္ေဈးထက္ အနည္းဆုံး က်ပ္ ၁ သိန္း ပိုမိုေဈးျမင့္ေနျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္း စားနပ္ရိကၡာ ဖူလုံမႈထက္ ပိုလွ်ံေသာ ဆန္မ်ားကို ျပည္ပသို႔ ပမာဏ အကန႔္အသတ္ျဖင့္ လစဥ္တင္ပို႔ေနၿပီး လက္ရွိ ကမာၻ႔ဆန္ေဈးကြက္တြင္ ဆန္ဝယ္လိုအားမ်ားေနသည့္အတြက္ ဆန္ေဈးေကာင္းေနေၾကာင္း၊ ယင္းအက်ိဳးဆက္အရ စပါးေဈးမ်ား ျမင့္တက္လာျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္က ေျပာသည္။
ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ အတြင္းေရးမႉး ဦးလူေမာ္ျမင့္ေမာင္က “ကမာၻမွာလည္း COVID – 19 ျဖစ္ေနေတာ့ စား နပ္ရိကၡာအတြက္ အေရးႀကီးတဲ့အတြက္ ေအာ္ဒါေတြ မ်ားတယ္၊ ကမာၻ႔ဝယ္လိုအားမ်ားေတာ့ ဆန္ေဈးေကာင္း လာတယ္။ ဆန္ေဈးေကာင္းလို႔ စပါးေဈးလည္း ေကာင္းလာတာ ျဖစ္ပါတယ္။ စပါးေဈး ေကာင္းေတာ့ ေတာင္သူလယ္သမားေတြ ပိုၿပီး အက်ိဳးျဖစ္ထြန္းတာ ဝမ္းသာပါတယ္” ဟု ေျပာသည္။
လက္ရွိတြင္ ျပည္ပသို႔ ဆန္တင္ပို႔မႈမ်ား ရွိေနသလို ျပည္တြင္း၌လည္း ျပည္ေထာင္စု အစိုးရက ႏိုင္ငံေတာ္ သမၼတ၏ အေရး ေပၚ ရန္ပုံေငြ ၃၈ ဘီလီယံက်ပ္ အသုံးျပဳ၍ အရန္ဆန္ (ဧည့္မထဆန္ ၂၅ မွတ္) တန္ခ်ိန္ ၅၀၀၀၀ ႏွင့္ စားအုန္းဆီ စားအုံး ဆီ တန္ခ်ိန္ ၁၂,၀၀၀ ကို ဧၿပီလကုန္ပိုင္းမွ စတင္၍ ဝယ္ယူ သိုေလွာင္ေနေၾကာင္း သိရသည္။
ထိုသို႔ အရန္ဆန္ ဝယ္ယူရာတြင္ ျပည္ပသို႔ ပို႔ကုန္လိုင္စင္ ေလွ်ာက္ထားသည့္ ဆန္လုပ္ငန္းရွင္မ်ားမွ ျပည္ပသို႔ တင္ပို႔ ေရာင္းခ်မည့္ ဆန္တန္ခ်ိန္ ပမာဏ၏ ၁၀ ရာခိုင္ႏႈန္းအား ႏိုင္ငံေတာ္ အစိုးရထံ ျပန္လည္ေပးသြင္း ေရာင္းခ်ေစသည့္ နည္းျဖင့္ ဝယ္ယူေနျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုႏွစ္ ေႏြစပါးရာသီတြင္ ဆန္ဝယ္လိုအားမွာ ျပည္တြင္းေရာ ျပည္ပကပါ ျမင့္တက္ေနသည့္အတြက္ စပါးေဈးႏႈန္းမ်ားလည္း ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။
ကန္ႀကီးေထာင့္ ၿမိဳ႕နယ္ သရက္ကြင္း ေရေက်ာ္ႀကီးေက်း႐ြာမွ လယ္သမား ဦးညိဳေအးက“မႏွစ္က ေႏြစပါးနဲ႔ မိုးစပါးမွာ စပါးေဈးက ၅ သိန္းေအာက္ဆိုေတာ့ က်ေနာ္အပါအဝင္ လယ္သမားေတြ ေတာ္ေတာ္ မ်ားမ်ား ရႈံးၾကတယ္။ အခုႏွစ္ စပါး ေဈးႏႈန္းက က်ေနာ္တို႔လယ္သမားေတြ အတြက္ အရမ္း အဆင္ေျပတယ္။ ဒီႏြစပါးမွ စပါးေဈးမေကာင္းရင္လည္း လယ္သမားေတြ အကုန္ မြဲၿပီ။ ဒီလို စပါးေဈး ေကာင္းေအာင္ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ အစဥ္တစိုက္ ေဆာင္႐ြက္ေပးေစ ခ်င္တယ္” ဟု ေျပာသည္။
ဧရာဝတီတိုင္း ေဒသႀကီးတြင္ လူဦးေရ ၆ ဒသမ ၃ သန္းေက်ာ္ ရွိသည့္အနက္ ၇၀ ရာခိုင္ႏႈန္း ဝန္းက်င္ျဖစ္သည့္ လူဦးေရ ၄ သန္းေက်ာ္မွာ လယ္ယာ လုပ္ငန္းကို အဓိက အားထားလုပ္ကိုင္သည့္ လယ္သမား မိသားစုမ်ား ျဖစ္သည္။
တိုင္းေဒသႀကီး အတြင္းရွိ ခ႐ိုင္ ၆ ခု၌ မိုးစပါး စိုက္ဧကေပါင္း ၃ ဒသမ ၇ သန္းေက်ာ္ ရွိၿပီး ေႏြစပါး စိုက္ဧက ၁ ဒသမ ၄ သန္းခန႔္ ရွိေၾကာင္း ဧရာဝတီတိုင္း ေဒသႀကီး အစိုးရအဖြဲ႕႐ုံး စာရင္းမ်ားအရ သိရသည္။
burma.irrawaddy.com



